Tonari no Totoro ၊ ဒီမိန်ကလေးကဘယ်သူလဲ?

နာမည်ကြီးဇာတ်ကားများစွာ ထုတ်လုပ်ပြီးဖြစ်တဲ့ Studio Ghibli
ဒီထဲမှာ Tonari no Totoro လည်းအပါအဝင်ဖြစ်ပါတယ်
ကြည့်ဖူးသူများမယ်ထင်ပါတယ်
ဆဆုခိနဲ့ မဲအိဆိုတဲ့ ညီအစ်မနှစ်ယောက်နဲ့ ဇာတ်အိမ်တည်ထားတဲ့ ပုံပြင်ဆန်ဆန်ဇာတ်လမ်းလေးဖြစ်ပါတယ်
ဒီပိုစတာက ကောင်မလေးက ဘယ်သူဖြစ်မလဲ?
ဇာတ်လိုက်တွေဖြစ်တဲ့ ဆဆုခိတို့ မဲအိတို့မဟုတ်တဲ့ တခြားမိန်းကလေး
အဲ့ဒါထက် ဆဆုခိနဲ့ မဲအိတို့ကို ပေါင်းစပ်ထားတဲ့ပုံလေးဟာ ရုပ်ရှင်ပိုစတာတွေ၊ အခွေပေါ်မှာတွေ များစွာရှိနေပါတယ်
ဘယ်သူဖြစ်မလဲ?
အဝတ်အစားက ဇာတ်ကားထဲ ဆုခိဝတ်ခဲ့တဲ့အဝတ်တွေပါ
မျက်နှာကကျတော့ မဲအိ နဲ့ပိုတူပေမယ့် မဲအိ မဟုတ်ပါဘူး
ဇာတ်ကားထဲမပါတဲ့ကလေးပါ
Tonari no Totoro ဟာ ၁၉၇၅ ခုနှစ်မှာ Hayao Miyazaki ကရေးဆွဲခဲ့တဲ့ ပံုရိပ် ၃ ခုကနေအစပြုခဲ့တာပါ
ဒီမှာဆွဲထားတာက ဘတ်စ်ကားမှတ်တိုင်မှာ သူ့အဖေကို စောင့်ဆိုင်းနေတဲ့ မိန်းကလေးတစ်ဦးနဲ့ သူ့ဘေးမှာ သစ်ရွက်တစ်ရွက် ဆောင်းထားတဲ့ သတ္တဝါတစ်ကောင်ဖြစ်ပါတယ်
ဟုတ်ပါတယ် အခွေပက်ကေ့ခ်ျနဲ့ ပုံစံတူပါပဲ
အဲဒီတုန်းက အဓိကဇာတ်ကောင်က မိန်းကလေးတစ်ယောက်ပဲ ဖြစ်ခဲ့တာပါ
အဲဒီနောက် ၁၉၈၆ ခုနှစ်မှာ ရုပ်ရှင်ထုတ်လုပ်ရေး အရှိန်အဟုန်နဲ့ စတင်လာချိန်မှာတော့ ညီအစ်မနှစ်ယောက် ဇာတ်လမ်းအဖြစ် ပြောင်းလဲခဲ့ပြီး အခုလက်ရှိ ကြည့်ရတဲ့ ရုပ်ရှင်ဖြစ်လာပါတယ်
တစ်ချိန်တည်းမှာ ပြသမယ့် “ Grave of the Fireflies” ဇာတ်ကားနဲ့ ထုတ်လွှင့်ချိန် ပြဿနာကို ဖြေရှင်းဖို့လုပ်ခဲ့တယ်ထင်ပါတယ်။
မောင်နှမနှစ်ယောက်ပုံပဲဆိုတော့ ရောသွားမှာစိုးလို့ထင်ပါတယ်
1987 ခုနှစ်မှာ Hayao Miyazaki ရေးဆွဲခဲ့တဲ့ ပိုစတာဟာ လက်ရှိပိုစတာဖြစ်ပါတယ်
Satsuki၊ Mei နှင့် Totoro တို့ဟာ ဘေးချင်းကပ်လျက် တန်းစီနေကြပြီး မူရင်းပုံနဲ့ ဆင်တူတယ်ဆိုတဲ့ အဆိုပြုချက်ကို လက်ခံခဲ့ပြီး Satsuki နဲ့ mei ရောထားတယ်လို့ ထင်ရတဲ့ လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးတစ်ဦး ပေါ်လာပါတော့တယ်
ဒီမိန်းကလေးရဲ့ လျှို့ဝှက်ချက်ကို လူအများစုက သတိမထားမိကြပါဘူး။
သူမဟာ Satsuki ဒါမှမဟုတ် Mei လို့ ကိုယ့်ဟာကိုယ်ထင်နေခဲ့တာပါ
အနီးကပ်ကြည့်ရင် အလွန်ထူးဆန်းပေမယ့်လည်း ရုပ်ရှင်ပြတုန်းကတော့ ဘယ်သူကမှမမေးခဲ့ဘူးထင်ပါတယ်
အားလုံးရော သတိထားမိကြလား?
Abe Kengo