ဂျပန်ဇာတ်လမ်းတွဲတွေကို ပြန်လည်ရိုက်ကူးထားတဲ့ နာမည်ကြီးတောင်ကိုရီးယားဇာတ်လမ်းတွဲများ
ဂျပန်ဇာတ်လမ်းတွဲတွေ Mangaတွေကနေစတင်ခဲ့တဲ့ အရမ်းကိုလူကြိုက်များနာမည်ကြီးတဲ့ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ မြန်မာနိုင်ငံမှာတော့ ကိုရီးယား Drama & Series တွေက ရေပန်းအစားဆုံးလို့ပြောလို့ရပါတယ်။အဲဒီထဲကမှ ဂျပန်ဇာတ်လမ်းတွဲတွေကို ပြန်လည်ရိုက်ကူးထားတဲ့ ကိုရီးယားဇာတ်လမ်းတွဲလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
Boys Over Flowers (F4)
“F4ချစ်သူ” ဆိုပြီး အရမ်းကိုနာမည်ကြီးခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲကိုတော့ မသိသူတော်တော်ရှားမယ်ထင်တယ်နော်။ ဒီဇာတ်လမ်းလေးရဲ့ ကနဦးအစကတော့ ထိုင်ဝမ်ကပါ။ “Metor Garden”လို့နာမည်ကြီးတဲ့ တရုတ်F4ဆိုပြီးလူသိများပါတယ်။ ဒုတိယမြောက်ကတော့ ဂျပန်ဗားရှင်း“ Hana Yori Dango”၊ တတိယမြောက်ပြန်လည်ရိုက်ကူးထားတာကတော့ ကိုရီးယားဗားရှင်း “ Boys Over Flowers(F4) “၊ စတုတ္ထမြောက်ကတော့ တရုတ်ဗားရှင်းအနေနဲ့ပြန်လည်ရိုက်ကူးထားပါတယ်။ ဒီဗားရှင်းတွေထဲမှာတော့ တောင်ကိုရီးယား F4 ဇာတ်လမ်းတွဲက လူကြိုက်အများဆုံးပါ။
Taiwanese Version
Japanese Version
http://ekladata.com/e6IQepugo4tdUKHNFfES18-vOMg@360×500.jpg
Korean Version
https://i.mydramalist.com/rNzZmf.jpg
Chinese Version
Japanese Version (Season 2) အနေနဲ့ဆက်လက်ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးပါ။မကြည့်ရသေးရင်ကြည့်လိုက်ပါဦးနော်။အရမ်းကောင်းတယ်။
http://asianwiki.com/images/e/ee/Boys_Over_Flowers_Season_2-p001.jpg
Playful Kiss (ဟန်ဆောင်အနမ်း)
ကိုရီးယားF4နာမည်ကြီးပြီးတော့ နောက်ထပ်ထပ်ထွက်လာတဲ့ F4ဇာတ်ကောင်ထဲကဂျီဟိုရဲ့ လူကြိုက်အရမ်းများခဲ့တဲ့ဇာတ်လမ်းလေးပါ။ IQအရမ်းမြင့်တဲ့ခပ်ခပ်ချေချေကောင်လေးကို စာအရမ်းညံ့တဲ့ကောင်မလေးကတဖက်သတ်လိုက်ကြိုက်တဲ့ဇာတ်လမ်းတွဲလေးပေါ့။ ဒီဇာတ်လမ်းတွဲရဲ့ Original ကတော့ Japanese Manga ကနေစတင်ခဲ့တာဖြစ်ပြီး ပထဆုံး ဂျပန်ဗားရှင်းက
“ Itazura Na Kiss” TV Series
http://asianwiki.com/images/f/f3/Itazura_na_kiss.jpg
It started with a kiss (They Kissed Again) Taiwan Version TV Series
https://img1.ak.crunchyroll.com/i/spire1/06282008/1/2/b/7/12b7e83a0d4520_full.jpg
Playful Kiss (Korean Version) TV Series
ဒါကတော့နာမည်အကြီးဆုံးပေါ့. . .
https://img.reelgood.com/content/show/b600376e-f9b0-412e-ae77-42be84e48495/poster-780.jpg
Mischievous Kiss: Love in Tokyo (Japanese Version) TV Series
ဒီဇာတ်လမ်းတွဲမှာတော့ Season3 ခုရှိပါတယ်။
https://m.media-amazon.com/images/I/81LAwyD+EQL._SS500_.jpg
Kiss Me (Thai Version) TV Series
Mischievous Kiss: High School, Campus, the proposal (Japanese Version) Film
https://occ-0-993-988.1.nflxso.net/art/25322/31d953094a88d62efa37faa83da5ac4f6c725322.jpg
To the Beautiful You (ရင်ခုန်သံချာတိတ်)
ဒီဇာတ်လမ်းတွဲလေးကလည်း Japanese Manga ကနေစတင်ခဲ့တာပါ။ ပထဆုံးဇာတ်လမ်းတွဲအနေနဲ့ကတော့ ထိုင်ဝမ်ကစခဲ့တာပါ။
https://images-na.ssl-images-amazon.com/images/I/51UWomw8WzL._SY450_.jpg
Hanazakarino Kimitachi e (Japanese Version)
https://wiki.d-addicts.com/images/9/9d/HanazakarinoKimitachi-e-ban.jpg
To the Beautiful You (Korean Version)
http://3.bp.blogspot.com/-_etY8OXV4wI/U9w_kMjjBbI/AAAAAAAAAcY/OUfTOVG8X7g/s1600/01IdolsPoster.jpg
ဒီဇာတ်လမ်းတွဲလေးတွေလည်း အရမ်းကိုလူကြိုက်များခဲ့တာနော်။
Rich Man Poor Woman
ဒီဇာတ်လမ်းတွဲလေးကဂျပန်ကနေစတင်ရိုက်ကူးခဲ့တာပါ။
http://asianwiki.com/images/4/43/Rich_Man%2C_Poor_Woman-p1.jpg
ဒါကတော့ တောင်ကိုရီးယားမှပြန်လည်ရိုက်ကူးထားတာပါ။ နာမည်ကြီးတောင်ကိုရီးယားအိုင်ဒေါအဖွဲ့ EXOထဲမှ SuHo ကအဓိကပါဝင်ထားပြီးလူကြိုက်များတဲ့ဇာတ်ကားလေးပါ။
https://upload.wikimedia.org/wikipedia/en/3/30/Rich_Man_%28%EB%A6%AC%EC%B9%98%EB%A7%A8%29_Poster.jpg
ဂျပန်ဇာတ်ကားတွေကနေ Remake ပြန်လုပ်ထားတဲ့ တခြားဇာတ်လမ်းတွဲတွေလည်းအများကြီးရှိပါသေးတယ်။ ဘာပဲပြောပြော ဒီဇာတ်ကားလေးတွေမကြည့်ရသေးရင် ကြည့်ဖို့လက်တို့လိုက်ပါတယ်နော်။