ဘယ်သွားသွားသယ်သွားလို့ရတဲ့ ခေါက်ဆိုက်ကယ် !!!!

တိုကျို၊ အိုဆာကာလိုမျိုး မြို့ကြီးတွေမှာဆိုရင် ရထားနဲ့သွားလာတာက များပါတယ်။

ရထားတွေ၊ မြေအောက်ရထားတွေ အများကြီးရှိတော့ အဆင်ပြေပေမယ့်

ဘူတာကနေလမ်းလျှောက်တာက ပင်ပန်းပါတယ်။

တက္ကစီနဲ့သွားမယ်ဆိုတော့လည်း စျေးကြီးနေပြန်ရော။။

 

အဲလိုအချိန်မျိုးမှာ ဒီလိုဆိုက်ကယ်နဲ့ ဆိုရင် အိုကေ?

 

ခေါက်လို့ရတဲ့ ဆိုက်ကယ်ပါ။

https://tabi-labo.com/289736/wt-ujet

 

ခေါက်ထားတာကို ဖွင့်လိုက်ရင် ဒီလိုမြင်ရမှာပါ။

https://tabi-labo.com/289736/wt-ujet

 

အသေးစိတ်ဗီဒီယိုကတော့ အောက်မှာကြည့်လိုက်နော်။

ဒီဆိုက်ကယ်ကို ဂျပန်မှာ မကြာခင်မှာစရောင်းချဖို့ ကြေညာပြီးသွားပါပြီ။

ဂျပန်မှာ အဓိကသုံးတဲ့ Shibuya Goldဆိုတဲ့ အရောင်လည်းထွက်မှာပါ။

 

စမတ်ဖုန်းနဲ့ ထိန်းချုပ်လို့ရပြီး တစ်စုံတစ်ယောက်ယူသွားတာမျိုးမဖြစ်အောင်လည်း ကာကွယ်လို့ရပါသေးတယ်။

 

ခေါက်လိုက်ရင် အရမ်းသေးသွားတာမျိုးမဟုတ်ပေမယ့်၊ ရထားသယ်သွားတာလောက်တော့

အဆင်ပြေလောက်ပါတယ်။

အဲလိုသယ်လိုရပြီဆိုရင်တော့ ဆိုက်ကယ်တင်မဟုတ်ဘဲ

ဆိုက်ကယ်စီးဦးထုပ်ပါသယ့်ရမှာပေါ့နော်။

 

အက်မင်တော့ ဗီဒီယိုကြည့်ပြီးအရမ်းကိုလိုချင်နေပြီ …

သူငယ်ချင်းတိုရော ဘယ်လိုလဲ ဒီလိုဆိုက်ကယ်မျိုးကိုလိုချင်လား??

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: