ရယ်စရာကောင်းရုံတင်မက စိတ်လှုပ်ရှားဖို့လည်းကောင်းတဲ့ Water Boys လေးများ !!!!

Synchronized swimming လို့ခေါ်တဲ့ အမျိုးသမီးပြိုင်ပွဲကို သိကြပါသလား?
ရေကန်ထဲမှာ အဖွဲ့လိုက်ညီညီညာညာနဲ့လှုပ်ရှားရတဲ့ အမျိုးသမီးအုပ်စုလိုက် ပြိုင်ပွဲဖြစ်ပါတယ်.
နွဲ့နှောင်းတဲ့အမျိုးသမီးတွေရဲ့လှုပ်ရှားမှု နောက်ပြီးတက်ကြွမှုတွေနဲ့အတူ အရမ်းလှပတဲ့ ပြိုင်ပွဲပဲဖြစ်ပါတယ်.

 

ဒီလူတွေ ဘယ်အချိန်အသက်ရှူကြလဲ? နည်းနည်းတော့စိတ်ပူမိတယ် ..
ဒီလောက်ကြော့ရှင်းတဲ့လှပမှုရဲ့ဆန့်ကျင်ဘက်မှာတော့ တော်တော်လေးပြင်းထန်တဲ့ပြိုင်ပွဲတစ်ခုပဲလို့ သတိထားမိလာပါတယ်။

 

https://cdn.mainichi.jp/vol1/2019/08/06/20190806oog00m010030000p/8.jpg?1

 

ဒါကို ယောက်ျားလေးတွေလိုက်ပြီးလုပ်တဲ့အတွက် WaterBoys လို့ခေါ်ရခြင်းဖြစ်ပါတယ်။
ဒီထဲမှာကြည့်လိုက်ပါ…

နည်းနည်းတော့ ရယ်ချင်စရာပဲနော်?
လို့သင်တွေးမိပါလိမ့်မယ်.. တကယ်လည်းချစ်စရာကောင်းပါတယ်။
လူတွေကိုရယ်အောင်လုပ်ရင်းနဲ့ သူတို့ကိုယ်တိုင်လည်း ရှိသမျှခွန်အားအပြည့်နဲ့ ကြိုးစားနေကြပါတယ်.

Water Boys 2 ဆိုပြီးဂျပန်ရုပ်ရှင်တစ်ခု ထွက်ထားတယ်။
ရုပ်ရှင်ရိုက်ဖို့အတွက်ပဲမဟုတ် အပြင်မှာလည်း Saitama စီရင်စုမှာ Kawagoe အထက်တန်းကျောင်းသားရေကူးကလပ် ရှိတယ်တဲ့..
သူတို့တွေ တကယ်ကိုကြိုးစားကြပါတယ်။

နှစ်တိုင်းကျောင်းရဲ့ပွဲမှာ ဖျော်ဖြေခဲ့ကြပေမဲ့၊ ဒီနှစ်တော့ Corona ကြောင့်အခက်အခဲရှိနေပါတယ်။
ဒါပေမဲ့ သူတို့တွေလေ့ကျင့်နေကြတုန်းပဲတဲ့…

 

အပျော်လုပ်နေတဲ့ပုံစံမျိုးထင်ရပေမဲ့.. သူတို့တွေတကယ်လုပ်နေတာပါ..
တကယ်က နွဲ့နွဲ့နှောင်းနှောင်းမိန်းကလေးတွေပဲသရုပ်ပြရတဲ့ Synchro မှာ တောင့်တောင့်တင်းတင်းယောက်ျားလေးတွေကလည်း ဝင်ရောက်သရုပ်ပြကြတယ်ဆိုတော့ ဒါလည်းဆွဲဆောင်မှုတစ်ခုပါပဲ..

သူတို့ကပိုလည်းခုန်နိုင်သလို တာဝါဆောက်တဲ့အခါလည်း ပိုမြင့်ပါတယ်။

ရေထဲမှာ ဘာသံမှကိုမကြားရပါဘူး။
ခက်ခက်ခဲခဲလည်းအသက်ရှူရသလို အားလုံးတညီတညာတည်းမဖြစ်ရင်လည်းမရပြန်တဲ့ ပြိုင်ပွဲဖြစ်တာကြောင့် အလေးအနက်လုပ်ရပြီး မတော်တဆထိခိုက်မှုတွေတောင် ရှိပါတယ်။

ဒီနှစ်က ကျောင်းဘက်ကနေ ကိုယ်ကိုကိုယ်ထိန်းချုပ်ရပ်ဆိုင်းထားဖို့တောင်းဆိုပေမဲ့.. သူတို့တွေကတော့ တတ်နိုင်သလောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်မှုယူထားပြီး ကျောင်းနဲ့ညှိနှိုင်းလုပ်ဆောင်နေပါတယ်။

ဖျော်ဖြေပွဲတွေလျှော့ချလိုက်ပြီး မိမိတို့ရဲ့လှုပ်ရှားမှုကို လာအားပေးတဲ့မိဘတွေအတွက်ပဲသတ်မှတ်ပြီးဖွင့်ချင်တယ်ဆိုတာကြောင့် ကျောင်းကလည်းနားလည်းပေးပြီး ခွင့်ပြုလိုက်ပါတယ်.

ဒီကလပ်ရဲ့ နောက်ထပ်တင်ဆက်မယ့် topic တစ်ခုက တကယ်တော့ synchro ဖျော်ဖြေမှုပြီးမှဖြစ်ပါတယ်။

ကိုယ်သဘောကျနေတဲ့မိန်းကလေးကို ကိုယ်ပါဝင်နေတဲ့ဖျော်ဖြေမှုကိုမြင်စေချင်တယ် ပြီးရင်တော့ အဲ့ဒီမှာပဲဖွင့်ပြောတတ်ကြတယ်..

ဒီနှစ်တော့ ဘယ်လိုလာအုံးမလဲ?
အားကစားမှာအစွမ်းကုန်ကြိုးစားထားပြီး အရမ်းသဘောကျနေတဲ့မိန်းကလေးကိုမြင်တွေ့စေကာ သဘောကျနေကြောင်းဝန်ခံကြမှာပါ..

တကယ့်ကို လူငယ်တွေရဲ့သဘာဝပါပဲ…

သူတို့တွေအတွက်တော့ ဒီပြိုင်ပွဲမလုပ်ရမချင်း နွေရာသီဟာပြီးဆုံးမှာမဟုတ်ပါဘူး..

 

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: