ပြင်လွန်းပြီးဖင်ချွန်းသွားတဲ့ကောင်မလေးရဲ့ပုံ

Smart Phone နဲ့ဓာတ်ပုံတွေရိုက်ပြီး ပေါ်ပြူလာဖြစ်အောင်လုပ်လို့ရနေပါပြီ။

အရင်တုန်းက ဓာတ်ပုံဆရာတွေပဲ ဓာတ်ပုံရိုက်နိုင်တယ်ဆိုပေမယ့် အခုတော့လူတိုင်းဘယ်သူမဆို စမတ်ဖုန်းတွေနဲ့ ကိုယ်တိုင်ရိုက်လို့ရပါပြီ။

ဒီလိုကိုယ်တိုင်ရိုက်ရာကနေ တဖြည်းဖြည်းများလာတာက ပြင်လွန်းပြီးဖင်ချွန်းနေတဲ့ပုံတွေဖြစ်ပါတယ်။

https://www.instagram.com/p/BtYcmb1hPvm/

 

ဒီဓာတ်ပုံထဲမှာပါတဲ့မိန်းကလေးက ရှင်းဂျု့ခုရဲ့ ဘားတစ်ခုမှာအလုပ်လုပ်နေတဲ့ Yumeka ဖြစ်ပါတယ်။

ဘယ်သူ့ကို ဘယ်လိုပဲကြည့်ကြည့် ဒီလိုရုပ်တော့မထွက်ဘူးနော်….. ပြန်ပြင်ထားတယ်ဆိုတာသေချာတာပေါ့။

 

ဘာလို့ဒီလောက်ထိပြင်ထားလဲမသိဘူးနော်

 

တကယ်တော့ တမင်ရုပ်ဖျက်ထားတဲ့ကောင်မလေးဖြစ်ပါတယ်။

ဒီလိုပုံစံမျိုးဖြစ်ပါတယ်။

https://nikkan-spa.jp/1552737

 

ဟင်……တကယ်ပုံစံလေးက ပိုပြီးချစ်ဖို့ကောင်းတယ်နော်။

အသက် ၂၃ အရွယ်ရှိတဲ့သူမဟာ ဒီလောက်ချစ်စရာကောင်းတာကို သူမကိုယ်သူမ ချစ်ဖို့မကောင်းဘူးလို့ထင်နေတဲ့ပုံပါပဲ။

စစချင်းတွေ့ခဲ့တဲ့ပုံတွေဟာ ပုံပြန်ပြင်လို့ရတဲ့ Application ကြောင့်ဖြစ်ပါတယ်။

မျက်နှာကိုပိန်အောင်လုပ်၊ မျက်လုံးကိုကြီးအောင်လုပ်ပြီး လွယ်လွယ်လေးပြင်လိုက်ရုံနဲ့ ချစ်စရာကောင်းတယ်ဆိုတဲ့ပုံကိုရရှိမှာဖြစ်ပါတယ်။

နဂိုရှိတဲ့ပုံကို လှည့်ကွက်နဲ့အရမ်းကိုချစ်စရာကောင်းတဲ့ပုံပြောင်းထားတာဖြစ်ပါတယ်။

သရဲနဲ့တူတဲ့ဓာတ်ပုံအနေနဲ့ ပြောင်းလိုက်မယ်ဆိုရင်လည်း လူတွေကြောက်ပြီးမကြည့်တော့ဘဲ သတိထားမိကြတော့မှာမဟုတ်ပါဘူး။

ချစ်စရာကောင်းတဲ့ပုံလေးဆိုတော့ ပိုကောင်းတာပေါ့နော်။

ဘားမှာစပြီးတွေ့တဲ့ဧည့်သည်တွေဆိုရင်လည်း Instagram မှာတွေ့တဲ့ပုံက မိုက်တယ်နော်လို့ ပြောပြီးအစပျိုးတာက အရင်တုန်းကပါ။

အခုတော့ ပြောင်းလဲသွားပါပြီ။

 

တကယ်ပုံစံအမှန်ကချစ်ဖို့ကောင်းတယ်နော်။

 

လို့ပြောခံရရင် ပိုပြီးပျော်စရာကောင်းတယ်မဟုတ်လား။

ဟုတ်ပါတယ်၊ တကယ့်လူကပိုပြီးတော့ချစ်ဖို့ကောင်းပါတယ်။

တကယ်တော့ ပြင်ထားတဲ့ပုံတွေက တကယ်ချစ်ဖို့မကောင်းဘူးလို့ခံယူထားကြပြီး တကယ်လူတွေကပိုပြီးချစ်ဖို့ကောင်းတာကို လှည့်ကွက်နဲ့ ချစ်စရာကောင်းချင်ယောင် ဆောင်ထားတာဖြစ်ပါတယ်။

တကယ်ချစ်စရာကောင်းတဲ့ပုံတွေကိုတင်ချင်တယ်ဆိုရင် Natural Beauty ပုံလေးတွေကိုပဲတင်လိုက်ပါနော်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: