ဂျပန်နိုင်ငံရဲ့ ဓာတ်ခဲတီထွင်မှု

အမျိုးမျိုးသောလျှပ်စစ်ပစ္စည်းတွေထဲမှာ ဓာတ်ခဲတွေကို အသုံးပြုလျက်ရှိပါတယ်။

တကယ်တော့ ဓာတ်ခဲကို ဂျပန်လူမျိုးတစ်ယောက်က တီထွင်ခဲ့တယ်ဆိုတာသိပါသလား ?

တီထွင်ခဲ့တဲ့သူကတော့ ပုံထဲမှာပါတဲ့ 屋井先蔵(やい さきぞう)さん ယအိ ဆခိဇိုး စံ ဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။

https://blogos.com/article/364553/

၁၈၅၃ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဆခိဇိုးစံဟာ ငယ်ရွယ်စဥ်ကတည်းကနေ လည်နေတဲ့အရာတွေကို စိတ်ဝင်စားခဲ့ပါတယ်။

သူဟာ ရေဒလက်၊ ဂျင်နဲ့ အာကာသပတ်လမ်းကြောင်းတွေကို စိတ်ဝင်စားပါတယ်။

အသက် ၁၃ နှစ်လောက်ကစပြီး နာရီပြင်ဆိုင်မှာ စတင်အလုပ်လုပ်ခဲ့ကာ စက်ပစ္စည်းအပိုင်းမှာ လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

လည်နေတဲ့ဂီယာတွေကို လှပပြီးဆွဲဆောင်မှုရှိတဲ့ စက်ပစ္စည်းတွေအဖြစ် လေ့လာဖို့အတွက် တိုကျိုတက္ကသိုလ်မှာ ဆက်လက်ပြီးတက်ရောက်ခဲ့ပါတယ်။

ဒါပေမယ့် အဲ့ဒီအချိန်တုန်းက နာရီတွေဟာတိကျမှု မရှိသေးဘဲ ၅ မိနစ်လောက်နောက်ကျခဲ့ရာက စာမေးပွဲမဖြေဆိုခဲ့ရပါဘူး။

အဲ့ဒီအချိန်တုန်းက နာရီတွေဟာ သံပတ်ပေးရတဲ့နာရီတွေဖြစ်ပါတယ်။

သံပတ်တွေဟာ အချိန်တွေကိုမှားယွင်းစေပြီး မှန်မှန်ကန်ကန်မသိရှိနိုင်ပါဘူး။

အဲ့ဒီနေရာမှာအစားထိုးပြီး ဓာတ်ခဲနာရီတွေ ဖြစ်မြောက်လာဖို့အတွက် အာရုံစိုက်လာခဲ့ပါတယ်။

အဲ့ဒီအချိန်တုန်းက ဓာတ်ခဲနာရီတွေရှိပေမယ့် အရည်နဲ့လုပ်ထားတဲ့ ဓာတ်ခဲကိုပဲ အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။

အဲ့ဒီဓာတ်ခဲထဲမှာထည့်ထားတဲ့ အရည်တွေက ဆောင်းတွင်းမှာခဲသွားပြီး ယိုစိမ့်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။

ဒီအတွက် အရည်တွေမရှိမဖြစ်လိုအပ်နေတာ ပြဿနာတစ်ခုဖြစ်ခဲ့ပါတယ်။

ဒီလိုပြဿနာတွေကိုအစားထိုးတဲ့အနေနဲ့ သူတီထွင်ခဲ့တဲ့ဓာတ်ခဲခြောက်က အရည်ထည့်စရာမလိုဘူး။

ဘက်ထရီခြောက်ဖြစ်တာကြောင့် ဓာတ်ခဲဆိုတဲ့ နာမည်ကိုပေးထားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဂျပန်နိုင်ငံမှာ ဘက်ထရီထုတ်ကုန်တွေကို သိပ်ပြီးအသုံးမပြုခဲ့ကြတဲ့အတွက်ကြောင့် ဓာတ်ခဲအသုံးပြုတဲ့သူတွေလည်းနည်းပါးခဲ့ပါတယ်။

ဒီလိုနဲ့ ဓာတ်ခဲတွေကို ကမ္ဘာတစ်ဝှမ်းက ၁၈၉၂ ခုနှစ်၊ ချီကာဂို ကမ္ဘာ့ကုန်စည်ပြပွဲမှာ အာရုံစူးစိုက်လာခဲ့ကြတာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ တက္ကသိုလ်ကနေ တီထွင်ခဲ့တဲ့ မြေငလျင်တိုင်းတာစက်ကိုတင်ပြခဲ့ရာမှာ ဓာတ်ခဲကိုအသုံးပြုထားခဲ့တာဖြစ်ပါတယ်။

နောက်တစ်ခုအနေနဲ့ ဂျပန်နိုင်ငံဟာ အဲ့ဒီအချိန်တုန်းက တရုတ်နိုင်ငံ၊ ရုရှားနိုင်ငံတို့နဲ့စစ်ဖြစ်နေခဲ့ပါတယ်။

အေးနေတဲ့အချိန်မှာလည်း ဘက်ထရီတွေကို အသုံးပြုဖို့လိုအပ်လာတာကြောင့် ဓာတ်ခဲတွေက အရမ်းကိုနာမည်ကြီးလာခဲ့ပါတယ်။

သူတီထွင်ခဲ့တဲ့ ဓာတ်ခဲတွေက ဒီလိုပုံစံမျိုးတွေဖြစ်ပါတယ်။

https://blogos.com/article/364553/

ကမ္ဘာပေါ်မှာ ပထမဦးဆုံးဓာတ်ခဲဖြစ်ပါတယ်။ လက်ရှိဓာတ်ခဲတွေနဲ့သိပ်မတူပေမယ့် အဲ့ဒီတုန်းကသာ ဓာတ်ခဲတွေမရှိခဲ့ဘူးဆိုရင်  အခုချိန်မှာလည်းရှိလာမှာမဟုတ်ပါဘူး။

ယခု ကမ္ဘာတစ်ဝှမ်းမှာ ဓာတ်ခဲတွေကို တစ်နှစ်အတောအတွင်း ယန်း 1,000,000,000,000 ကျော်ဖိုးရောင်းရတယ်လို့သိရပါတယ်။

ဒီလိုကြီးမားတဲ့တီထွင်မှုတွေဟာ နောက်ကျခဲ့တယ်ဆိုပေမယ့် လူတိုင်းအတွက်အရမ်းကိုအသုံးဝင်ပြီး အကျိုးရှိစေခဲ့ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: