အိမ်မွေးတိရိစ္ဆာန်နဲ့အတူ လေယာဥ်စီးမယ်။ ပစ္စည်းတွေလိုမဟုတ်ဘဲ မိသားစုအနေနဲ့

အိမ်မွေးတိရိစ္ဆာန်ဆိုတာကလည်း မိသားစုဝင်ပါပဲ

ပိုင်ရှင်တော်တော်များများက ဒီလိုတွေးကြသလို၊ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ အတူတူ ပျော်နိုင်တဲ့နေရာလေးတွေ ပိုများလာပါတယ်။

 

အတူတူပျော်နိုင်တဲ့ ကော်ဖီဆိုင်

အတူတူတည်းနိုင်တဲ့ တည်းခိုခန်း

အတူတူ ဝင်နိုင်တဲ့ ရေပူစမ်း

 

ကိုယ်ပိုင်ကားနဲ့ဆိုရင် လွတ်လပ်ပေမယ့်၊ ဂျပန်မှာ အများသုံးသယ်ယူပို့ဆောင်ရေး ဆိုရင် ခက်ခဲပါတယ်

အထူးသဖြင့် လေယာဥ်နဲ့ဆိုရင်ပေါ့

လေယာဥ်ပေါ်တင်လို့ရပေမယ့် ကုန်ပစ္စည်းလို ထားရတာပါ

သခင်နဲ့ခွဲရတော့ သနားစရာကောင်းလိုက်တာ?

အေးရင်အေးနေလောက်တယ်

ဆိုပြီး စိတ်ပူရပါတယ်

 

မိသားစုဝင်လို မွေးထားတဲ့ အိမ်မွေးတိရိစ္ဆာန်လေးတွေကိုတော့ သူတို့ရဲ့ ထိုင်ခုံမှာ အတူတူ ခေါ်သွားချင်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

ဒီတောင်းဆိုချက်ကို ဖြည့်ဆည်းဖို့ StarFlyer လေကြောင်းလိုင်းက အိမ်မွေးတိရစ္ဆာန်အဖော်ခေါ်တာကို စမ်းသပ်လုပ်ဆောင်နေပါပြီ

 

Haneda-Kitakyushu လမ်းမှာ ခွေးနဲ့ ကြောင်တွေကို ထိုင်ခုံပေးပြီး အမှန်တကယ် ခေါ်ဆောင်သွားနိုင်အောင် လက်တွေ့လုပ်ဆောင်ခဲ့ပါတယ်

လေယာဥ်ထဲမှာ အိမ်မွေးတိရစ္ဆာန် ဓာတ်မတည့်သူတွေလည်း ပါကောင်းပါနိုင်ပါတယ်

အဲ့တာကြောင့် အမွေးတွေမပွစေတဲ့ လှောင်အိမ်ထဲကို ထည့်ရပါတယ်

https://news.yahoo.co.jp/articles/e5a2b92e554ca0a868d10420435e4a9b14c5efd5/images/000

 

လေယာဥ်နောက်ဆုံးခုံဟာ တိရိစ္ဆာန်လေးတွေခေါ်လာသူတွေအတွက် အထူးတန်းပါ

ထွက်ခွာချိန်မှာ ခရီးသည်တွေကို ဦးစားပေးအနေနဲ့ လေယာဉ်ခန်းဆီသို့ လမ်းညွှန်ပေးမည်ဖြစ်ပြီး ဆိုက်ရောက်ချိန်မှာလည်း တခြားခရီးသည်တွေအားလုံး ဆီကနေ အတတ်နိုင်ဆုံး ဝေးနေအောင် လုပ်ပေးမှာပါ

 

လေယာဥ်ပေါ်က ဆင်းသွားပြီးရင်လည်း လေဆိပ်နဲ့ တည်းခိုနေရာအထိ သွားတဲ့အခါ သေချာစစ်ဆေးပေးနေပါတယ်

 

မိသားစုဝင် တစ်ဦးအဖြစ် အရေးကြီးတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေ

အတူတူ သက်တောင့်သက်သာ ခရီးသွားနိုင်မယ်ဆို ကောင်းမှာပဲနော်

ဘယ်လိုဖြစ်လာမလဲ သိချင်နေပါပြီ

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: