အပေါက်တွေနဲ့ ထူးဆန်းတဲ့ရေနွေးခွက်

ကမ္ဘာပေါ်မှာ အိုးခွက်ပန်းကန်တွေကို ကြွေထည်မြေထည်တွေနဲ့ ပြုလုပ်ကြပါတယ်။

“သောက်လို့ရရင်ပြီးရော ဘာနဲ့မဆိုရပါတယ်ကွာ” လို့ပြောမယ့်လူတွေလည်း မပြောခင် ဒီခွက်လေးကို အရင်ကြည့်လိုက်ပါဦးနော်။

OLYMPUS DIGITAL CAMERA

https://grapee.jp/542400

 

“အဲ၊ ရေနွေးကြမ်းခွက်က အပေါက်တွေနဲ့ပါလား။ ဒီထဲကိုရေနွေးကြမ်း ဘယ်လိုထည့်မလဲဆိုတာ စဥ်းစားလို့ကိုမရဘူး”

ဒါပေမယ့် ရေနွေးကြမ်းထည့်လိုက်ရင် ဒီလိုမျိုးလေးမြင်ရမှာပါ။

https://grapee.jp/542400

 

အပေါက်ထဲကနေ ယိုဖိတ်နေတာလည်း မရှိဘူးနော်။

အတွင်းဘက်ကိုကြည့်လိုက်တော့လည်း …

OLYMPUS DIGITAL CAMERA

https://grapee.jp/542400

အပေါက်တွေရှိနေတာပါပဲ…

အဲဒီလိုခွက်တွေကို Nagasaki ခရိုင် Hasami မြို့မှာ ပြုလုပ်တာဖြစ်ပါတယ်။

Hasamiyaki လို့ခေါ်တဲ့ဒေသရဲ့ ကြွေထည်ပစ္စည်းတွေက စိတ်ဝင်စားဖို့ကောင်းတယ်လို့ နာမည်ကြီးတာမျိုးမရှိခဲ့တဲ့အတွက် ခေတ်နဲ့အညီ ပုံစံအမျိုးမျိုး၊ ဒီဇိုင်းအမျိုးမျိုးနဲ့ သူမတူအောင်ထူးခြားတဲ့အရာတွေကို ဖန်တီးကြတာဖြစ်ပါတယ်။

စကားမစပ် Hasami မြို့က ဒီလိုပုံစံမျိုးလေးပါ။

https://grapee.jp/542400

အဲ့ဒီ Hasami မြို့ရဲ့ ထူးခြားချက်ကတော့ 水晶彫(すいしょうぼり)ဆူအိဂျောဘရိ လို့ခေါ်တဲ့ နည်းပညာဖြစ်ပါတယ်။

ကြွေထည်မှာအပေါက်တွေရှိနေရတဲ့ လျှို့ဝှက်ချက်က မမြင်နိုင်တဲ့ကျောက်အကြည်ကိုသုံးပြီး အလွှာလေးတစ်လွှာကို ဖန်တီးထားတာဖြစ်ပါတယ်။

ဒီလိုဆိုရင် အပေါက်ပေါက်နေတာမဟုတ်ဘဲ အကြည်ရောင်အလွှာလေး ရှိနေလို့ပေါ့နော်။

ဖန်နဲ့လုပ်ထားတာမဟုတ်ဘဲ ကြွေထည်ပစ္စည်းမှာပဲ ဖောက်ထွင်းမြင်နိုင်အောင်လို့ ဖန်တီးထားတာက Hasami မြို့ရဲ့ ထူးခြားတဲ့နည်းပညာဖြစ်ပါတယ်။

တစ်ခုချင်း တစ်ခုချင်းစီကို လက်နဲ့အပေါက်လေးတွေဖန်တီးပြီး အကြည်ရောင် crystal လေးတွေကို လိုက်ဖြည့်လိုက်တာဖြစ်ပါတယ်။ အဲဒီ အကြည်ရောင် crystal လေးတွေက ဘာတွေလဲဆိုတာကိုတော့ တိတိကျကျ ဖော်ပြထားတာမျိုးမရှိပါဘူး။

ဒီလို ခွက်လှလှလေးနဲ့ ရေနွေးသောက်ရမယ်ဆိုရင် တော်တော်လေး စိတ်ကျေနပ်မိမှာပဲနော်။

တစ်စုံရဲ့ တန်ဖိုးက ဘယ်လောက်လဲဆိုတော့…..

ခွက်နဲ့အောက်ခံပန်းကန်ပြား 1 စုံကို ကျပ် ၁၀,၀၀၀ ဝန်းကျင်လောက်ရှိပါတယ်။

တချို့အတွက်တော့ ဈေးကြီးတယ်ဆိုပေမယ့် လက်မှုပစ္စည်းဖြစ်တဲ့အပြင် ခွက်ရဲ့လှပဆန်းသစ်မှုကို ထည့်တွက်လိုက်ရင် ဈေးသက်သာတယ်လို့ပဲ ပြောရမှာပါ။

ပုံစံတွေ အမျိုးမျိုးရှိပေမယ့် ဆာကူရာပန်းပွင့်ပုံစံလေးက တော်တော်လေးလှတယ်နော်။

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link ထဲမှာ ဝယ်ယူလို့ရတယ်နော် …

https://www.grape-shop.jp/fs/grape/TS_001

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: