Squid Game နဲ့ဆင်တဲ့ ဂျပန်ရဲ့အကောင်းဆုံးရုပ်ရှင်စီးရီး ၅ ခု။

မကြာသေးမီက Netflix မှာလူကြည့်အများဆုံးဖြစ်ခဲ့တဲ့ ကိုရီးယားရုပ်ရှင်စီးရီး Squid Game ကိုအားလုံးလည်း ကြည့်ပြီးကြမယ်လို့ထင်ပါတယ်။ သင်ဟာဘယ်နိုင်ငံမှာပဲရှိနေပါစေ ကမ္ဘာတစ်ဝှမ်းရှိလူတွေနဲ့ Netflix မှာဆုံစည်းမိပြီး၊ Netflix ဟာ သင့်ရဲ့တစ်နေ့တာ ပင်ပန်းခဲ့သမျှကို ရုပ်ရှင်နဲ့ဖြေဖျောက်ပေးနိုင်တဲ့ အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်ပါတယ်။
သင်ဟာအမိုက်စားသည်းထိတ်ရင်ဖိုစရာကောင်းတဲ့ဇာတ်ကားတွေကိုကြည့်ရှုဖို့ စောင့်မျှော်နေသူတွေထဲကတစ်ယောက်ဆိုရင်၊ တစ်ခေါက်လောက်ကြည့်လိုက်ရုံနဲ့ နောက်ဘာတွေဆက်ဖြစ်လာမလဲ သိချင်စိတ်ကိုထိန်းမနိုင်ဖြစ်စေမယ့် ဇာတ်ကားတွေကြောင်း ပြောပြပေးချင်ပါတယ်။
Squid Game လိုပဲ ဂျပန်ရဲ့သည်းထိတ်ရင်ဖိုစရာကောင်းတဲ့ ဇာတ်ကားတွေကိုကြည့်ချင်သူများအတွက် အကောင်းဆုံးစီးရီး ၅ ခုကိုမိတ်ဆက်ပေးလိုက်ပါတယ်။
Battle Royale
https://www.timeout.com/tokyo/news/
၂၀၀၀ ခုနှစ်ကထွက်ရှိထားတဲ့ ရုပ်ရှင်ဖြစ်ပြီး၊ သားအဖနှစ်ယောက်ဖြစ်တဲ့ Kinji နဲ့ Kenta Fukusaku တို့ရဲ့ အကြောင်းကနေအစပြုထားတဲ့ ဒီသွေးထွက်သံယိုဇာတ်ကားဟာ ဂျပန်ရုပ်ရှင်လောကမှာ တစ်ချိန်တစ်ခါကအရမ်းနာမည်ကြီးခဲ့ပါတယ်။ Junior high-school ကျောင်းသားအုပ်စုဟာ ဝတ်စုံအပြည့်နဲ့လေ့လာရေးခရီးထွက်တဲ့အချိန်မှာ ပြန်ပေးဆွဲခံရပြီး၊ မထင်မှတ်ဘဲကစားပွဲထဲရောက်သွားကာ အသေခံတိုက်ပွဲဝင်ရမယ့်အကြောင်း သူတို့ကိုပြောခဲ့ပါတယ်။ အကယ်၍ကျောင်းသားတွေဟာ ဒီပူးပေါင်းမှုကိုငြင်းဆန်မယ်ဆိုရင်၊ ကျောင်းသားတွေရဲ့လည်ပင်းမှာပတ်ထားတဲ့ သတ္တုလည်ပတ်ဟာ အလိုအလျောက်ပေါက်ကွဲသွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားရဲ့အဓိကအချက်ကတော့ သားကောင်တွေရဲ့သရုပ်မှန်ကိုဖော်ထုတ်ပြီး၊ သူတို့ရဲ့အကောင်းဆုံးနဲ့အဆိုးဆုံး စရိုက်တွေကိုထုတ်ဖော်ပေးတဲ့ နားမလည်နိုင်တဲ့အကြမ်းဖက်မှုဖြစ်ပါတယ်။ Manga ပေါ်အခြေခံထားပြီး၊ အခြားသော ရုပ်ရှင်၊ ဗီဒီယိုဂိမ်းများနှင့် တီဗွီစီးရီး တို့နဲ့မတူဘဲ ကိုယ်ပိုင်ရုပ်ရှင်အမျိုးစားဖြစ်ပါတယ်။ စကားမစပ် Squid Game ဟာလည်း ဒီအမျိုးအစားထဲက တစ်ခုဖြစ်ပါတယ်။
As the Gods Will
ကစားပွဲမှာ ရှုံးသူသေရမယ့် ကလေးကစားကွင်းဂိမ်းတွေလား?
ဒါရိုက်တာ Takashi Miike ကရိုက်ကူးထားပြီး ၂၀၁၄ ခုနှစ်ကထွက်ရှိထားတဲ့ ဒီသည်းထိတ်ရင်ဖိုဇာတ်ကားကတော့ Squid Game ထဲမှာပါဝင်တဲ့ ပထမကစားပွဲက Red Light, Green Light ကိုဂျပန်ဗားရှင်းနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ အထက်တန်းကျောင်းသားဖြစ်တဲ့ Shun Takahata ဟာ ကြမ်းတမ်းတဲ့ဗီဒီယိုဂိမ်းတွေကို နေ့စဉ်ကစားရင်း ဘဝကိုငြီးငွေ့လာပါတယ်။ တစ်နေ့မှာ Shun ဟာကျောင်းမှာပိတ်မိနေပြီး ထူးခြားတဲ့ဂိမ်းစီးရီးတစ်ခုမှာ ပါဝင်ခဲ့ရတယ်။ အဲ့ဒီဂိမ်းကလည်း ကလေးဘဝက ရင်းနှီးပြီးသားဖြစ်တဲ့ ဂိမ်းတစ်ခုပါပဲ။ သို့သော် မတူတဲ့အချက်ကတော့ ရှုံးတဲ့သူအတွက် အန္တရာယ်ရှိပါတယ်။ ဒီစီးရီးရဲ့ ကွန်ပျူတာဂရက်ဖစ်က အခြားသောဇာတ်ကားတွေနဲ့ နှိုင်းယှဉ်ရင် အနည်းငယ်ထူးခြားပါတယ်။
Liar Game
https://www.themoviedb.org/tv/
ဒီဇာတ်ကားမှာတော့ သွေးထွက်သံယိုအခန်းတွေမပါဝင်ပေမဲ့၊ စီးရီးထဲကဇာတ်ကောင်တွေဟာ အနိုင်-အရှုံး စိန်ခေါ်မှုမှာ အကြွေးယန်းသန်း ၁၀၀ နဲ့အဆုံးသတ်သွားပြီး၊ အခြေအနေတွေကကြည့်နေရင်းနဲ့တောင် လက်ဖဝါးချွေးစေးထွက်လောက်ထိ ထိတ်လန့်မှုပေးနိုင်ပါတယ်။
Battle Royale အပြင်၊ ဒါရိုက်တာ Hwang Dong-hyuk က Squid Game အတွက် လှုံ့ဆော်မှုအဖြစ် ဒီ Liar Game ရဲ့မန်းဂကိုအခြေခံထားပါတယ်။
အလားတူပဲ ငွေကြေးအခက်အခဲဖြစ်နေတဲ့ ဇာတ်ကောင်ကိုကံကြမ္မာအလှည့်အပြောင်းနဲ့ အန္တရာယ်ရှိတဲ့ တိုက်ပွဲအတွင်းသို့ဖြားယောင်းသွေးဆောင်တဲ့ပုံစံမျိုးပဲဖြစ်ပါတယ်။
ဒီဇာတ်လမ်းရဲ့အဓိကဇာတ်ကောင်ကတော့ ငယ်ရွယ်ပြီးရိုးအတဲ့ Nao Kanzaki လို့ခေါ်တဲ့ သူနာပြုမိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့မမျှော်လင့်ဘဲ Nao ဆီကို ယန်းသန်း ၁၀၀ ထည့်ထားတဲ့သေတ္တာတစ်လုံးရောက်လာခဲ့ပြီး၊ တစ်လအတွင်းဒီပိုက်ဆံကိုပြန်ဆပ်ရမယ်လို့ပြောပါတယ်။ ဒါနဲ့ပဲ Liar Game လို့ခေါ်တဲ့ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်သူတစ်ယောက်ဖြစ်သွားပါတယ်။ ဒီဂိမ်းရဲ့ထူးခြားချက်ကတော့ ပြိုင်ပွဲဝင်တစ်ယောက်ချင်းစီအတွက် သူတို့ကိုပေးထားတဲ့ပိုက်ဆံသေတ္တာကို ခိုးမယ့်ပြိုင်ဘက်ကိုပါစီစဉ်ထားပါတယ်။ အကယ်၍တစ်စုံတစ်ယောက်က ပိုက်ဆံသေတ္တာအခိုးခံလိုက်ရပြီဆိုရင်တော့ အချိန်ပေးထားတဲ့တစ်လကုန်သွားတဲ့အခါ ဒီပိုက်ဆံကိုပြန်ပေးနိုင်တော့မှာမဟုတ်ပါဘူး။ ဆိုလိုတာက အကြွေးယန်းသန်း ၁၀၀ တင်သွားမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Nao ဟာသူမရဲ့ပြိုင်ဘက်က ယခင်သူမရဲ့ဆရာတွေထဲကတစ်ယောက်ဖြစ်တာကို သိသွားပြီး၊ ပထမပိုင်းမှာတော့ သူ့ကိုမြန်မြန်ဆန်ဆန်ပဲယုံကြည်မိလိုက်ပေမဲ့ ဒီဂိမ်းကိုအောင်ဖို့က ပိုပြီးကြမ်းတမ်းလာကြောင်း တစ်ဖြည်းဖြည်းနဲ့သိလာပါတယ်။
Alice in Borderland
နောက်ထပ် Netflix မှာနာမည်ကြီးသွားတဲ့ Alice in Borderland
Arisu နဲ့သူ့ရဲ့အခင်ဆုံးသူငယ်ချင်း ၂ ယောက်တို့ Shibuya မှာဆုံတွေ့ကြပါတယ်။ Shibuya ရဲ့လမ်းလယ်ခေါင်မှာ ကမြင်းကြောထခဲ့ကြတဲ့သူတို့ ၃ ယောက်ကို ရဲလိုက်ဖမ်းတဲ့အခါ၊ အိမ်သာထဲဝင်ပုန်းကြပြီး ပြန်ထွက်လာတဲ့အခါမှာတော့ မမျှော်လင့်ထားတဲ့ ဗီဒီယိုဂိမ်းတစ်ခုထဲကို ရောက်ရှိသွားကြပါတယ်။
ဒီစီးရီးရဲ့ filmmaker နဲ့ video game designer ကတော့ Shinsuke Sato ဖြစ်ပြီး၊ Shibuya ရဲ့လူတွေပျောက်ဆုံးပြီး ခြောက်ကပ်သွားတဲ့မြင်းကွင်းနဲ့ ဂိမ်းကိုအစပြုလိုက်ပါတယ်။
ဒီဂိမ်းရဲ့ဆိုးရွားလှတဲ့စည်းမျဉ်းတွေဟာ ကစားသမားတိုင်းကို အသက်ရှင်မကျန်ဖို့ စနစ်တကျစီစဉ်ထားပါတယ်။
Kakegurui
https://animefillerlists.com/
အတင်းအဖျင်းပြောတတ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတွေဟာ Hyakkaou Private Academy က ရက်စက်စွာလူသတ်တဲ့ ကျောင်းသားတွေကိုတော့ မမီပါဘူး။ ဒီအထက်တန်းအလွှာကိုယ်ပိုင်ကျောင်းမှာတော့ လောင်းကစားဟာ သင်ရိုးညွှန်းတမ်းတစ်ခုဖြစ်ပြီး၊ ကျောင်းသားတွေရဲ့ အဆင့်သတ်မှတ်ချက်က ပညာရေးအဆင့်အစား ဖဲချပ်ကစားနိုင်တဲ့စွမ်းရည်အပေါ်မှာအခြေခံပါတယ်။
ပြိုင်ပွဲအားလုံးကိုအနိုင်ရရှိတဲ့ကျောင်းသားကိုတော့ အနာဂတ်ရဲ့ခေါင်းဆောင်အဖြစ်ကြေငြာပြီး၊ ရှုံးပြီးအကြွေးတင်သွားတဲ့ကျောင်းသားတွေကတော့ အခြားသောပြိုင်ပွဲဝင်အတန်းဖော်ရဲ့ အခိုင်းအစေဖြစ်သွားရပါတယ်။ Manga ကနေ anime ကိုဖန်တီးခဲ့တဲ့ဒီစီးရီးဟာ၊ Squid Game ထဲက ဂိမ်းတွေကိုဖန်တီးတဲ့လူဆိုးတွေကြောင်း စဉ်းစားလိုက်တဲ့အခါ ခံစားရမယ့်ခံစားချက်အတိုင်း ပေးစွမ်းပါတယ်။