ကမ္ဘာမှာဂုဏ်ယူရတဲ့ ဂျပန်ရဲ့ရူးသွပ်တဲ့တီထွင်မှုများရဲ့ ဘုရင်ကဘယ်သူလဲ?

ဘယ်သူက ပထမဆုံးလဲ၊ အံ့သြစရာကောင်းတဲ့နည်းပညာနဲ့ အသုံးမဝင်တဲ့အရာတွေကိုဖန်တီးလို့ရလား?

ဂျပန်စီပွားရေးကို ကမ္ဘာ့ထိပ်တန်းအဆင့်ကိုဆွဲတင်ခဲ့တာက ကုမ္ပဏီကြီးများရဲ့အင်အားဖြင့်သာမဟုတ်ခဲ့ပါဘူး။
ဂျပန်မှာတော့ မြို့ပေါ်မှာအများကြီးရှိတဲ့ စက်ရုံငယ်လေးတွေ၊ တစ်နည်းအားဖြင့် မြို့ပြစက်ရုံက နည်းပညာတစ်ခုကိုပြန်လည်မွမ်းမံပြီး၊ လွှမ်းမိုးနိုင်တဲ့ကျွမ်းကျင်မှုနဲ့ ကုန်ပစ္စည်းကိုထုတ်လုပ်ခဲ့ခြင်းက ဂျပန့်စီးပွားရေးကိုအထောက်အကူဖြစ်စေတဲ့ မဏ္ဏတိုင်တစ်ခုအဖြစ်ဆက်စပ်နေပါတယ်။

စက်ရုံငယ်ဟာ အတိုင်းအတာသေးတဲ့အတွက် ကုန်ပစ္စည်းအများကြီးကိုမထုတ်လုပ်နိုင်ပေမဲ့၊ ပစ္စည်းတစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန် ကမ္ဘာ့ထိပ်တန်းအဆင့်ဝင်သွားခဲ့ပါတယ်။
တိကျတဲ့ဝက်အူကိုထုတ်လုပ်ခဲ့တာကြောင့် NASA ကနေ တိုက်ရိုက်အလုပ်ဝင်လာတဲ့ကုမ္ပဏီနဲ့၊ Intel နဲ့အလုပ်လုပ်နေတဲ့ကုမ္ပဏီစတာတွေလည်းရှိသလို၊ မြို့ပြစက်ရုံဟာ ကိစ္စတစ်ခုမှာအထူးပြုအားသားချက်ကို ပိုင်ဆိုင်ထားပါတယ်။
တကယ်တော့ စာဖတ်သူတို့အားလုံးသိထားတဲ့ SONY ဟာလည်း မြို့ပြစက်ရုံသာဖြစ်ခဲ့ပါတယ်။

အဲ့ဒီလိုမြို့ပြစက်ရုံ‌တွေဟာ လျင်မြန်စွာပဲ လျော့နည်းလာနေပါတယ်။
အဓိကပြဿနာကတော့ စျေးနှုန်းယှဉ်ပြိုင်မှုမှာ တရုတ်နဲ့အရှေ့တောင်အာရှရှိစက်ရုံတွေကို မယှဉ်နိုင်တာကြောင့်ပါ။
ခုနပြောခဲ့တဲ့ NASA ရဲ့အလုပ်မျိုးဆိုရင်၊ ဒုံးကျည်မှာအသုံးပြုမယ့်ဝက်အူမှာ ချို့ယွင်းချက်သေးသေးလေးပဲရှိမယ်ဆိုရင်တောင် ဒုက္ခရောက်သွားမှာမို့လို့ ပိုပြီးတိကျတဲ့အရာကိုတောင်းဆိုမှာဖြစ်ပေမဲ့၊ ဒီလိုအခြေအနေကလွဲရင်၊ ဂျပန်မှမဟုတ် တစ်ခြားနိုင်ငံတွေလည်းတီထွင်နိုင်တယ်ဆိုပြီးဖြစ်လာပါတယ်…

ဒီအတိုင်းဆိုရင် ဂျပန်ရဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းရဲ့အားသာချက်က လုံးဝသေဆုံးသွားမှာဖြစ်ပါတယ်။
တစ်နည်းနည်းနဲ့နည်းပညာကို နောက်မျိုးဆက်အထိလက်ဆင့်ကမ်းမှပဲ ဆိုတဲ့ကိစ္စနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်ကိုပြုလုပ်ခဲ့ကြပါတယ်။

အသုံးမဝင်တဲ့တီထွင်မှုပြိုင်ပွဲ

ပြိုင်ပွဲခေါင်းစဉ်က ရူးကြောင်ကြောင်တော့ရှိပေမဲ့၊ မြို့ပြစက်ရုံရှိလူတွေက ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ထုတ်လုပ်မှုနည်းပညာကို အစွမ်းကုန်အသုံးချပြီး၊ ဘာမှအသုံးမဝင်တဲ့ ထူးဆန်းတဲ့ကုန်ပစ္စည်းကိုတီထွင်ပြီး၊ အဲ့ဒီအသုံးမဝင်မှုကို ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။
ကိုရိုနာကပ်ရောဂါကြောင့် ချွတ်ချုံကျနေတဲ့မြို့ပြစက်ရုံကိုပြန်လည်သက်ဝင်လှုပ်ရှားစေမယ့်ရည်ရွယ်ချက်နဲ့ ၂၀၂၀ ခုနှစ်ကနေအစပြုခဲ့ကြပါတယ်။

ဒီနှစ် ၂၀၂၁ ခုနှစ်မှာလည်း ကျင်းပခဲ့ကြပါတယ်။
အဲ့ဒီပြိုင်ပွဲမှာ လူအများသဘောကျခဲ့ကြတာကတော့ グナッシ〜 ဆိုတဲ့စက်ဖြစ်ပါတယ်။

တြိဂံပုံစံထမင်းဆုပ်ရဲ့အလယ်မှာ ပါဝင်ပစ္စည်းထည့်ထားတဲ့ ဂျပန်အစားအစာ Onigiri !!!
Onigiri တွေမှာတော့ ပါဝင်ပစ္စည်းအလိုက် မိမိကြိုက်နှစ်သက်တဲ့အရသာဖြင့် ခွဲထားပါတယ်။
ဆယ်လ်မွန်ကြိုက်တဲ့လူ, Umeboshi , mentaiko စတဲ့ လူတွေရဲ့အကြိုက်အသီးသီးရှိပါတယ်။
မိမိမကြိုက်တဲ့ Onigiri ပဲကျန်မယ်ဆိုရင် အလယ်ကပါဝင်ပစ္စည်းကိုဖယ်ပစ်လိုက်ရင်မကောင်းဘူးလား ဆိုတဲ့အတွေးနဲ့ တီထွင်မှုစတင်ခဲ့ပုံရပါတယ်။

ဒါဟာတော်တော်လေး ခက်ခဲတဲ့တီထွင်မှုဖြစ်ခဲ့ပုံပါ။
Onigiri ကတော့နူးညံ့လို့ ပါမသွားအောင် ဘယ်လိုလုပ်ရမလဲ? ပါဝင်ပစ္စည်းကိုဖယ်ရှားပြီး၊ တတ်နိုင်သလောက် ဘေးကထမင်းတွေနဲ့ရေညှိကိုချန်ခဲ့ဖို့က ဘယ်နေရာကနေဖြတ်ရင်ကောင်းမလဲ? စတဲ့
ဒီလိုတီထွင်မှုမှာ အတော်လေးအချိန်ပေးခဲ့ရတယ်တဲ့..

တီထွင်သူဟာ သူလက်တွေ့စမ်းသပ်ခဲ့တဲ့ Onigiri ကို တာဝန်ယူပြီးစားခဲ့တဲ့အတွက် ၂ လအတွင်း ပေါင် 5kg တက်လာခဲ့တယ်တဲ့..

ဒီစက်ကိုတီထွင်ခဲ့တဲ့ “ ဆန်းနရီ စက်ရုံ” ဆိုတဲ့ကုမ္ပဏီရဲ့ နည်းပညာစွမ်းအားဟာ စက်မှုလုပ်ငန်းမှာတော့နာမည်ကြီးပြီး၊ တိုကျိုအိုလံပစ်ရဲ့ စင်မြှင့်ထုတ်လုပ်ရေးမှာလည်း ဆက်နွယ်နေပုံရပါတယ်…

အဲ့ဒီလို ခေတ်မီနည်းပညာကို အပြည့်အဝအသုံးချပြီး ထုတ်လုပ်ခဲ့တာက၊ Onigiri ကနေပါဝင်ပစ္စည်းကို ဖြတ်ထုတ်လိုက်တဲ့စက်ဖြစ်ပါတယ်။
တကယ့်ကို “ အသုံးမဝင်တဲ့” အကောင်းဆုံးထုတ်ကုန်ဖြစ်ပါတယ်။

Youtube ကြည့်လို့ရတဲ့လူက ဒီပြိုင်ပွဲ video ကိုကြည့်လိုက်ပါ။

စကားမစပ် မနှစ်ကပထမရခဲ့တာကတော့ ဒီအရာလေးပါ။

toilet paper မှာ သတ္တုချောင်းလေးကိုချိတ်လိုက်ရုံနဲ့ ကလေးနဲ့အိမ်မွေးတိရစ္ဆာန်လေးတွေက toilet paper ကိုဆွဲဆုတ်ဖြဲပစ်တဲ့ရန်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
ဒါဟာ အသုံးမဝင်တာမဟုတ်ဘဲ၊ နည်းနည်းတောင်အဆင်ပြေနေသလိုပဲလို့တွေးမိလိုက်ပေမဲ့ ၎င်းကစီးပွားဖြစ်တောင်ရောင်းချဖို့ရှိတယ် လို့သိရပါတယ်။

ဒီလိုတီထွင်မှုကို ကြည့်ရုံနဲ့တင်စိတ်ဝင်စားဖို့ကောင်းတယ်နော်..
ဒီပြိုင်ပွဲကနေတစ်ဆင့် ကမ္ဘာတစ်ဝှမ်းရှိလူတွေရဲ့ အာရုံစိုက်မှုဟာ ဂျပန်ရဲ့မြို့ပြစက်ရုံဆီရောက်လာဖို့၊ ဒီအပြင်မြို့ပြစက်ရုံဟာ ပြန်လည်ရယ်မောနိုင်ပြီး သက်ဝင်လှုပ်ရှားလာဖို့ မျှော်လင့်နေပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: