သင်လည်း နင်ဂျာ ဖြစ်နိုင်ပြီ!

တစ်ကမ္ဘာလုံးက ချစ်ကြတဲ့ နင်ဂျာ!

“ တစ်နေ့ကျရင် နင်ဂျာ ဖြစ်ချင်တယ်” လို့ တွေးဖူးတဲ့ ယောက်ျားလေးတွေ တော်တော်ရှိတဲ့ ပုံပဲနော်။

ဂျပန်လူမျိုးတွေထက် နိုင်ငံခြားသားတွေက ပိုဖြစ်ချင်ကြမယ်ထင်တယ်နော်။

 

နင်ဂျာ fan တို့ရေ မင်္ဂလာပါ!

ဒီနေ့ သင်ကိုယ်တိုင် နင်ဂျာတစ်ယောက် ဖြစ်လာနိုင်မယ့် အကောင်းဆုံး ဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

လွယ်လွယ်ကူကူပြောရရင် Darts လိုမျိုး Ninja ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။

Darts ကိုပစ်ရမှာမဟုတ်ပါဘူး၊ နင်ဂျာလက်နက်တွေကို အသုံးချပြီး ပစ်မှတ်ကို ထိအောင်ပစ်နိုင်ရင် အမှတ်ရမှာပါ။

နင်ဂျာဖြစ်သွားပြီ…မိုက်လိုက်တာ…

 

ဒီဂိမ်းစက်လေးသာ ပိုင်ဆိုင်ထားမယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ် နင်ဂျာတစ်ယောက် လို ခံစားရစေမှာ ဖြစ်ပါတယ်။

သို့သော် ဂိမ်းဆိုင်တွေမှာပဲ ဒီစက်လေးက ရှိနေမှာပါ။ အိမ်မှာဝယ်ထားဖို့က ကြီးလွန်းပြီး ဈေးလည်းကြီးလို့ပါ။

 

ဒါပေမယ့် အိမ်သုံးလည်း ရှိပါတယ်။

ကိုယ့်အိမ်မှာ ကစားနိုင်တဲ့ ပုံစံလေးလည်း ရှိတယ်နော်။

Darts မှာလိုမျိုးပဲ ဂိမ်းအမျိုးအစား တော်တော်များများကို ကစားလို့ရပါတယ်။

အသုံးပြုရမည့် နင်ဂျာလက်နက်တွေဟာလည်း Resin နဲ့ ပြုလုပ်ထားပြီး ပျော့ပျောင်းတာကြောင့် စိတ်ချရပြီး၊ ဘုတ်ပြားမှာ စိုက်သွားရင် ကျေနပ်ဖို့ကောင်းပါတယ်။

သင်ရော နင်ဂျာ မဖြစ်ချင်ဘူးလား?

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: