နှစ်သစ်ကြိုဆိုဖို့အတွက် ‘Demon Slayer’ ရဲ့ဇာတ်ကောင်ပါ စာတိုက်ပုံးများကို တိုကျိုရှိ Ikebukuro တွင်မိတ်ဆက်

ဂျပန်စာတိုက်ကုမ္ပဏီဟာ ကျန်ခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့က၊ တိုကျိုရှိ Ikebukuro မှာ နာမည်ကြီး မန်းဂနဲ့အနီမေးရှင်းစီးရီးဖြစ်တဲ့ “Demon Slayer: Kimetsu no Yaiba” ထဲက ဇာတ်ကောင်များနဲ့အလှဆင်ထားတဲ့ စာတိုက်ပုံး ၃ ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီအလှဆင်စာတိုက်ပုံးတွေက နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ဒီဇိုင်းထုတ်ထားတာဖြစ်ပြီး၊ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကုမ္ပဏီကလည်း ဒီဇင်ဘာ ၁၅ ရက်နေ့ကနေစပြီး New Year’s cards များကိုလက်ခံပေးနေပြီဖြစ်ပါတယ်။
တစ်ခုချင်းစီက နှစ်သစ်ကိုကြိုဆိုတဲ့စာများနှင့်အတူ ဇာတ်ကောင်များလည်းမတူပါဘူး။

Minami-Ikebukuro ရှိ Ikebukuro ဘူတာရဲ့အနီးမှာ ထားပေးထားတဲ့စာတိုက်ပုံးကတော့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Tanjiro Kamado ရဲ့ရုပ်ပုံဖြစ်ပါတယ်။ ဒီအပြင် “ နှစ်သစ်ကိုအတူပါဝင်ဆင်နွှဲကြပါစို့” ဆိုပြီး စာတိုက်ပုံးရဲ့ ဇာတ်ကောင်နောက်မှာ ရေးထားပါတယ်။

https://www.asahi.com/ajw/articles/14502099

နောက်ထပ် အဓိကဇာတ်ပို့ဇာတ်ကောင်ဖြစ်တဲ့ Kyojuro Rengoku ရဲ့စာတိုက်ပုံးကတော့ Higashi-Ikebukuro ရှိ Toshima စာတိုက်ရုံးရှေ့မှာ ဖြစ်ပါတယ်။ သူ့ရဲ့နှစ်သစ်ကြိုဆိုတဲ့နှုတ်ခွန်ဆက်စကားကတော့ ဇာတ်ကောင်ရဲ့ကာရိုက်တာအတိုင်းပါပဲ။
“ နှစ်သစ်မှာ မင်းရဲ့နှလုံးသားကို ထပ်ပြီးလောင်ကျွမ်းလိုက်ပါ!”

နောက်ဆုံးစာတိုက်ပုံးကိုတော့ Higashi-Ikebukuro ရှိ Sunshine 60 မိုးမျှော်တိုက်ရဲ့လမ်းထဲမှာ တွေ့ရှိရမှာဖြစ်ပါတယ်။ နောက်ထပ်အဓိကဇာတ်ပို့ဇာတ်ကောင်ဖြစ်တဲ့ Tengen Uzui ရဲ့ရုပ်ပုံနဲ့အလှဆင်ထားပါတယ်။ သူ့ရဲ့နှစ်သစ်ကြိုစကားကတော့ “ နောက်နှစ်မှာလည်း မျက်စိနှောက်စရာတွေလာအုံးမယ်!”

ဂျပန်စာတိုက်ရုံးမှာ Demon Slayer ရဲ့ New Year’s cards တွေကိုမတူညီတဲ့ ရုပ်ပုံ ၄ မျိုးနဲ့ရောင်းချပေးနေပါတယ်။

ပုံစံတူ card ၃ ခုကိုတော့ အခွန်အပါအဝင် ယန်း ၆၆၀ နဲ့ဝယ်နိုင်မယ်လို့သိရပါတယ်။ New Year’s cards တွေကို အွန်လိုင်း သို့မဟုတ် ဂျပန်တစ်နိုင်ငံလုံးရှိအဓိကစာတိုက်ရုံးတွေမှာ ဝယ်နိုင်မှာဖြစ်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: