Ken Shimura ရဲ့ ‘BAKATONO’ သမိုင်းမှာတကယ်ရှိခဲ့တဲ့ ‘BAKATONO’ ရဲ့သနားစရာဘဝဇာတ်ကြောင်း

စိတ်မကောင်းစွာနဲ့ပဲ နာမည်ကြီးလူရွှင်တော် Ken Shimura ဟာ ကိုဗစ်ရောဂါနဲ့ပဲ မနှစ်ကဆုံးပါးသွားခဲ့ပါပြီ။ 

အချိန်အကြာကြီး ဂျပန်ကိုဟာသပျော်ရွှင်စရာတွေနဲ့ ဖျော်ဖြေပေးခဲ့တဲ့ Ken Shimura ဟာ ဂျပန်လူမျိုးတွေအပြင် နိုင်ငံခြားမှာပါလက်ချိုးမရေတွက်နိုင်လောက်အောင် ပရိသတ်တွေအများကြီးရရှိခဲ့ပါတယ်။ 

 

Shimura ရဲ့ ဟာသတွေကိုတော့ စကားကိုနားမလည်ရင်တောင် ကြည့်နေရုံနဲ့ရယ်နေရပါတယ်။ 

အဲ့ဒီထဲကမှ နာမည်ကြီးဟာသတစ်ခုကတော့ ဒီဟာပါ

https://www.lmaga.jp/news/2021/08/307789/

 

ဟုတ်ပါတယ် Bakatono စီးရီးဖြစ်ပါတယ်။ 

ဆာမူရိုင်းခေတ်ကာလရဲ့ ကြီးမြတ်တဲ့ပုဂ္ဂိုလ် Tonosama ပုံစံသရုပ်ဆောင်ထားပြီး၊ မျက်နှာကိုဖြူစွပ်နေအောင်ချယ်သကာ ဟာသပျက်လုံးတွေကိုထုတ်ပါတယ်။ 

ဒါနဲ့ Bakatono ဆိုတဲ့နာမည်ကို ကြားဖူးတဲ့လူရှိလား?

 

ဒီလောက်ကြောင်တောင်တောင် Tonosama သာအပြင်မှာတကယ်ရှိရင် သူ့ပတ်ဝန်ကျင်လူတွေကတော့ ဒုက္ခရောက်မှာပဲ… 

တကယ်မရှိလို့တော်သေးတယ်လို့တောင် ကျွန်တော်တွေးမိလိုက်တယ်..

 

ဒါပေမဲ့ အံ့သြသွားရတာက အပြင်မှာတကယ်ရှိခဲ့တယ်တဲ့..

 

ထိုပုဂ္ဂိုလ်ကတော့… 

徳川家重Tokugawa Ieshige 

သူ့ရဲ့အဖေက Tokugawa Yoshimune ဆိုတဲ့ပုဂ္ဂိုလ်ဖြစ်ပြီး၊ မျိုးဆက်ပေါင်း ၁၅ ဆက်တိုင် Tokugawa Shogunate ထဲက အထက်တန်းအဆင့်မှာ ထူးချွန်တဲ့လူဖြစ်ပါတယ်။

အကြီးဆုံးသားအဖြစ်မွေးဖွားလာတဲ့ Ieshige ဟာ၊ ကျွန်တော်တို့ကြားဖူးနေတဲ့ Bakatono ပဲဖြစ်ပါတယ်။ 

 

အဲဒိုခေတ်အလယ်ပိုင်းမှာ ဂျပန်ဟာအတည်ငြိမ်ဆုံးရှိခဲ့တဲ့ အချိန်ကာလဖြစ်ပါတယ်။ 

Ieshige ရဲ့ဇာတ်ကြောင်းကိုပြောရရင်တော့ … 

Ieshige ဟာမွေးကတည်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုမရှိဘဲ၊ ဦးနှောက်အာရုံကြောချို့ယွင်းမှုကြောင့် စကားမပြောနိုင်ခဲ့ပါဘူး.. 

သူပြောနေတာတွေကို နားလည်သူတစ်ယောက်ပဲရှိပါတယ်။ 

ထိုသူကတော့ ကလေးဘဝကတည်းက တောက်လျှောက်သူနဲ့အတူရှိခဲ့တဲ့ Tadamitsu Ooka ဆိုသူပဲဖြစ်ပါတယ်။

 

Tadamitsu ဟာ Ieshige ကိုသစ္စာမဖောက်ဘဲ၊ တစ်သက်လုံး ကူညီပေးခဲ့တယ်လို့ ပြောထားပါတယ်။

 

ဒါပေမဲ့ပတ်ဝန်းကျင်က Ieshige ကိုပစ်ပယ်ထားခဲ့ကြပါတယ်။

နေမကောင်းတာကြောင့်ပဲဖြစ်ပါလိမ့်မယ် မကြာခဏဆီးသွားတတ်ပြီး၊ အထူးသဖြင့်ဆီးမထိန်းနိုင်ဘဲ ပေါက်ချမိတာတွေကြောင့်၊ သူ့နောက်ကွယ်မှာသူ့ကို Bakatono သို့မဟုတ် 小便公方(ရှောဘန် ခုဘိုး) လို့ခေါ်ကြပါတယ်။ 

小便公方(ရှောဘန် ခုဘိုး) ဆိုတာကတော့ 小便-ရှောဘန် ဆိုတာက “ ဆီး” ဆိုတဲ့အဓိပ္ပါယ်ပဲဖြစ်ပြီး၊ 公方-ခုဘိုး ဆိုတာက “ လူထုရဲ့ကြီးမြတ်တဲ့ပုဂ္ဂိုလ်” ကိုဆိုလိုတယ်။ 

တစ်နည်းအားဖြင့် “ ဗိုလ်ချုပ်” ကိုပဲပြောခြင်းဖြစ်ပါတယ်။ 

 

Ieshige ဟာသူ့ရဲ့ဝေဒနာကြောင့် မသန်စွမ်းတဲ့သူ့ရဲ့ခန္ဓကိုယ်ကို မုန်းတီးလာခဲ့တယ်။ 

သူ့ရဲ့ညီဖြစ်သူကတော့ ဦးနှောက်လည်းကောင်းသလို၊ ရုပ်ရည်အားဖြင့်လည်းကြည့်ကောင်းတာကြောင့်၊ ညီဖြစ်သူနဲ့မိမိကိုယ်မိမိနှိုင်းယှဉ်ပြီး သတ်သေချင်လောက်တဲ့အထိ စိတ်သောကရောက်ခဲ့ပါတယ်။ 

 

Ieshige ဟာ အရွယ်ရောက်လာတဲ့အခါ ပညာရေးပိုင်းမှာရော၊ ကိုယ်ခံပညာပိုင်းမှာပါ စိတ်မဝင်စားဘဲ၊ နေ့တိုင်းအရက်ကိုပဲဖိသောက်လာခဲ့ပါတယ်။

 

အထူးသဖြင့်အခန်းထဲကထွက်လာတဲ့အချိန် ရဲတိုက်အတွင်းမှာ အရက်နံ့တွေထောင်းထသွားပါတယ်။

ဒီလိုနဲ့ပဲ သူ့ကို “ Bakatono” လို့ခေါ်တဲ့လူတွေ တစ်ဖြည်းဖြည်းများလာပါတော့တယ်။ 

အလိုလိုက်ပေးမယ့်သူမရှိတာကလည်း Ieshige ကိုပိုပြီးခံစားရစေတဲ့အကြောင်းအရင်းဖြစ်ပါတယ်။ 

 

ဒါပေမဲ့ Ieshige နဲ့ပတ်သက်ဖူးသူတွေကတော့ Ieshige ဟာ သဘောကောင်းတယ်ဆိုတာကို သိကြပါတယ်။ 

အဲ့ဒီအချိန်က ဗိုလ်ချုပ်မိသားစုထဲမှာ 大奥 Ooku ဆိုတဲ့ အဖွဲ့အစည်းရှိခဲ့တယ်။

၎င်းကတော့ ဗိုလ်ချုပ်နေရာအမွေဆက်ခံမယ့်ကလေးကို မွေးဖွားပေးဖို့အတွက်၊ ဂျပန်တစ်ခွင်မှာရှိတဲ့ မိန်းမလှလေးတွေကိုစုစည်းထားတဲ့နေရာပဲဖြစ်ပါတယ်။ 

 

Ieshige ရဲ့လက်ထပ်မှာလည်း Ooku အဖွဲ့အစည်းရှိနေပေမဲ့၊

မမျှော်လင့်ဘဲ ခေါ်ဆောင်လာတဲ့မိန်းကလေးကိုတွေ့ပြီး သနားစိတ်ဝင်သွားတဲ့ Ieshige ဟာ၊ ရွှေဒင်္ဂါး ၅၀ ထည့်ပေးပြီး ထိုမိန်းကလေးကို လွှတ်ပေးလိုက်ပါတယ်။

 

ရှေးယခင်စစ်ဗိုလ်ချုပ်တွေက လုပ်ချင်တာလုပ်ခွင့်ရှိပေမဲ့၊ Ieshige ရဲ့ကြင်နာမှုက လူတွေရဲ့နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပါတယ်။ 

ဒါနဲ့ပဲ အချစ်ခံရတဲ့ Bakatono ဖြစ်လာပါတော့တယ်။ 

 

Shimura သရုပ်ဆောင်သွားတဲ့  Bakatono နဲ့ရောမဆင်ဘူးလား?

တကယ်ပဲ စံပြပုဂ္ဂိုလ်ဖြစ်ခဲ့သလားဆိုတော့ အတိအကျမပြောနိုင်ပေမဲ့၊ နာကျင်မှုကိုမြိုသိပ်ပြီး ပတ်ဝန်းကျင်ကိုကြင်နာမှုပြသခဲ့တဲ့ Ieshige ဟာ၊ တကယ်တော့ ဗိုလ်ချုပ်ကောင်းတစ်ယောက်ဖြစ်ခဲ့ပါတယ်။ 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: