ဒီဘောင်းဘီနဲ့ဆို လူကြားထဲလည်း လေလည်လို့ရပြီ

တိုကျိုမြို့မှာနေထိုင်တဲ့ အထက်တန်းကျောင်းသားသုံးယောက်ဟာ “လေလည်တဲ့အသံနဲ့အနံ့ကို ဖျောက်ဖျက်ပစ်မယ့် အတွင်းခံဘောင်းဘီ” ကို တီထွင်ဖို့စိတ်အားထက်သန်နေကြပါတယ်။

ဒီဘောင်းဘီမှာ အသံလုံ၊ အသံထိန်း၊ အနံ့ဖျောက် ဆိုတဲ့ လုပ်ဆောင်ချက် 3 ခုကိုပေါင်းစပ်ထည့်သွင်းထားဖို့ရည်ရွယ်ပြီး ရေမြှပ်နဲ့ သတ္တုတွေ၊ အပြင်သဘာ၀ပစ္စည်းတွေကိုအသုံးပြုပြီး စမ်းသပ်လုပ်ဆောင်နေတာြဖစ်ပါတယ်။

လူငယ်တွေပီပီ ဟာသဆန်ပြီး စိတ်၀င်စားစရာကောင်းတဲ့ သိပ္ပံစမ်းသပ်မှုကိုလုပ်ဆောင်နေတာကြောင့် အကယ်၍ ပစ္စည်းထုတ်လုပ်မှု မအောင်မြင်ခဲ့ရင်တောင် တီထွင်ကြံဆမှုနဲ့ ကြိုးစားအားထုတ်မှုတန်ဖိုးကို အသိအမှတ်ပြုတဲ့အနေနဲ့ တက္ကသိုလ်အချို့က သူတို့ကို ကျောင်း၀င်ခွင့်ပေးကြမှာပါ။

ဒါကြောင့် သူတို့ရဲ့ တီထွင်မှုကို အားပေးချင်ပေမယ့် “ဘာလို့များ ဒီလိုရှာရှာဖွေဖွေ သုတေသနကို လုပ်ဖြစ်တာပါလဲ” လို့ ရည်ရွယ်ချက်ကို

မေးကြည့်လိုက်တဲ့အခါမှာတော့ တုံ့ပြန်ဖြေဆိုချက်က အနည်းငယ်အံ့အားသင့်စေခဲ့ပါတယ်။

https://www.newsweekjapan.jp/reizei/2019/07/post-1099.php

ပတ်၀န်းကျင်ကို အားနာပြီးလေလည်ချင်တာကို ထိန်းချုပ်ထားတာဟာ ကျန်းမာရေးကိုထိခိုက်စေပါတယ်။ အဲဒီအတွက် ပတ်၀န်းကျင်ကိုရော၊ ကာယကံရှင်ရဲ့ကျန်းမာရေးကိုရော မထိခိုက်အောင်လို့ပါ။

ဟုတ်ပါတယ်။ လက်ရှိဂျပန်ကျောင်းသားတွေဟာ ဒီလိုပူပန်သောကတွေကို ရင်ဆိုင်နေရပါတယ်။

မကြာခင်မှာ အသက် 50 ပြည့်တော့မယ့် စားရေးသူဟာ ရှင်သန်လာခဲ့တဲ့တလျှောက် ဒီကိစ္စကို ဒီလောက်လေးလေးနက်နက် မတွေးဖူးပါဘူး။

လူရှေ့မှာလည်း သိပ်ဂရုမစိုက်တတ်တဲ့လူတွေကတော့ ထိုင်နေရာကနေ နည်းနည်းလေးကြွ၊ ပြသနာကိုထုတ်လွှတ်လိုက်ပြီး ဟန်မပျက်ပြန်ထိုင်ချလိုက်တာမျိုးလည်း ရှိတာပါပဲ။ ဒါပေမဲ့ဒီလူငယ်လေးတွေကတော့ ဒါကိုပူပန်နေကြပါတယ်။

လူ့မစင်ရဲ့အနံ့အသက်၊ လေလည်တဲ့အနံ့ဆိုးတွေဟာ စိတ်မနှစ်မြို့စရာြဖစ်ပေမယ့် လူတိုင်းတော့ဖြစ်ကြတာပဲလေ။ လူတွေဆီကထွက်လာတဲ့မနှစ်မြို့စရာတွေကို သိပ်ပြီးတော့ နားလည်သည်းခံမပေးနိုင်တာက အခုခေတ်လူငယ်တွေရဲ့ ပြသနာတစ်ခုဖြစ်နေတာပါ။

လေလည်တာ၊ အလေးစွန့်တာဟာ ဘယ်သူ့မှာမဆို ဖြစ်ပျက်နေတဲ့ ဇီ၀ကမ္မဖြစ်စဥ်တွေပဲလေ။

ဒါကိုအတင်းအဓမ္မ ရောဂါတစ်ခုအနေနဲ့တော့ မယူဆစေချင်ပါဘူး။ ကျောင်းသားလေး သုံးယောက်ရဲ့တီထွင်ဖန်တီးမှုဟာ စိတ်၀င်စားဖို့လည်းကောင်းပြီး ဒီလိုကုန်ပစ္စည်းသစ်ကိုတီထွင်ထုတ်လုပ်ဖို့ စိတ်ပါလက်ပါကြိုးစားနေကြတာဟာ လေးစားစရာကောင်းပေမယ့် လေလည်တဲ့ကိစ္စကို ကြီးမားတဲ့ပြသနာတစ်ခုအနနဲ့ ယူဆထားဖို့တော့ မလိုအပ်ဘူးထင်ပါတယ်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: