အပြင်မှာ ပစ္စည်းအစစ်တွေနဲ့ လက်တွေ့ဆော့နိုင်မယ့်ဂိမ်း

အဆင့်မြင့်တဲ့ ကားအကောင်းစားတွေကို ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ အလုပ်ပါ။

အရင်တုန်းကတော့ ဂိမ်းစက်တွေဝယ်ပြီး အိမ်မှာနေရင်းဘဲဖြစ်ဖြစ် ဂိမ်းဆိုင်သွား ရင်းဘဲဖြစ်ဖြစ် ဂိမ်းတွေဆော့ခဲ့ဖူးကြမှာပါ။ အဲ့တီဗီဂိမ်းတွေထဲမှာနာမည်ကြီးဂိမ်းတစ်ခုဖြစ်တဲ့ Gran Turismo ဆိုတဲ့ပြိုင်ကားဂိမ်းကို ဆော့ရတဲ့ခံစားချက်က ကားအစစ်မောင်းရတာနဲ့တူတယ်ဆိုပြီး တစ်ကမ္ဘာလုံးမှာ နာမည်ကြီး လူကြိုက်များ ခဲ့ကြပါတယ်။

 

Play Station ရဲ့ဂိမ်းစီးရီးအရောင်းမြင့်တင်ဖို့အတွက် တော်တော်လေးအရေးပါတဲ့ အခန်းကဏ္ဍမှာပါဝင်ခဲ့တဲ့ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဒီဂိမ်းကို အပြင်မှာကားအစစ်နဲ့ ဆော့လို့ရတော့မှာ ဖြစ်ပါတယ်။

 

ဒီကားကိုမောင်းမဲ့လူက ကားမောင်းကျွမ်းကျင်တဲ့ Jann Mardenborough ဖြစ်ပါတယ်။

ကားပြိုင်ပွဲမှာ ပြိုင်ကားမောင်းတဲ့သူဖြစ်ပါတယ်။

 

ဒီလူလက်ထဲမှာ ကိုင်ထားတာကတော့ PlayStation ဂိမ်းခလုတ်ပဲဖြစ်ပါတယ်။

 

ကားစတီယာရင်၊ ဂီယာ၊ ဘရိတ်၊ လီဗာတွေကို ထိန်းချုပ်ဖို့ စက်လေးလုံးတပ်ဆင်ထားတဲ့ ကားအစစ်နဲ့မောင်းနှင်တာဖြစ်ပါတယ်။

ကားမှာ ကွန်ပျူတာ၆လုံးတပ်ဆင်ထားပြီး၊ ကွန်ပျူတာအသီးသီး တစ်စက္ကန့်ကို အကြိမ်၁၀၀ ထိန်းချုပ်မှုသတင်းအချက်အလက်တွေကို Update လုပ်ပေးပါတယ်။

တစ်နည်းအားဖြင့် ထိန်းချုပ်တဲ့နေရာမှာ နှောင့်နှေးမှုတွေမဖြစ်အောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။

၁ကီလိုမီတာကွာဝေးတဲ့နေရာကနေလည်း ထိန်းချုပ်လို့ရပါတယ်။

 

ကားအစစ်က ဒီတစ်ခုဘဲဖြစ်ပါတယ်။

NissanGT-R ဖြစ်ပါတယ်။ ဒီကားကလည်း ဂိမ်းထဲမှာ လူကြိုက်တော်တော်များတဲ့ ကားဖြစ်ပါတယ်။

 

 

ဒီကားကို ဟယ်လီကော်ပတာထဲက ထိန်းချုပ်မောင်းနှင်မှာဖြစ်ပါတယ်။

 

 

ဒီကားကို 211km/h အမြန်နှုန်းနဲ့မောင်းနှင်မှာဖြစ်ပါတယ်။

 

ဒီဗီဒီယိုလေးကို ကြည့်လိုက်ပါဦး။

https://www.youtube.com/watch?time_continue=35&v=jxKTBRcVROw

 

 

နောက်ပြီး၊ ဒီကားကိုလည်းရောင်းဖို့အစီအစဉ်မရှိပါဘူးတဲ့။

ဒါလည်းကောင်းပါတယ်။ မြို့ထဲကလမ်းတွေမှာမောင်းလို့ကတော့ တော်တော်လေး အန္တရာယ်များပါတယ်။

 

 

ကိုးကား

http://nlab.itmedia.co.jp/nl/articles/1710/11/news086.html

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: