အမိုက်စား Sailor Moon Mania !

ဂျပန်နိုင်ငံနဲ့ ရုရှားနိုင်ငံဟာ အရမ်းကိုကွာခြားတာကြောင့် သိပ်ပြီးပတ်သက်ဆက်နွယ်မှုတွေမရှိကြပါဘူး။

ဂျပန်လူမျိုးတွေက ရုရှားနိုင်ငံကို ကြောက်စရာကောင်းတယ်လို့ ခံယူထားတဲ့သူတွေများပါတယ်။

ဒါပေမယ့် ရုရှားကတော့ ဒီလိုပါ။

ဂျပန်ကို နှစ်သက်တဲ့သူတွေတော်တော်များပါတယ်။

ဘယ်သူတွေလဲဆိုရင် anime fan တွေဖြစ်ပါတယ်။

ရုရှားလူမျိုးတွေက Sailor Moon ရဲ့ အဖွင့်ကို Live action ပြုလုပ်ခဲ့တယ်လို့ ကြားသိရပါတယ်။

Sailor Moon လို့ပြောလိုက်တာနဲ့ မိန်းမချောလေးတွေတိုက်ခိုက်ကြတဲ့ anime ဆိုတာကို သိကြလိမ့်မယ်ထင်ပါတယ်။

https://mdpr.jp/music/detail/1469315

နောက်ပြီးတော့ ရရှားလို့ပြောရရင် မိန်းမချောလေးတွေပေါများတဲ့နိုင်ငံ ဆိုပြီးလူသိများပါတယ်။

မိန်းမချောလေးတွေများတဲ့ Sailor Moon နဲ့ကိုက်ညီမှာပေါ့နော်လို့ မျှော်လင့်ထားပေမယ့် ဒီလိုဘယ်သူမှ မမျှော်လင့်ထားတာမျိုးကို လုပ်ပြခဲ့ပါတယ်။

https://www.youtube.com/watch?v=FcVHuYD7reg&feature=youtu.be

စလာကတည်းက မဟုတ်တာတွေနဲ့ မမျှော်လင့်ထားတဲ့ ဗီဒီယိုတစ်ခုထွက်လာခဲ့ပါတယ်။

အဲ့ဒီအတောအတွင်းမှာ ကောင်းမွန်တဲ့ပုံစံတစ်မျိုးနဲ့ တစ်ရှိန်ထိုးပြန့်ပွားခဲ့တယ်ဆိုတာက အိုင်ဒီယာကောင်းလို့ဖြစ်ပါတယ်။

လူတွေဖန်တီးထားတဲ့ Sailor Moon ကို အကြိုက်တွေ့မိပါသလား?

သေချာပြန်ကြည့်ကြည့်မယ်ဆိုရင် Anime version နဲ့ အချိန်ကိုက်ပြထားတာက တကယ်ကို အံ့သြဖို့ကောင်းပါတယ်။

တကယ်ကို လေးလေးနက်နက်နဲ့ ကြိုးစားပြီးဖန်တီးထားတယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ရယ်ရတဲ့ ပေါက်ကရ Sailor Moon ကိုပြပြီးသွားပြီဆိုတော့

ရုရှားစကိတ်မယ်လေး Medvedeva လှလှပပလေး သရုပ်ဖော်သွားတာကို ကြည့်လိုက်ပါဦး။

https://www.youtube.com/watch?v=UL_k-RJCSEo

ဒါကတော့ အမှန်အကန်ပါပဲ။

မျှော်လင့်ထားတဲ့ Sailor Moon ရုရှားမယ်လှလှလေး ဆိုတာပေါ့။

ဒါနဲ့ Sailor Moon စပြီးပေါ်ကတည်းကနေဆိုရင် ၂၅ တိုင်တိုင်ရှိခဲ့ပါပြီ။

အချိန်တော်တော်ကြာကြာ ကမ္ဘာတစ်ဝှမ်းလုံးကိုကြိုက်နှစ်သက်စေခဲ့တဲ့ Anime တစ်ခုဖြစ်နေတာ အံ့သြစရာပဲနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: