ပရော်ဖက်ရှင်နယ် Gamer ဖြစ်ဖို့ ကျောင်းတက်စို့ !

အခု အိုလံပစ်၏ အသစ် ပြိုင်ပွဲတစ်ခုလို့တောင်သတင်းတွေထက်နေတဲ့ eSportsဆိုတာကိုသိပါသလား

Sportsဆိုတဲ့စကားလုံးကိုသုံးထားပေမယ့် ကွန်ပျူတာနဲ့ ဆော့ကြတဲ့ တိုက်ပွဲဂိမ်းပါ။

ဘယ်လိုလုပ် အားကစားလို့ပြောလဲဆိုတာကတော့ စဥ်စားစရာဘဲနော်။

 

ဒါပေမယ့် ကမ္ဘာ့ တစ်၀ှမ်းမှာ eSportsဂိမ်းဆော့တဲ့သူလူဦးရေက သန်းပေါင်းများစွာရာနှင့်ချီပြီးတော့ ရှိပါတယ်။

အင်တာနက်ရှိတဲ့အတွက် ဘယ်နေရာဘဲရောက်နေနေ အလွယ်တကူဆော့လို့ရတာက

လူကြိုက်များတဲ့အဓိကအကြောင်းရင်းဘဲဖြစ်ပါတယ်။

 ဘယ်လိုဂိမ်းမျိုးလည်းဆိုတော့ ….

 

Counter-Strike: Global Offensive

http://news.denfaminicogamer.jp/kikakuthetower/180208

 

League of Legends

http://news.denfaminicogamer.jp/kikakuthetower/180208

 

Dota 2

http://news.denfaminicogamer.jp/kikakuthetower/180208

Dota2ဆိုရင် အရင်ပြိုင်ပွဲတုန်းက ပေးတဲ့ဆုကြေးငွေစုစုပေါင်းဆိုရင် အမေရိကန်ဒေါ်လာ ၁၃၀,၀၀၀,၀၀၀လောက်တောင်ရှိတာပါ။

တော်တော့်ကိုများတဲ့ငွေကြေးပမာဏပါ။

အရင်တုန်းကဆိုရင် အလုပ်မလုပ်ဘဲ ဂိမ်းတွေချည်းဘဲဆော့နေရင် မိဘတွေကဆူတယ်၊ အပြောခံရမယ်။

အခုကတော့ ခေတ်ကပြောင်းသွားပါပြီ။

 ဂိမ်းဆော့ပြီးပိုက်ဆံရှာမယ့်ခေတ်ကိုရောက်လာပါပြီ။

ဂျပန်ရဲ့ သက်မွေးဝမ်းကျောင်းတွေမှာဆိုရင် ပရော်ဖက်ရှင်နယ်ဂိမ်းကစားသူတွေကို ပြုစုပျိုးထောင်ပေးတဲ့ သင်တန်းတွေတောင်ရှိလာပါပြီ။

တိုကျို anime၊ အသံနဲ့သရုပ်ဆောင်သက်မွေးဝမ်းကျောင်းပါ။

အခုလက်ရှိတော့ ဂျပန်မှာ ဒီကျောင်းတစ်ကျောင်းတည်းရှိပါသေးတယ်။

၂၀၁၉မှာတော့ နောက်ထပ်ကျောင်းပေါင်း ၄ကျောင်းလို့ထပ်ဖွင့်ဖို့ရှိတယ်လို့သိရပါတယ်။

 

ဂိမ်းဆော့ရတာကို ကြိုက်တယ်ဆိုရင် နှိုက်နှိုက်ချွတ်ချွတ်လေ့လာပြီးတော့ ပရော်ဖက်ရှင်နယ်ဂိမ်းကစားတဲ့သူ ဖြစ်အောင်လုပ်လို့ရပြီလေနော်။

 

 

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: