အိုလံပစ်အားကစားပွဲ ဖွင့်ပွဲအခမ်းအနားရဲ့ ပြဇာတ် (Kabuki) ဖြစ်တဲ့ “ Shibaraku” ရဲ့ဇာတ်က ဘယ်လိုအကြောင်းလဲ?

July 23, 2021 ခုနှစ်မှာ ကိုရိုနာပြဿနာကြောင့်သာမက ငွေကြေးပြဿနာတွေ ရှိနေတဲ့ကြားက ကျင်းပဖြစ်ခဲ့တဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲ
အဆိုပါပွဲကို ကန့်ကွက်သူအများအပြားရှိခဲ့သော်လည်း ကြည့်ရှုသူအရေအတွက်နှုန်း 42.5% ဖြစ်လာပြီး၊ တီဗီနှင့် ကင်းကွာမှု သိသိသာသာများလာတဲ့
ဂျပန်မှာကတော့ တော်တ်ောလေး လူကြည့်များခဲ့တယ်လို့ ဆိုနိုင်ပါတယ်
anime နှင့် ဂိမ်းစတဲ့ Subculture တွေကို အသုံးပြုခဲ့ပြီး ရိုးရာယဥ်ကျေးမှုတွေကိုပါ သုံးခဲ့ပါသေးတယ်
အဲ့ဒီထဲက တစ်ခုကတော့
https://www.chunichi.co.jp/article/296737
Ebizo Ichikawa ဖျော်ဖြေခဲ့တဲ့ ပြဇာတ်ဖြစ်တဲ့ “ Shibaraku” ဇာတ်
Youtube မှာကြည့်ချင်ရင် ကြည့်လို့ရပါတယ်
https://www.youtube.com/watch?v=UvEigoBD2Jo
ကမ္ဘာကျော် ဂျက်ဇ်စန္ဒယားပညာရှင် Hiromi Uehara ကလည်း နောက်ဆက်တွဲဖျော်ဖြေခဲ့ပါသေးတယ်
ဒီ “ Shibaraku” ဇာတ်အကြောင်းကို ပြောပြချင်ပါတယ်
ပြဇာတ် စစချင်းမှာ “Shibaraku, Shibaraku〜!”လို့ဆိုခဲ့တော့ ဒါကဘာလဲဆိုပြီး ဖြစ်သွားတဲ့သူတွေ များလိမ့်မယ်လို့ထင်ပါတယ်
ဂျပန်တွေကိုယ်တိုင် နားမလည်တာပါ
ဒီလို “ Shibaraku” ဆိုတဲ့ နာမည်ကြီးပြဇာတ်အကြောင်းကို ကြည့်ကြည့်လိုက်ရအောင်
ရိုးရှင်းပြီး စိတ်လှုပ်ရှားစရာပဲ! ဆိုတဲ့ Kamakura Gongoro Kagemasa ရဲ့အော်လိုက်တဲ့အသံ
https://mag.japaaan.com/archives/153501
အဓိကဇာတ်ကောင်က Kamakura Gongoro Kagemasa ဖြစ်ပါတယ်။
ရှည်လိုက်တဲ့ နာမည်
လွန်ခဲ့သော နှစ်ပေါင်း ၁၀၀၀ ခန့်က Heian ခေတ်မှာပါ
Oshu လို့ခေါ်တဲ့ ဂျပန်နိုင်ငံရဲ့ လက်ရှိ Tohoku ဧရိယာကို ပိတ်ထားတဲ့ Takehira Kiyohara က ထီးနန်းရယူဖို့ ကြံစည်ပြီး၊ ဒါကို လက်မခံတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်ဖို့ ကြိုးစားခဲ့တဲ့အကြောင်းကို ဇာတ်လမ်းဖော်ထားတာပါ
ဆိုတော့ အသတ်ခံရတော့မယ့် ဇာတ်ဝင်ခန်းမှာ ပါလာတဲ့ ဇာတ်လိုက်ကျော်ဖြစ်တဲ့
နာမည်အရှည်ကြီးနဲ့ Kamakura Gongoro Kagemasa
“Shibaraku! Shibaraku〜!!”
လို့အော်ပြီး ဝင်လာခဲ့တယ်
ခဏစောင့်ဦးဆိုတဲ့ အဓိပ္ပာယ်ပါ
လက်အောက်ငယ်သားတွေကို သတ်ပစ်တော့မယ်
လူဆိုးဖြစ်သူ Takehiro Kiyohara ကို ရှင်းပြရင်း မျှော်လင့်ထားတာတွေ ဖျက်စီးပစ်တော့မယ်အချိန်ပါ
စိတ်ပျက်ဖွယ်အခြေအနေမှာ အဖြစ်အပျက်ကို ပြောင်းပြန်လှန်ပစ်လိုက်တဲ့ ဟီးရိုးပါ
ဒီလိုအရမ်းကိုကြည့်ကောင်းတဲ့ ဇာတ်လိုက်ကျော်ရဲ့ သရုပ်ဆောင်ပုံက ပြဇာတ်ရဲ့ အသက်ပါပဲ
အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ဒီအရေးကြီးတဲ့ အစိတ်အပိုင်းကိုပဲ ထုတ်ပြခဲ့တာပါ
Corona ကြောင့် အားလုံး စိတ်ရှုပ်ခဲ့ရပြီး စိတ်ဓာတ်ကျနေချိန်….
“Shibaraku! Shibaraku〜!”
လို့အော်ရင်း ပေါ်လာခဲ့တာက လူမှုရေး အခြေအနေတွေကို ထင်ဟပ်စေနိုင်ပါတယ်။
ဒီအကြောင်းဟာ ဇာတ်လမ်းအနေနဲ့ ကျန်နေသေးပေမယ့်၊ ဘာသာလက်ဆုပ်လက်ကိုင်ပြစရာ စာရွက်စာတမ်းမရှိတော့ပါဘူး
ဒါကြောင့် ပုံပြင်တစ်ပုဒ်အဖြစ် တကယ်ဖြစ်ခဲ့သလား မဟုတ်ဘူးလားဆိုတာ သေချာမပြောပြနိုင်ပါဘူး
Abe Kengo