ဖရဲသီးကို မြန်မြန်စားတဲ့ လျို့ဝှက်ချက် !
လွန်ခဲ့တဲ့နှစ် ၄၀ မတိုင်ခင်လောက်က အရမ်းကိုနာမည်ကြီးခဲ့တဲ့ ドリフターズတိုရိဖုတာဇု လို့ခေါ်တဲ့ တီဗီရုပ်သံလိုင်းတစ်ခုရှိခဲ့ပါတယ်။
အပတ်စဥ်စနေနေ့တိုင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုတွေကိုပြုလုပ်ခဲ့တဲ့ တီဗီအစီအစဥ်ဟာလည်း ဂျပန်နိုင်ငံရဲ့ တီဗီအစီအစဥ်တွေထဲမှာ သမိုင်းတွင်ခဲ့တဲ့ အစီအစဥ်တစ်ခုဖြစ်ပါတယ်။
အကြောင်းအရာတွေအမြောက်အများကိုတင်ဆက်ခဲ့တဲ့ အဲ့ဒီရုပ်သံအစီအစဥ်ရဲ့ အကောင်းဆုံးအစီအစဥ်တစ်ခုကတော့ ဖရဲသီးကို အမြန်ဆုံးစားရတဲ့ အစီအစဥ်ဖြစ်ပါတယ်။
ရှင်းပြမနေတော့ပါဘူး၊ ဗီဒီယိုထဲမှာ ကြည့်လိုက်နော်…..
https://www.youtube.com/watch?v=BlW2SkrYZDQ
ချက်ချင်းပြောင်သွားအောင် စားလိုက်တာပဲနော်…
ကလေးအရွယ်တုန်းက ဒီလိုလိုက်လုပ်လို့ မိဘတွေဆူခံရတဲ့ထဲမှာ စာရေးသူအပြင် တခြားသူတွေလည်း ရှိမယ်ထင်ပါတယ်။
လှည့်ကွက်တွေရှိတာကိုမသိတဲ့သူတွေကတော့ မျက်လုံးပြူးပြီး အံ့သြနေရလောက်တယ်နော်။
လုပ်ကြည့်ချင်တဲ့သင့်အတွက် အဲ့ဒီဖရဲသီးမြန်မြန်စားနည်း လျို့ဝှက်ချက်ကို ပြောပြပါမယ်။
https://buzzmag.jp/archives/80550
အဲ့ဒီဖရဲသီးရဲ့အနောက်ဖက်ခြမ်းမှာတော့……
https://buzzmag.jp/archives/80550
အထဲက ဟောင်းလောင်းပေါက်ဖြစ်အောင်လှီထုတ်ထားတာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ နွားနို့သောက်တဲ့အစီအစဥ် ဖြစ်ပါတယ်။
ဒါကိုလည်းလိုက်လုပ်ဖို့ကြိုးစားခဲ့ပေမယ့်လည်း မဖြစ်နိုင်ခဲ့ပါဘူး။
လိုက်တုရင်းနဲ့ ပါးစပ်ကနေပြန်ပန်းထွက်လို့ ဆရာ၊ဆရာမ ဆူတာခံရတဲ့သူလည်းမနည်းပါဘူး။
https://www.youtube.com/watch?v=BpkoKrlfsLI
ဒီမှာလည်း လှည့်ကွက်တွေရှိနေခဲ့ပြန်ပါတယ်။
https://buzzmag.jp/archives/80550
ဖန်ခွက်ရဲ့ ဘေးပတ်ပတ်လည်မှာပဲ နွားနို့တွေကိုထည့်ထားတာဖြစ်ပါတယ်။
ဒီလှည့်ကွက်တွေကိုအစတည်းက သတိထားမိပါသလား?
ဖရဲသီးလှည့်ကွက်ဆိုရင် လွယ်လွယ်လေးပဲနော် တစ်ယောက်ယောက်ရှေ့မှာ မလုပ်ပြချင်ဘူးလား?