Kento Yamazaki ပါဝင်သော ရုပ်ရှင်၊ဇာတ်လမ်းများ !!!

Kento Yamazaki ကို ၁၉၉၄ခုနှစ်၊ စက်တင်ဘာ ၇ ရက်နေ့တွင် တိုကျို၊ Itabashi တွင်မွေးဖွားခဲ့ကာ အသက်၂၅နှစ်ရှိပြီဖြစ်ပြီး သရုပ်ဆောင်၊မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့  Live-TV ရုပ်မြင်သံကြားဇာတ်လမ်းတွဲ Death Note (2015) ရဲ့ဇာတ်ဆောင် “ L “အဖြစ်လူသိများပါတယ်။

https://images-na.ssl-images-amazon.com/images/I/51rWmPl8MRL._SY445_.jpg

ဂျပန်ဆေးဘက်ဆိုင်ရာဇာတ်လမ်း Good Doctor (2018) ကိုပြန်လည်ရိုက်ကူးခဲ့ရာတွင် အဓိကဇာတ်ဆောင်အဖြစ် ပါဝင်ခဲ့ပြီး  LLK DK (2014), Heroine Shikkaku (2015) နှင့် Orange (2015) တွင်ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ သူပါဝင်ခဲ့တဲ့ ဇာတ်လမ်းတွေဟာ အရမ်းကိုကောင်းလွန်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

 

Good Doctor (2018)

https://m.media-amazon.com/images/M/MV5BZjZjODVmYTYtMmNjZS00MjY0LWEzOGMtNTRiZDZiYzYwZThlXkEyXkFqcGdeQXVyMzQ5MzAyMzI@._V1_.jpg

ဒီဇာတ်လမ်းတွဲလေးဟာဆိုရင် ၂၀၁၃ခုနှစ်ကရိုက်ကူးခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး အရမ်းကိုကောင်းတဲ့ဇာတ်လမ်းတွဲဖြစ်ပါတယ်။

 

L- DK (2014)

https://www.flixwatch.co/wp-content/uploads/80116995-800×450.jpg

ဒီဇာတ်ကားလေးကတော့ Manga ကိုအခြေခံကာပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား Romance ဆန်တဲ့ ဇာတ်ကားလေးဖြစ်ပါပဲ။ ခပ်အေးအေးနဲ့ အဖက်သိပ်မလုပ်တတ်တဲ့ ဇာတ်ကောင်စရိုက်အနေနဲ့ သရုပ်‌ဆောင်ထားတာဖြစ်ပြီး ခပ်ချေချေကောင်လေးတွေကိုမှ သဘောကျတဲ့ ဇာတ်လမ်းကြည့်ချင်တဲ့ဆိုရင်တော့ ဒီဇာတ်ကားလေးကို ကြည့်ဖို့ ညွှန်းလိုက်ပါတယ်နော်။

 

Heroine Disqualified (2015)

https://m.media-amazon.com/images/M/MV5BOTNkNjQ2MzItNDU5Ny00YWQzLWE2YjMtMjRhMzY1MTJjMmU3XkEyXkFqcGdeQXVyNTI4ODg2Mjc@._V1_.jpg

 

ဒီဇာတ်ကားလေးကလည်း Manga ကိုအခြေခံကာပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ အထက်တန်းကျောင်းသား Romance ဟာသ ဆန်တဲ့ Live Action ဇာတ်ကားလေးဖြစ်ပါတယ်။

 

Your Lie in April

ဒီဇာတ်ကားလေးကလည်း Manga ကိုအခြေခံကာပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်။ မဖြစ်မနေကြည့်သင့်တဲ့ Live Action လေးပါနော်။

 

Orange (2015)

https://upload.wikimedia.org/wikipedia/en/6/6c/Orange_%282015_film%29_poster.jpeg

 

Manga ကိုအခြေခံကာပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး ကိုယ့်ကိုယ်ကိုသတ်သေခဲ့တဲ့ ကောင်လေးတစ်ယောက်ကို သူ့ရဲ့ သူငယ်ချင်းတွေက ကယ်တင်ဖို့ အနာဂတ်ကနေ စာပို့ကာ အကူအညီတောင်းတဲ့ Teen Fantasy Drama လေးပဲဖြစ်ပါတယ်။

 

A Girl & Three SweetheartsSuki na Hito ga Iru Koto (好きな人がいること) 2016

https://i.mydramalist.com/0OvlNf.jpg

 

ဒီဇာတ်လမ်းတွဲလေးကတော့ ညီအစ်ကို၃ယောက်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းရိုက်ကူးထားတာဖြစ်ပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

 

Wolf Girl & Black Prince 


https://asianwiki.com/images/0/0b/Wolf_Girl_and_Black_Prince-p1.jpg

 

ဒီဇာတ်ကားလေးကလည်း Manga ကနေပြန်လည်ရိုက်ကူးထားတဲ့ Live Action လေးပါ။ အနိုင်ကျင့်တတ်တဲ့ ကောင်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ ခပ်ရိုးရိုး ကောင်မလေးတို့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်။

 

Todome no Kiss (トドメの接吻, Kiss that Kills) 2018

https://i.mydramalist.com/6o50Of.jpg

ဒီဇာတ်လမ်းတွဲလေးကလည်း အဆန်းလေးပါပဲ။ ဇာတ်လမ်းအကြောင်းလေးကို ပြောလိုက်ရင် ‌ပေါ့သွားမှာဆိုးလို့ မပြောတော့ဘူးနော်။ဒီဇာတ်လမ်းတွဲတွေအပြင် အခြားသူပါဝင်ထားတဲ့ ဇာတ်လမ်းတွဲတွေ ရှိပါသေးတယ်။ ဇာတ်လမ်းကောင်းလေးတွေကြည့်ရရုံတင်မကဘူး ဂျပန်စာလေ့လာနေတဲ့သူတွေအတွက်လည်း ဒီဇာတ်ကားတွေအကုန်ကြည့်ပြီး သွားတာနဲ့ ဂျပန်စာအရည်အချင်းတိုးတက်လာမယ်ဆိုတာ အာမခံပါတယ်နော်။

 

Ei Mon

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: