အမိုက်စား လက်လုပ် Keybord

အခိဟဘရ ( 秋葉原 ) မှာ ဆိုင်သစ်တစ်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ၁ လပိုင်း ၁၃ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။

 

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

အခိဟဘရ ( 秋葉原 ) လို့ပြောရမယ်ဆိုရင် PC နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ရောင်းတာများပြီးတော့ ကိုယ်တိုင်ပြုလုပ်တဲ့ PC တွေကများတဲ့အတွက်ကြောင့် အခိဟဘရကို လာရောက်တဲ့သူတွေလည်းများပါတယ်။

အဲ့ဒီလိုနေရာမှာဖွင့်လှစ်ခဲ့တဲ့ ဒီဆိုင်က လက်လုပ် keyboard တွေကိုကျွမ်းကျွမ်းကျင်ကျင်ပြုလုပ်နိုင်တဲ့ဆိုင်ဖြစ်ပါတယ်။

Keyboard ဆိုတော့ သာမာန် Keyboard လို့ထင်ပါသလား ?

အကြီးကြီးကိုမှားပါတယ်။

Keyboard နဲ့  mouse က လူသားတွေနဲ့ အများဆုံးထိတွေ့ရတဲ့အတွက် အရမ်းကိုအရေးပါတဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါတယ်။

ပထမဆုံးစဖွင့်တဲ့နေ့ကနေ ၆ ယောက်ပဲ ရှိခဲ့ပေမယ့် နောက်တော့လူတွေတန်းစီနေခဲ့ပါတယ်။

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

အဲ့ဒီလိုရပ်နေတဲ့သူတွေက ဝယ်ဖို့တန်းစီပြီး စောင့်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။

 

ဘယ်လို Keyboard တွေရောင်းနေလဲဆိုတာကိုသိချင်ရင် အောက်ကပုံလေးကို ကြည့်လိုက်ပါနော်………

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

ဘယ်နဲ့ညာကွဲနေတဲ့ ပုံစံမျိုးဖြစ်ပါတယ်။

ဘယ်လက်နဲ့ ညာလက်ကို ကိုယ်ကြိုက်တဲ့အနေအထားမှာ Keyboard ကိုထားပြီး ရိုက်နိုင်တဲ့

အလန်းစား Keyboard ပဲဖြစ်ပါတယ်။

အဲ့ဒီ Keyboard ရဲ့စျေးနှုန်းက ယန်း ၁၆၂၀ ဖြစ်ပါတယ်။

စျေးသက်သာတယ်လို့ ထင်နေလားမသိပေမယ့် လက်လုပ်မဟုတ်ရင် ဒီစျေးနဲ့မရနိုင်ပါဘူး ။

 

ကီးဘုတ်ကို ကိုယ်တိုင်ပြုလုပ်မယ်ဆိုရင် ဂဟေဆက်တာက အခက်ခဲဆုံးပါပဲ။

Key တစ်ခုစီအတွက် ၄ နေရာ ဂဟေဆက်ဖို့လိုတာကြောင့် ထပ်ခါတလဲလဲ ပြန်လုပ်ရပါတယ်။

လိုအပ်တဲ့ပစ္စည်းကိရိယာတွေမရှိဘူးဆိုတာကြောင့် အဲ့ဒီပစ္စည်းတွေ စုံစုံလင်လင်ရှိဖို့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရပါသေးတယ်။

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

လက်တွေ့ပြုလုပ်ခဲ့တဲ့လူတွေက…….

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

ခဲဆက်ပြီးသွားတဲ့အချိန်ထိဆိုရင် ၅ နာရီကြာမြင့်ပြီးတဲ့နောက်မှာ ပုံထဲကအတိုင်း ဖြစ်လာခဲ့ပါတယ်။

အရင်ဦးဆုံး အဲ့ဒီပုံစံအတိုင်းကို စမ်းသပ်ကြည့်ပြီးတော့ နောက်ဆုံးမှ Key cap လေးတွေကိုတပ်လိုက်ပါတယ်။

 

ဆိုင်အတွင်းရဲ့ နေရာလွတ်တွေမှာ လက်လုပ်ကွန်ပျူတာပစ္စည်းတွေကို စီတန်းပြီးရောင်းချထားတာက အရမ်းကိုချစ်စရာကောင်းပါတယ်။

http://www.itmedia.co.jp/pcuser/articles/1901/13/news029.html

 

အများကပေးတဲ့ ထင်မြင်ချက်အမျိုးမျိုးကို စုဆောင်းပြီး ပြုလုပ်ထားတဲ့ Keyboard ဖြစ်တဲ့အတွက် ကြည့်လိုက်တာနဲ့ကို အကုန်လုံးက သုံးချင်စရာလေးတွေပါပဲ။

အဲ့လောက်ထိတောင်ပဲလား ?

လို့ထင်နေမလားမသိပေမယ့် တစ်ခါလောက် ကိုယ်စိတ်တိုင်းကျတဲ့ ကီးဘုတ်ကို သုံးကြည့်ဖူးမယ်ဆိုရင် ကမ္ဘာကြီးမှာ ဒီကီးဘုတ်လောက်ကောင်းတာမရှိဘူးဆိုပြီးတော့တောင် အကြိုက်တွေ့နေမှာ သေချာပါတယ်။

စာဖတ်သူတို့လည်း ဒီဆိုင်လေးကို လိုင်းပေါ်မှာရှာကြည့်လို့လည်းရတယ်နော်….

 

တစ်ခါလောက်တော့ အဲ့ဒီဆိုင်ကို မသွားကြည့်ချင်ဘူးလား ?

 

သာမန်ကီးဘုတ်ရောင်းတဲ့ဆိုင်သာဆိုရင် စိတ်တိုင်းမကျရတာနဲ့ နောက်ထပ်တစ်ခါ ပြန်သွားနေရမယ်လို့ထင်ပါတယ်။

 

Home

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: