လက်လွတ် နေကာထီးခေတ်သို့

ဂျပန်မှာ လမ်းလျှောက်တဲ့သူတွေ ပါများတဲ့နိုင်ငံဖြစ်ပါတယ်။

နွေရာသီရဲ့ ပူပြင်းလှတဲ့နေရောင်ထဲမှာ လမ်းလျှောက်သွားမယ်ဆိုရင်၊ ချွေးထွက်သလို အသားလည်းမည်းသွားနိုင်ပြီး ပင်လည်းပင်ပန်းပါတယ်။

အဲဒါတွေကနေရှောင်ရှားနိုင်တာကတော့၊ နေကာထီးပဲဖြစ်ပါတယ်။

နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာကနေ ရှောင်ရှားနိုင်တာနဲ့တင် ဝန်ထုပ်ဝန်ပိုး တော်တော်ပေါ့သွားပါပြီ။

ဒါပေမဲ့၊ ပစ္စည်းတွေများတဲ့အချိန်တွေဆိုရင် အသုံးပြုရခက်တာမျိုးတွေ ရှိပါတယ်။

အဲဒီအခက်အခဲတွေကို ဒီလိုဖြေရှင်းလိုက်ပါတယ်။

 

http://blog.livedoor.jp/dqnplus/archives/1968837.html

ကိုယ့်အပေါ်ကနေ အလိုလျောက်လိုက်ပါလာမယ့် ဒရုန်း(Drone) ဖြစ်ပါတယ်။

ဒရုန်း(Drone) ကို ထီးမှာတပ်ထားတာဖြစ်ပါတယ်။

အခုလက်ရှိက စမ်းသပ်နေဆဲဖြစ်တဲ့အတွက် စျေးကွက်မှာဖြန့်ချိတဲ့အချိန်ကြရင်တော့ ပုံစံကွဲပြားတာတွေရှိနိုင်ပါတယ်။

အဲဒါက အနာဂတ်ကိုရောက်သွားသလို ခံစားရတယ်၊ အဆင်ပြေတယ်လို့ တွေးမိပေမဲ့ ဗီဒီယိုကြည့်မိတဲ့အချိန်မှာတော့….

အသံတော်တော်ကျယ်တယ်နော်….

ဒရုန်းမှာပါတဲ့လေယာဉ်ပန်ကာရဲ့ လေအားနဲ့ ပျံသန်းရတဲ့အတွက် အောက်တည့်တည့်မှာရှိတဲ့ အသုံးပြုသူက အားပြင်းတဲ့လေတိုက်ခံရမှာပါ။

ဆံပင်ပုံစံ ဖရိုဖရဲ ဖြစ်နိုင်တယ်နော်….

ပြီးတော့ အဲဒီကျယ်လောင်တဲ့အသံကြောင့် ဘေးနားကလူတွေ လှည့်ကြည့်တာလည်း ခံရနိုင်ပါတယ်။ အဲဒီမှာမှ ဆံပင်ကလည်း ဖရိုဖရဲဖြစ်နေဦးမယ်ဆိုရင်တော့ တွေးကြည့်ရုံနဲ့တင် နေကာထီးတွေ မလိုအပ်တော့တာမျို၊

ဆံပင်တုတပ်ထားတဲ့သူဆိုရင်၊ ကျွတ်ထွက်သွားနိုင်ပါတယ်။

ဘယ်လိုဟာသတွေဖြစ်လာမလဲဆိုတာတွေးနေမိပေမဲ့၊ အဲဒီကုမ္ပဏီကတော့ အားသွန်ခွန်စိုက်နဲ့ ကုန်ပစ္စည်းပြောင်းလဲဖို့အတွက် စဉ်းစားနေပါတယ်။

အဲလိုဆိုရင် အောက်ကပုံကနေကာထီးက ပိုကောင်းမယ်ထင်တယ်နော်။

http://blog.livedoor.jp/dqnplus/archives/1968837.html

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: