ဓာတုဗေဒပညာရပ်ဖြင့် နိုဘယ်ဆုရရှိခဲ့တဲ့ အခိရ ယိုရှိနို

၂၀၁၉ခုနှစ်ရဲ့ နိုဘယ်ဆုရှင်ကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ မဲဂျိုးတက္ကသိုလ်ရဲ့ ပါမောက္ခ အခိရ ယိုရှိနို ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ သူကတော့ ဂျပန်လူမျိုးနိုဘယ်ဆုရှင် ၂၇ယောက်မြောက်ပါ။ဓာတုဗေဒပညာရပ်ဆုရှင် ၈ယောက်မြောက်ဖြစ်ပါတယ်။

https://news.livedoor.com/article/detail/17207432/

သူတီထွင်ခဲ့တဲ့အရာကတော့ ကျွန်ုပ်တို့နေ့စဉ်သုံးစွဲနေတဲ့ အရာပဲဖြစ်ပါတယ်။
အဲ့ဒါကတော့ Lithium ion battery ကိုတီထွင်ခဲ့တာပဲဖြစ်ပါတယ်။
Lithium ion battery ကို ယခုအခါတွင် စမတ်ဖုန်းများ၊ ကွန်ပျူတာများ၊
လက်တော့များ၊ ထို့ပြင် လျှပ်စစ်ကားများနှင့် အမျိုးမျိုးသော လျှပ်စစ်ပစ္စည်းများ၏
ဘက်ထရီအဖြစ်အသုံးပြုသည်။
အားပြန်သွင်းနိုင်သည့်သိုလှောင်မှုဘက်ထရီ လို့ခေါ်တဲ့ အမျိုးအစားမှာ
ယခင်ကတည်းက ရှိခဲ့ပေမဲ့လည်း၊ ဘက်ထရီရဲ့အရွယ်အစားနှင့်ဆန့်ကျင်ပြီး
လျှပ်စစ်ကြီးမာသောပမာဏကို
သိုလှောင်နိုင်တဲ့စွမ်းဆောင်မှုမှာထူးခြားသည့်လုပ်ဆောင်ချက်ဖြစ်တယ်။

https://news.livedoor.com/article/detail/17207432/

ဒီ ဘက်ထရီကို မတီထွင်ခဲ့ဘူးဆိုရင် စမတ်ဖုန်းမှာ ယခုလိုအရွယ်အစားသေးသေးလေး
ဖြစ်လာမှာမဟုတ်ဘဲ၊ လျှပ်စစ်ကားတွေမှာလည်း လက်တွေ့ကျကျခရီးမိုင်ပေါင်းများစွာ
ကိုမောင်းနှင်နိုင်မည်မဟုတ်ပါ။
သူတီထွင်ထားတဲ့ ဒီဘက်ထရီကို သုံးထားတဲ့ကားတွေကို ဖြန့်ဖြူးလိုက်မယ်ဆိုရင်
တစ်ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ပြဿနာတစ်ခုဖြစ်တဲ့ လေထုညစ်ညမ်းမှုကိုလည်း
များစွာ လျော့ချပေးနိုင်မယ်။
လူသားများအတွက် ထို့အပြင်ကမ္ဘာကြီးအတွက်ကြီးမားတဲ့အထောက်အပံ့ကို
တီထွင်ပေးခဲ့တဲ့ မစ္စတာယိုရှိနို၊ နိုဘယ်ဆုရရှိခြင်းအတွက်အရမ်းကိုဂုဏ်ယူမိပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: