သံစဥ်တွေဖန်တီးသရုပ်ပြခဲ့တဲ့ ရဲတပ်ဖွဲ့

ဂျပန်နိုင်ငံရဲ့ ရဲအရာရှိတစ်ယောက်က ဒီလိုမျိုးလုပ်တတ်တယ်ဆိုတာ အရမ်းကိုမိုက်ပါတယ်။

愛知県 ( အအိချိ စီရင်စု ) Shopping mall ‌ရှေ့က နေရာကျယ်ကြီးမှာ drum တီးပြခဲ့ပါတယ်။

တဖြည်းဖြည်းနဲ့ Drum နားကိုရောက်လာတဲ့ ရဲအရာရှိက ဖယ်ပစ်လိုက်မယ် လို့ထင်ခဲ့ပေမယ့် အနားရောက်တော့ ထိုင်လိုက်ပါတယ်။

ခဏလေးထိုင်လိုက်ပြီးတဲ့နောက်မှာ ရုတ်တရက်ကျွမ်းကျွမ်းကျင်ကျင် တီးပြခဲ့ပြီး ဘယ်ကမှန်းမသိ band တွေလည်းထွက်လာပါတယ်။

အရင်ဦးဆုံး ဗီဒီယိုကို ကြည့်လိုက်ပါနော်။

https://www.youtube.com/watch?v=6I2gUh93R8A&feature=youtu.be

ရုတ်တရက်ကြီးတီးပြလိုက်တော့ ကြည့်နေတဲ့သူတွေလည်း လန့်သွားလောက်ပါတယ်။

သရုပ်ပြသွားတဲ့သူတွေက တကယ့်ရဲအရာရှိတွေဖြစ်ပါတယ်။

အအိချိစီရင်စု ဂီတရဲ့တပ်ဖွဲ့ကနေ သရုပ်ပြသွားတာဖြစ်ပါတယ်။

လူစုလူဝေးပုံစံနဲ့ ရုတ်တရက်ထွက်လာတဲ့ပုံက အမေရိကန်နိုင်ငံမှာများတယ်ဆိုပေမယ့် ဂျပန်ိနုင်ငံမှာတော့ ဂျပန်လူမျိူးတွေကို သိပ်ပြီးမစွဲဆောင်နိုင်တာကြောင့် သိပ်ပြီးတော့လူကြိုက်မများပါဘူး။

ဒါပေမယ့်လည်း ရဲသားကြီးတွေက တော်တော်မိုက်တယ်နော် !

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: