လူတွေကိုမနှောက်ယှက်တတ်တဲ့ ဂျပန်တစ္ဆေများ

ဂျပန်နိုင်ငံရဲ့အဓိကဘာသာရေးတစ်ခုဖြစ်တဲ့ ရှင်တိုဘာသာမှာ နတ်တွေအများကြီးရှိပါတယ်။
ယအိုရောရိုဇု နော့ ခမိ (八百万の神 ) လို့ခေါပြီးတော့ နတ်ပေါင်း သိန်း၈၀ ဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်။?
နတ်တွေက မရေမတွက်နိုင်လောက်အောင်များလွန်တဲ့အတွက်ကြောင့်မရေတွက်မိတဲ့ နတ်တွေတောင်ရှိမယ်လို့ထင်ပါတယ်။
အိမ်သာမှာရော မီးဖိုချောင်မှာရော နတ်တွေရှိပါတယ်။
နောက်ပြီးတော့ ဒီလိုပဲ တစ္ဆေတွေလည်းအများကြီးရှိတဲ့ နိုင်ငံဖြစ်ပါတယ်။?
လူတွေကို ဒုက္ခပေးနှောက်ယှက်တတ်တဲ့ တစ္ဆေတွေရှိပေမယ့် တစ်မူထူးခြားတဲ့ တစ္ဆေတွေလည်းရှိပါတယ်။
ချစ်ဖို့ကောင်းတဲ့တစ္ဆေတွေလည်းရှိပြီးတော့ ဘယ်လိုမျိုးလဲ ဆိုတာ မိတ်ဆက်ပေးပါမယ်နော်။
မခုရဂအဲရှိ ( 枕返し) ခေါင်းအုံးသရဲ?
https://www.pinterest.com/pin/165929567504916124/
အဲ့ဒီတစ္ဆေက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ အချိန်မှာထွက်လာတတ်ပါတယ်။
အိပ်ပျော်နေတဲ့လူနားကို တိတ်တိတ်လေးလာပြီး မသိအောင်ခေါင်းအုံးကိုဆွဲထုတ်ပါတယ်။
ပြီးရင် ဆွဲထုတ်ထားတဲ့ ခေါင်းအုံးကို ပြောင်းပြန်လှန်ပြီး ပြန်ထားလိုက်ပါတယ်။
ဟင်? ဒီလိုပဲလား??
သရဲရောက်လာတာတောင် သတိမထားမိဘူးဆိုတော့ အဲ့ဒီသရဲကပဲသတိထားလွန်းလို့လား ????
အဇုခိအရအိ ( 小豆洗い ) ပဲနီသရဲ?
https://lineblog.me/makinotane7/archives/670404.html
အားလုံးပဲ အဇုခိအရအိ ဆိုတဲ့တစ္ဆေကို သိကြပါသလား ?
ဂျပန်ရဲ့ မုန့်အချိုတစ်မျိုးဖြစ်တဲ့ပဲယိုကို လုပ်တဲ့အခါမှာသုံးတဲ့ ပဲနီတွေကို ညသန်းခေါင်မှာ အဇုခိအရအိ ဆိုတဲ့သရဲက မြစ်ကိုထွက်ပြီး ဆေးပါတယ်။
သရဲမဖြစ်ခင်က ပဲနီကြိုက်လွန်းတဲ့ ဖိုးဖိုးဖြစ်ခဲ့တာမဟုတ်ဘူးလားလို့တောင်ပြောလို့ရပါတယ်။?
တိုးဖူခိုဇိုး (豆腐小僧 ) တိုဖူးသရဲလေး?
http://blog-imgs-23.fc2.com/b/u/n/bunmoumo/touhu.gif
တိုဟူးကို အမြဲတမ်းကိုင်ထားတဲ့ ကောင်လေးသေးသေးလေးပဲ ဖြစ်ပါတယ်။?
စျေးဝယ်ခိုင်းလိုက်တဲ့ကလေးလေးနဲ့တူတယ်နော်….
တိုဖူးသရဲလေးကိုင်ထားတဲ့ တိုဖူးကိုစားလိုက်မိမယ်ဆိုရင် ခန္ဓာကိုယ်ထဲမှာ မှိုတွေပွားနေသလိုခံစားရမှာဖြစ်ပါတယ်။
မသိတဲ့သူဆီကနေရတဲ့ တိုဖူးကို စားမိတဲ့သူဆိုရင်လည်းတစ်ခုခုဖြစ်တတ်ပါတယ်။
အကနမဲ ( 垢なめ )?
https://matome.naver.jp/odai/2138692394580292701/2138693308687743803
နောက်ဆုံးမှာတော့ကြောက်စရာကောင်းတဲ့ တစ္ဆေထွက်လာပါပြီ !?
လူတွေအိပ်မောကျနေတဲ့ အချိန်မှာ ရေချိုးခန်းထဲကို ဝင်လာပါတယ်။?
နောက်ပြီးတော့ ရေချိုးခန်းထဲက ရေချိုးကန်ကို လျှာနဲ့လျက်ပါတယ်။?
ရေချိုးကန်ထဲဝင်ထားတဲ့လူရဲ့ ကျန်ခဲ့တဲ့ အရေပြားပေါ်က အညစ်အကြေးတွေကို အမှိုက် ဆိုပြီးတော့ ကျန်ခဲ့တာတွေကို လျက်တဲ့ပုံပါပဲ။
သန့်ရှင်းရေးလုပ်ပေးတဲ့အတွက် ကျေးဇူးတောင်တင်ရပါမယ်။?
တစ်ယောက်ယောက်က ဖန်ဆင်းထားခဲ့တာလား၊ တကယ့်ရောရှိရဲ့လားဆိုတာမသိရပေမယ့်
လူတွေကို ဒုက္ခပေးတဲ့ တစ္ဆေတွေပဲရှိတာမဟုတ်ဘူးဆိုတဲ့ ဂျပန်ရဲ့တစ္ဆေတွေက အရမ်းကိုစိတ်ဝင်စားဖို့ကောင်းပါတယ်။✨✨
အားလုံးကရော ဘယ်လိုတစ္ဆေမျိုးကိုရှိစေချင်ကြပါသလဲ ? ??