တွေ့ရင်ကံကောင်းတယ်? ထူးခြားတဲ့ အဝါရောင် ကျည်ဆန်ရထား

အမြန်ဆုံး 320km/hတောင်ရှိတဲ့ ဂျပန်နိုင်ငံက မြန်နှုန်းမြင့်ပြေးလမ်း၊ ကျည်ဆန်ရထား။

ဒီလောက်မြန်မြန်ကြီးသွားနေပေမယ့် မတော်တဆမှုက မရှိဘဲ၊ ရထားလှုပ်ရမ်းခြင်းမျိုးလည်း ဖြစ်ခဲလောက်အောင်ကို သက်တောင့်သက်သာရှိတာပါ

ဒါကြောင့်လည်း ကမ္ဘာ့ထိပ်တန်းစာရင်းဝင်ဖြစ်နေတာပေါ့

ဂျပန်ရောက်ရင် တစ်ခေါက်လောက်တော့ စီးကြည့်စေချင်ပါတယ်

ကျည်ဆန်ရထားထဲကနေ အပြင်ကိုငေးနေတုန်း အယ်! ဆိုပြီးဖြစ်သွားစေတဲ့ ရထားတစ်စီးရှိပါတယ်

အဲ့ဒါကတော့ ဒီအဝါရောင် ရထားလေးပါပဲ

http://www.asahi.com/special/train/dr-yellow/

တွေ့ဖူးသူမရှိသလောက်စရှားပြီး သာမန်လူတွေထဲမှာ စီးဖူးတဲ့သူ တစ်ယောက်မှမရှိပါဘူး

ချစ်စရာကောင်းတဲ့ အဝါရောင်ရထားလေးကို မြင်လိုက်ရင်ကံကောင်းတယ်လို့ ပြောကြတဲ့အထိ ရှားပါးလှတဲ့ ဒီရထားလေးက ဘာလဲဆိုတာ သိကြပါသလား?

ဒီကျည်ဆန်ရထားရဲ့နာမည်က Dr.Yellow လို့ခေါ်ပါတယ်

သာမန်လူတွေ တစ်ခါမှမစီးဖူးဘဲ နာမည်အတိုင်းပဲ ကျည်ဆန်ရထားတွေအတွက် ဆရာဝန်လေးဖြစ်ပါတယ်

ရထားပြေးပြီဆိုတာနဲ့ လမ်းတွေ၊ ဓာတ်အားလိုင်းတွေ ပျက်စီးပါတယ်

အမြန်နှုန်းမြင့်တဲ့ ကျည်ဆန်ရထားဆိုရင်တော့ ရထားလမ်းနည်းနည်းလေး လှုပ်နေရင်တောင် ဘေးအန္တရာယ်ကြီးကြီးမားမား ဖြစ်သွားနိုင်ပါတယ်

ရထားလမ်းဘေးကင်းစေဖို့အတွက် Dr.Yellow လေးကပြေးဆွဲ စစ်ဆေးပေးနေတာပါ

270km/h သွားပြီး အမြန်နှုန်းနဲ့ လိုက်စစ်နေတာပါ

ဒါကလည်း ပုံမှန်ရထားတွေအတွက် အနှောက်အယှက် မဖြစ်ရအောင် မြန်မြန်သွားတာဖြစ်ပြီးတော့ သွားရင်းနဲ့ အချက် ၇၀ လောက်ကိုစစ်ဆေးနေတာပါ

အံ့ဩစရာပါပဲ

အတွင်းပိုင်းကိုကြည့်လိုက်ရအောင်

ရထားထဲမှာ မြင်ခဲလှတဲ့ လှေကားလေးပါပြီး အပေါ်တက်ဖို့ အပေါက်ရှိပါတယ်

pantographs နဲ့ overhead line စတဲ့အမိုးပေါ်ကအပိုင်းတွေကို စစ်ဆေးနိုင်ပါမယ်

ဒါကတော့ လေဆာထုတ်လွှင့်စက်ပါ

လမ်းလှုပ်ခါနေတာကို စစ်ဆေးပေးတဲ့ အရေးပါတဲ့ ကိရိယာပါ

တစ်ခုခုဖြစ်တဲ့အခါ သုံးမယ်ထင်ပါတယ်

အစည်းအဝေးခန်းလည်း ပါပါတယ်

ဘေးကင်းဖို့အလေးထားတဲ့ ကျည်ဆန်ရထားက ဒီ Dr.Yellow တစ်ခုတည်းမဟုတ်ဘဲ၊ ပုံမှန်ကျည်ဆန်ရထားတွေမှာလည်း လမ်းအခြေအနေကို စစ်ဆေးတဲ့ စနစ်တွေစတင်တပ်ဆင်လာပါပြီ

အမြဲတမ်း လမ်းအခြေအနေကို စစ်ဆေးနေပြီး မူမမှန်တာတစ်ခုခုရှိလာရင် ချက်ချင်းပြင်ပါတယ်

ဒီလို ထောင့်စေ့လှတဲ့ လုံခြုံရေးစီမံမှုတွေကြောင့် အန္တရာယ်မရှိဘူးဆိုပြီး ဂုဏ်ယူရတဲ့ ကျည်ဆန်ရထားတွေ ဖြစ်လာတာပါ

ဂျပန်ရောက်ရင် ကျည်ဆန်ရထားစီးရင် Dr.Yellow လေးကို ရှာကြည့်ပါနော်

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: