စက်ဘီးနှင်းလိုက်ရုံနဲ့ ကြော်ငြာပေးမယ့် STAMP BIKE

ကြော်ငြာတဲ့ပုံစံတွေက အမျိုးမျိုးတစ်ခုပြီးတစ်ခု အပြိုင်အဆိုင်ထွက်ပေါ်လျက်ရှိပါတယ်။

ဒီတစ်ကြိမ်မှာတော့ STAMP BIKE ဆိုတဲ့စက်ဘီးနဲ့ ကြော်ငြာတဲ့ပုံစံကိုမိတ်ဆက်ပေးချင်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/19/news121.html

လက်ကိုင်ဖုန်းဝန်ဆောင်မှုဖြစ်တဲ့ NTT Docomo ကနေ ချဲ့ထွင်ထားတဲ့ Bicycle sharing service ရဲ့စက်ဘီးဖြစ်ပါတယ်။

NTT Docomo ဆိုတာက လူမှုရေးအကူအညီရေးလုပ်ဆောင်မှုတွေမှာ တစ်ခုအပါအဝင်ဖြစ်ပြီး၊ အခမဲ့စက်ဘီးငှားပေးတဲ့ဝန်ဆောင်မှုကို ပြုလုပ်ခဲ့ပါတယ်။

ကားနဲ့ ဆိုင်ကယ်တွေလျော့နည်းသွားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် အထောက်အကူဖြစ်စေမယ့် အခမဲ့ စက်ဘီးငှားပေးတဲ့ဝန်ဆောင်မှုကို စတင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒီစက်ဘီးက ရိုးရိုးစက်ဘီးတော့မဟုတ်ဘဲ ထူးခြားတဲ့တာယာပါရှိပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/19/news121.html

ဘာထူးခြားလဲဆိုတာကိုသိပါသလား ?

တာယာရဲ့မျက်နှာပြင်က ထူးခြားနေတာကို တွေ့ပါသလား ?

ထိုင်ခုံရဲ့အောက်နားမှာရှိတဲ့ တိုင်ကီထဲမှာရေထည့်ထားပြီး စက်ဘီးနင်းရင်း ဒီရေနဲ့တာယာကို စိုစွတ်စေတာဖြစ်ပါတယ်။

အဲ့ဒီစိုသွားတဲ့တာယာက ဒီလိုပုံစံဖြစ်လာပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/19/news121.html

ရှင်းရှင်းလင်းလင်းမမြင်ရဘူးနော်။

ဒီလိုအရာမျိုးအပေါ်လာတာဖြစ်ပါတယ်။

https://nlab.itmedia.co.jp/nl/articles/1903/19/news121.html

ဟုတ်ပါတယ်၊ Docomo ကနေပေးချင်တဲ့ massage ကိုပုံဖော်ထားတာဖြစ်ပါတယ်။

ဒီတာယာက 3D printer ကိုအသုံးပြုပြီး အသေးစိတ်ဟာကွက်မရှိအောင်ပြုလုပ်ထားတာဖြစ်ပါတယ်။

သာမာန်စက်ဘီးတွေရဲ့ တာယာတွေက ကားတွေ၊ ဆိုင်ကယ်တွေလိုပဲ ကျွတ်တိုင်ကနေ လေထိုးရပါတယ်။

ဒါပေမယ့် ဒီစက်ဘီးရဲ့ တာယာကတော့ ကျွတ်တိုင်မပါဘဲ  တာယာထဲမှာ လေမထိုးထားပါဘူး။

ရာဘာတွေနဲ့ပဲ တာယာကိုထိန်းထားတာဖြစ်ပါတယ်။

ဒီလိုလုပ်နိုင်တာက 3D printer တွေရှိလို့ဖြစ်ပါတယ်။

နောက်ပြီးတော့ ရေစွတ်ရုံပဲဆိုတော့ ပတ်ဝန်းကျင်ကိုအထောက်အကူပြုတဲ့ ကြော်ငြာတဲ့ပုံစံဖြစ်ပါတယ်။

ရေခြောက်သွားရင် ပြန်ပျက်သွားမှာဖြစ်ပါတယ်။

ဒီ STAMP BIKE နဲ့ ကြော်ငြာတဲ့ပုံစံအသစ်က အလုပ်ဖြစ်ရဲ့လား ?

ဒီကြော်ငြာတွေကို လူတွေကရောသတိထားမိရဲ့လား ?

တကယ်သာအလုပ်ဖြစ်ပြီး တိုးတက်မှုတွေဖြစ်လာခဲ့ရင် ပျော်စရာကြီးနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: