ကမ္ဘာမှာနာမည်ကျော်ခဲ့တဲ့ ဂျပန်ရုပ်ရှင် Seven Samurai ။ ပုံမှန်ရုပ်ရှင်တစ်ကားထက် ထုတ်လုပ်မှု ၇ ဆကုန်ကျခဲ့သည်။

ရုပ်ရှင်လို့ပြောလိုက်ရင် ဟောလိဝုဒ်နဲ့ တောင်ကိုရီးယားရုပ်ရှင်တွေက ပိုပြီးလွှမ်းမိုးနိုင်ပါတယ်။ နောက်ပိုင်း အိန္ဒိယနဲ့ တရုတ်ဇာတ်ကားတွေလည်း နေရာယူလာကြပေမဲ့၊ အားကျမခံဂျပန်နိုင်ငံမှာလည်း ရုပ်ရှင်ထုတ်လုပ်‌ရေးရှိတယ်ဆိုတာကို စာဖတ်သူတို့သိကြပါသလား?
ဂျပန်လို့ပြောလိုက်ရင်တော့ အန်နီမေးရှင်းပုံရိပ်ကပဲ ပိုပြီးကြီးစိုးပေမဲ့၊ အရင်အချိန်တွေက ရုပ်ရှင်ထုတ်လုပ်မှုဟာ အတော်လေးတက်တက်ကြွကြွရှိခဲ့ပါတယ်။

အဲ့ဒီအထဲမှာလည်း အလွန်ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ အဲ့ဒါကတော့ Seven Samurai
ဒါရိုက်တာ Akira Kurosawa ရဲ့ လက်ရာများထဲမှ လက်ရာတစ်ခုဖြစ်ပြီး၊ ဒီရုပ်ရှင်နာမည်နဲ့ ဒီဒါရိုက်တာနာမည်ကို ကြားဖူးသူရှိပါသလားခင်ဗျာ။…

https://www.telasa.jp/videos/54192

၁၉၅၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်လို့ တော်တော်လေးတော့ ဟောင်းနေပေမဲ့၊ ၂၀၁၈ ခုနှစ် အမေရိကန် BBC သတင်းဌာနကဖော်ပြခဲ့တဲ့ အချက်အလက်အရ၊
– သမိုင်းတစ်လျှောက် အကောင်းဆုံးနိုင်ငံခြားရုပ်ရှင် ဇကာတင်စာရင်း ၁၀၀ မှာ အဆင့် ၁။
– ရုပ်ရှင်အားလုံးထဲက အကောင်းဆုံးရုပ်ရှင် ဇာကာတင်စာရင်း ၁၀၀ မှာ အဆင့် ၇။

ဆိုပြီး အံ့သြရလောက်တဲ့ အလွန်ကောင်းသောရလဒ်ကိုရရှိထားပါတယ်။
အခုလက်ရှိ ဂျပန်ရုပ်ရှင်လောက,ကတော့ ပျင်းစရာကောင်းတယ်၊ အထီးကျန်နေပြီးလို့ သုံးသပ်မှုတွေများပါတယ်။

ဒီ Seven Samurai ရုပ်ရှင်ကိုကြည့်ပြီးသူရှိပါသလား?
ဇာတ်လမ်းအကြောင်းအရာမိတ်ဆက်ခြင်းနဲ့ အဲ့ဒီနောက်ပိုင်း ဘာကြောင့်ဒီရုပ်ရုင်ကို ကြိုက်ကြသလဲဆိုတဲ့အချက်အနည်းငယ်ကို ရှင်းပြပေးပါ့မယ်။

ဇာတ်အိမ်မှာ ၁၅၈၆ ခုနှစ်ကဂျပန်ကို နောက်ခံထားပါတယ်။
ဒီအချိန်က ဆာမူရိုင်းခေတ်မှာရှိနေပါသေးတယ်။
ဂျပန်တစ်ခွင်မှာ စစ်ပွဲတွေဖြစ်ပွားနေတဲ့အထဲမှာ သခင်မရှိတဲ့ဆာမူရိုင်းတွေဖြစ်သော  Nobushi တွေပေါ်လာခဲ့ပါတယ်။
Bushi ဆိုတဲ့ ဆာမူရိုင်း စကားလုံးသာပါဝင်ပေမဲ့ ၎င်းတို့ဟာ အကြမ်းဖက်သူတွေဖြစ်ပါတယ်။
ဓါး တဝှေ့ဝှေ့နဲ့ လုယက်သောင်းကျန်းကြတဲ့ ခိုးဆိုးလုနှိုက်တွေပါပဲ။

ဒီလို Nobushi တွေကို ဆန့်ကျင်သင့်တယ်ဆိုပြီး လယ်သမားတွေဟာ ဆာမူရိုင်း ၇ ယောက်ကိုစုစည်းပြီး Nobushi တွေကိုနှိမ်နင်းကြတယ် ဆိုတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။

လူစုချိန်မှာ ဒုက္ခရောက်ပုံနဲ့၊ လယ်သမားတို့ရဲ့ ပင်ပန်းခက်ခဲတဲ့ဘဝကို သေသေချာချာရိုက်ပြထားတဲ့အတွက် ပြသချိန်မှာ ၂၀၇ မိနစ်၊ တစ်နည်းအားဖြင့် ၃ နာရီခွဲ ခန့်မျှရှိပါတယ်။ တော်တော်ရှည်တဲ့ဇာတ်ကားဖြစ်ပေမဲ့ တစ်ကွက်ချင်းစီဟာ ပျင်းဖို့တောင်အချိန်မရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။

ဘယ်အရာက အဲ့ဒီလောက်အထိ ညှို့ယူဖမ်းစားထားတာလဲဆိုပြီး ရှာဖွေလေ့လာကြသူတွေလည်းများစွာရှိပေမဲ့၊ ဒါရိုက်တာ Kurosawa ရဲ့ထူးခြားတဲ့ ကရုစိုက်မှုနဲ့ သဘာဝကျခြင်းကို ရှာဖွေတွေ့ရှိသွားပုံရပါတယ်။

အရင်ဆုံးဇာတ်ညွှန်းဖန်တီးပုံ။
ဇာတ်ကွက်တစ်ကွက်ကို ဇာတ်ကောင်တစ်ဦးချင်းစီရဲ့အမြင်ကနေ ဇာတ်ညွှန်းရေးပါတယ်။
ဒါကိုတည်းဖြတ်ပြီး စုပေါင်းအပိုဒ်လို ၁ ခုတည်းပြန်လုပ်ကာ ဇာတ်ညွှန်းဖန်တီးလိုက်တယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ဇာတ်ညွှန်းကို ပြင်ပအဖွဲ့အစည်းတစ်ခုရဲ့ ရှုထောင့်ကနေမြင်တွေ့ရမှာမဟုတ်သလို၊ ပါဝင်တဲ့ဇာတ်ကောင်တွေကြားမှာ အရေးကြီးတဲ့အရာက ထင်ရှားလာတယ်လို့ ဆိုပါတယ်။

စေ့စပ်တဲ့ရုပ်ရှင်တစ်ကားဖြစ်ဖို့ ပြင်ဆင်မှု
ထိုအချိန်က ရုပ်ရှင်ထုတ်လုပ်ရေးဟာ အချိန်တိုတိုနဲ့ရိုက်ခဲ့ကြပေမဲ့၊ ဒီရုပ်ရှင်ကတော့ ရိုက်ကူးရေး ၁ နှစ်ကြာသွားခဲ့ပါတယ်။
ဘယ်နေရာမှာအချိန်ကြာသွားသလဲဆိုရင် သေချာတာကတော့ ရိုက်ကူးရေးအပြင်၊ ပြန်ပြင်ရိုက်ရတာမျိုးလည်းရှိပေမဲ့ ရာသီဥတုကိုချိန်ဆရခြင်းကြောင့်လို ဆိုပါတယ်။

မနက်ပိုင်းရရိုက်မယ့်အခန်းဆို မနက်ပိုင်းတွင်သာရိုက်ကူးခြင်း။
အဖြူအမည်းရုပ်ရှင်ကို မနက်လား၊ ညနေလားဆိုတာ ဘယ်သူမှမသိနိုင်ပေမဲ့၊ မနက်ပိုင်းအခန်းကို မနက်ပိုင်းမှသာရိုက်ကူးထားပါတယ်။
ကောင်းကင်ကကြည်လင်ပြီး နေသာတဲ့အခန်းဆို အဲ့ဒီရာသီဥတုနဲ့ ကွက်တိကျအောင်ရိုက်ပါတယ်။
အလင်းအမှောင်ချိန်ညှိခြင်း ဘာတစ်ခုမှမလုပ်ထားပါဘူး။

စေ့စပ်တဲ့ သဘာဝကျမှု။
မမြင်နိုင်တဲ့အပိုင်းအထိ အထူးသတိထားခဲ့ပါတယ်။
ဥပမာ အခန်းတွင်းက ဗီရို။
ဗီရိုကိုဖွင့်ရမယ့်အခန်းမရှိရင် ဗီရိုအံဆွဲထဲမှာ ဘာမှမထည့်ထားလည်းရပါတယ်။
သို့သော် ဒီပုံစံအတိုင်းမသွားခဲ့တာကတော့ ဒါရိုက်တာ Kurosawa ပါပဲ…
ဗီရိုအံဆွဲထဲတွင် ထိုအိမ်မှာနေထိုင်တဲ့ (ထိုအိမ်မှာနေရတဲ့အခန်းကပါဝင်သူ) ရဲ့ ကီမိုကို လိုအပ်တဲ့အရေအတွက်အတိုင်း ထည့်ထားပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် ဒီအိမ်ကလူအရေအတွက်နဲ့ ဒီအံဆွဲအရေအတွက် မကိုက်ညီဘူးလို့ သံသယမေးခွန်းတွေမထွက်လာတော့မှာဖြစ်ပါတယ်။

ဒါတင်မကသေးဘဲ ပစ္စည်းသေးသေးလေးတွေအပါအဝင် အားလုံးကိုခေတ်နဲ့လိုက်ဖက်ညီစွာ ပြင်ဆင်ထားပါတယ်။
သင့်တော်မယ့် အစားထိုးပစ္စည်းတွေကိုတောင် အသုံးမပြုပါဘူး။

အားနှင့်အင်နှင့် တိုက်ခိုက်ကြသည့်အခန်း။
ဇာတ်ကားရဲ့နောက်ဆုံးက မိုးသည်းထန်စွာရွာနေတဲ့ကြားက ရန်ဖြစ်ကြတဲ့အခန်းဖြစ်ပါတယ်။ အဲ့ဒီအချိန်ကခေတ်စားခဲ့တဲ့ ဟောလိဝုဒ်ဇာတ်ကားတွေကို ကိုးကားပြီး အက်ရှင်ဇာတ်ဝင်ခန်းတစ်ခုကို ထည့်သွင်းထားခြင်းဖြစ်ပါတယ်။

ဒီလောက်အထိ သေသေချာချာပြင်ဆင်ထားခြင်းကြောင့်လည်း ကုန်ကျခဲ့တဲ့စာရိတ်က အခြားရုပ်ရှင်တွေထက် ၇ ဆပိုခဲ့ပါတယ်။
ယန်းသန်း ၂၁၀ ဖြစ်ပါတယ်။ 2億1000万円
ထိုအချိန်ကငွေကြေးတန်ဖိုးဟာ ယခုနဲ့မတူတဲ့အတွက် စိန်ခေါ်မှုကြီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်။

သို့သော် ၎င်းရဲ့အသီးအပွင့်အနေနဲ့ ရုပ်ရှင်နိုင်ငံကြီးဖြစ်တဲ့ အမေရိကန်မှာတောင် အလွန်အောင်မြင်ကျော်ကြားခဲ့ပြီး၊ ဒီဇာတ်ကားကို မှီးငြမ်းထားတဲ့ The Magnificent Seven ဆိုတဲ့အမေရိကန်ရုပ်ရှင်တစ်ကားတောင် ထွက်လာခဲ့ပါတယ်။

ယခုထိတိုင် အမေရိကန်ရုပ်ရှင်လောကဟာ ဒီရုပ်ရှင်နဲ့ ၎င်းရဲ့ဒါရိုက်တာ Akira Kurosawa ကို လေးစားစွာဆက်ဆံနေကြဆဲဖြစ်ပါတယ်။
သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။

 

Kengo Abe

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: