ကောင်းကင်ပေါ်ပျံတက်သွားတဲ့ ဆာမူရိုင်း။ စစ်ပွဲရှေ့တန်းမှာရုတ်တရက် ပျံတက်သွားခြင်း!

ကောင်းကင်ပေါ် ပျံနိုင်တဲ့ ဆာမူရိုင်း ဆိုပြီးပြောကြတာမျိုးရှိပါတယ်

ကောင်းကင်ပေါ်ပျံနိုင်တဲ့ စက်တွေမရှိတဲ့ခေတ်မှာ ဒီစကားရှိတယ်ဆိုတော့ ထူးဆန်းနေပါတယ်

 

ခုန်ပျံတက်သွားပြီး စစ်ပွဲရှေ့တန်းကို တက်လာခဲ့တဲ့ ယောကျ်ားတစ်ယောက် ရှိခဲ့ပါတယ်

အရင်ဆုံး ဒီပန်းချီကို ကြည့်ကြည့်လိုက်ပါ

https://mag.japaaan.com/archives/169262

 

ဘယ်ဘက်အပေါ်နားမှာ နည်းနည်းထူးဆန်းနေတဲ့သူ ရှိတယ်မလား?

ပျံနေပုံ ပေါက်တယ်မလား?

 

မြစ်ထဲမှာ ခြေထောက်နစ်နေကြတဲ့ သူတွေကြားထဲမှာ ခုန်ပျံတက်ရင်း အ‌ရှေ့ဆုံးကို ထွက်နေတဲ့ပုံပါ

သူကတော့ ဒီတစ်ခေါက်ရဲ့ ဇာတ်လိုက်ဖြစ်တဲ့ Ogushi Jiro Shigechika ပဲဖြစ်ပါတယ်

 

Shigechika ကဘယ်လိုပျံနိုင်နေတာလဲ?

 

1184 ခုနှစ် ဇန်နဝါရီလ 20ရက်နေ့မှာ ပျံနေခဲ့တာပါ

ကျိုတိုမြို့ Uji မြစ်ထဲမှာ ရန်သူတွေနဲ့ ထိပ်တိုက် တိုက်ခိုက်နေခဲ့ကြတာပါ

မြစ်ကိုဖြတ်ပြီး ရန်သူကို လိုက်ခဲ့ကြပေမယ့် ဆာမူရိုင်းဆိုတိုင်း ရေကူးကျွမ်းကျင်ကြတယ်လို့ မဆိုလိုဘူးလေ

 

ရေစီးကြောင်းနဲ့ မြောပါပြီး ရေနစ်သွားသူတွေလည်း ရှိခဲ့ပြီး ရန်သူနဲ့ မတိုက်ခိုက်ခင်မှာပဲ ရှုတ်ရှတ်တွေ ခတ်ကုန်ပါတော့တယ်

ကယ်ကြပါဦး!!!

လို့အော်နေကြမယ် လို့တွေးမိပါတယ်၊ ဒီတစ်ခေါက်ရဲ့ ဇာတ်လိုက်ကျော်ကလည်း အဲ့ဒီလိုပဲ ရေထဲနစ်ပါသွားခဲ့ပါတယ်

 

အနီးနားမှာ ရှိနေခဲ့တဲ့ Hatakeyama Shigeda ရဲ့မြင်းကို မိမိရရ ဆွဲကိုင်ထားပါတယ်

ငြိမ်ငြိမ်လေးနေနေရင် ရေမနစ်နိုင်ပေမယ့်၊ လန့်ပြီးပျာယာခတ်သွားတဲ့ Shigechika ကြောင့် မြင်းပါလန့်သွားပါတော့တယ်

 

ဒီအတိုင်း ဆိုရင်တော့ မြင်းရောလူတွေရောနစ်ကုန်တော့မယ်လို့ Shigeda ကတွေးမိပြီး၊ Shigechika ရဲ့လည်ပင်းကို ဆွဲပြီးမတင်ပေးလိုက်ပါတယ်

ပြီးတော့ အားကုန်သုံးပြီး ရန်သူတွေရှိနေတဲ့ ရှေ့တန်းကို လွှင့်ပစ်လိုက်ပါတော့တယ်

 

“Ogushi Jiro Shigechika မင်းကငါတို့တပ်ရဲ့ ရှေ့ပြေးပဲ!”

 

လို့ Shigeda ကအော်လိုက်ပါတယ်

ရှေ့ပြေးဆိုတာ အားလုံးထက်အရင် ခုန်တက်သွားပြီးတိုက်ခိုက်ရတဲ့ သတ္တိရှိတဲ့ ဆာမူရိုင်းပါ

ပုံမှန်ဆိုရင် မြင်းအသန့်ဆုံးကို စီးရပြီး ရန်သူတွေကြားထဲ ပြေးခုန်ဝင်သွားရတာဆိုပေမယ့်၊ သူကတော့ ပြေးရင်းလွှားရင်း ရောက်သွားရပါတော့တယ်

ဒါတင်မကသေးဘဲ စိုရွှဲပြီး လွှင့်ပစ်ခံလိုက်ရတာပါ

 

တကယ့်ရှေ့ပြေးစစ်သားကလည်း သူနဲ့ခပ်လှမ်းလှမ်းနေရာမှာ ရှိနေပြန်တော့ ရန်သူတွေရော၊ ကိုယ့်ဘက်ကဆာမူရိုင်းတွေပါ တဝါးဝါးနဲ့ ရီကုန်ကြပါတော့တယ်

စစ်မြေပြင်မှာ ရုတ်တရက်ပွင့်ခဲ့တဲ့ ရယ်မောခြင်းပန်း လေးဖြစ်သွားပါတော့တယ်

 

အပစ်ခံလိုက်ရတဲ့သူကတော့ ကြောက်နေခဲ့မှာနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: