FA တွေအတွက် ဖုန်းကာဗာ

အလုပ်ဖိစီးမှုတွေကြောင့် တော်တော်လေးကို ပင်ပန်းတယ်နော်…

ဒါတွေကို ကုသပေးဖို့ ဘေးနားမှာချစ်စရာကောင်းတဲ့ ချစ်သူလေးတစ်ယောက်တော့ လိုပါတယ်။

ချစ်သူကောင်မလေးရဲ့လက်ကို ဆုပ်ကိုင်ထားလိုက်ရင် စိတ်ဖိစီးမှုတွေအကုန်လုံးပျောက်ကွယ်သွားဆိုတဲ့ သူတွေရှိမယ်ထင်တယ်နော် ? ? ?

https://dateplanning.jp/4169/

ဒါပေမယ့် FA ဖြစ်နေလို့ ဒီလိုဆုပ်ကိုင်ရမယ့် လက်တစ်စုံမရှိဘူးဖြစ်နေတယ် ….

ဒီလိုကုသမှုတွေလိုချင်တဲ့သင့်အတွက် ဒီလိုအမိုက်စားဖုန်းကာဗာတွေ ပေါ်ထွက်လာပါပြီ!

https://dateplanning.jp/4169/

ဘာကြီးလဲ …. ကြောက်စရာကြီး …

အဲ့လိုတွေးမိတယ်မလား ? ?

ဘယ်လိုသုံးရလဲဆိုတော့ ဒီလိုပါ။

https://dateplanning.jp/4169/

ချစ်သူရဲ့လက်ကလေးလို့သဘောထားပြီး ဆုပ်ကိုင်ထားရင်းနဲ့ ဖုန်းပြောရတာဖြစ်ပါတယ်။

အဲ့ဒီလက်က တကယ့်လက်အတိုင်းပါပဲ။

https://www.strapya.com/products/484115.html

ပန်းသီးတစ်လုံးရဲ့ အလေးချိန်နဲ့ညီမျှပါတယ်။

https://www.strapya.com/products/484115.html

တကယ့်မိန်းကလေးလက်အတိုင်း ကြောက်စရာကောင်းလောက်အောင် ပြုလုပ်ထားတာဟာ တကယ့်လက်သည်းအရောင်အတိုင်း ဖြစ်နေတာရယ် အရစ်လေးတွေက အစတကယ့်အစစ်အတိုင်းပါပဲ။

ကုန်ကြမ်းအနေနဲ့ vinyl chloride ကိုအသုံးပြုထားလို့ လူသားတွေက လက်တွေလိုမဟုတ်ပေမယ့် ကျုံ့နိုင်ဆန့်နိုင်တဲ့အစွမ်းသတ္တိရှိပါတယ်။

နောက်ပြီးဒါကို ပြုလုပ်ထားတာဟာ ဂျပန်စားစရာနမူနာတွေကို ပြုလုပ်တဲ့လက်သမားဖြစ်ပါတယ်။

http://www.ifsa.jp/index.php?NP1703

ဒီလို ပြောင်းလဲနေတဲ့ဂျပန်နိုင်ငံ” ရဲ့သဏ္ဍာန်ကို ဖော်ပြနေတာမဖြစ်နိုင်ဘူးလား ?

မနက်စာ တစ်ယောက်တည်းထမင်းစားရတာ အထီးကျန်လို့ အတူတူစားလို့ရပါတယ်။

https://www.strapya.com/products/484115.html

တခြားသူတွေက သရဲကားကြည့်နေရတယ်လို့ထင်ကောင်းထင်နိုင်ပေမယ့် ဒါကိုစိတ်ထဲမထားနဲ့နော်..

 

လမ်းလျှောက်ထွက်လည်း အတူတူ

https://www.strapya.com/products/484115.html

 

လမ်းလျှောက်နေတဲ့အချိန်မှာ ခွေးကလန့်ပြီးလိုက်ဆွဲရင်လည်း စိတ်မဆိုးလိုက်နဲ့နော်…

စက္ကူအိတ်ထဲထည့်ပြီး လက်ဆောင်ပေးမယ်ဆိုရင် လန့်ပြီးအော်ဟစ်နိုင်ပါတယ်။

https://www.strapya.com/products/484115.html

ဒီပစ္စည်းနဲ့ဆိုရင် ချစ်သူလေးကိုယ့်ဘေးနားမှာရှိတယ်လို့ ခံစားမိမလားဆိုတာက လူတစ်ယောက်ချင်းစီအပေါ်မှာမူတည်လို့ စိတ်ထဲမှာဘာပြဿနာမှမရှိဘဲ အသုံးပြုဖို့စိတ်ဝင်စားတယ်ဆိုရင် ဒီဖုန်းကာဗာကို ဝယ်ယူဖို့ အောက်ကလင့်ထဲ ဝင်ကြည့်လိုက်ပါနော်…

https://www.strapya.com/products/484115.html

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: