ဝန်ထမ်းတွေရဲ့ အဖော် – မတ်တပ်ရပ်ရင်းစားရတဲ့ခေါက်ဆွဲ

ဂျပန်နိုင်ငံရဲ့ ဝန်ထမ်းတွေဟာ အလုပ်များကြပါတယ်။

ဒါကြောင့် မကြာခဏ နေ့လည်စာစားချိန် မရှိကြပါဘူး။

ကွန်ဗီနီမှာ ထမင်းဘူးကို ဝယ်ပြီး စားရင်းနဲ့အလုပ်လုပ်ရတာလည်းရှိပေမယ့် ကုမ္ပဏီအပြင်ဘက်မှာရှိတဲ့အချိန်ဆို ထမင်းဘူးစားချိန်တောင် မရှိပါဘူး။

အဲ့ဒီအချိန်အတွက် အလွန်အဆင်ပြေစေတာကတော့ ဘူတာအများစုရဲ့ ပလက်ဖောင်းနဲ့ ဘူတာရုံအတွင်းမှာရှိတဲ့ “မတ်တပ်ရပ်စားရတဲ့ခေါက်ဆွဲဆိုင်” ဖြစ်ပါတယ်။

ဂျပန်နိုင်ငံကို လာဖူးတဲ့သူများ ဒီလိုဆိုင်ကို မြင်ဖူးပါသလား။

https://notsushu.com/

မဝယ်စားဖူးတဲ့သူတွေအတွက်တော့ နေရာကျဉ်းလွန်းပြီး စားရခက်မယ်လို့တွေးမိကြမယ်ထင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ အရင်ဆုံး ဒီမတ်တပ်ရပ်ရင်းစားရတဲ့ခေါက်ဆွဲဆိုင် အသုံးပြုနည်းကို ပြောပြပေးပါမယ်။

အရင်ဆုံး အစားအသောက်လက်မှတ်ကို ဝယ်ပါမယ်

https://livinginjapan.net

ဆိုင်ဝ ဒါမှမဟုတ် ဆိုင်ထဲဝင်ဝင်ချင်းမှာပဲ အလိုအလျောက်အရောင်းစက်ရှိပါတယ်။

စားချင်တာကို နှိပ်လိုက်ပြီး ပိုက်ဆံချေလိုက်ရင် ရပါပြီ။

အစားအသောက်အမည်တစ်ခုတည်းမှာပဲ အပူ၊ အအေး ရနိုင်တာမျိုးရှိတဲ့အတွက် သတိပြုပြီးဝယ်ရပါမယ်။

နယ်ဘက်မှာတော့ လက်မှတ်အရောင်းစက်မရှိတဲ့ ဆိုင်လည်းရှိပါတယ်။

အဲ့ဒီအခါ ဆိုင်ဝန်ထမ်းကို တိုက်ရိုက်ပြောပြီး မှာလို့ရပါတယ်။ အဲ့ဒီအခါ စကားပြောရတဲ့အဆင့်ပါတော့ နည်းနည်းတော့ ပိုအလုပ်ရှုပ်ကောင်းရှုပ်နိုင်ပါတယ်။

အစားအသောက်လက်မှတ်ကို ပေးလိုက်မယ်

လက်မှတ်အရောင်းစက်မှာ ဝယ်လိုက်တာနဲ့ အစားအသောက်လက်မှတ် ထွက်လာမှာဖြစ်ပါတယ်။

အဲ့ဒါကို ကောင်တာမှာရှိတဲ့ဝန်ထမ်းကို ပေးလိုက်ပါ။

ဆိုင်ကိုလိုက်ပြီး အစားအသောက်လက်မှတ်တစ်မျိုးထဲကိုပဲ အုဒွန်းခေါက်ဆွဲနဲ့ ဆိုဘခေါက်ဆွဲကို ရွေးချယ်နိုင်တာတို့၊ အပူ၊ အအေးရွေးချယ်နိုင်တာတို့ ပြုလုပ်နိုင်ပါတယ်။

မေးလာခဲ့လို့ရှိရင် ကြောင်မသွားဘဲ ရွေးချယ်ပေးလိုက်လို့ရပါတယ်။

ချက်ပြုတ်နေစဉ်မှာ ရေကိုသွားယူထားပါ။

ကိုယ်တိုင်ယူစနစ်ဖြစ်ပါတယ်။

ရပါပြီ

ချက်ပြီးလို့ရှိရင် အော်ခေါ်ပေးပါတယ်။

အစားအသောက်လက်မှတ်မှာ နံပါတ်ရေးထားရင် အဲ့ဒီနံပါတ်နဲ့ခေါ်ပေးမှာဖြစ်ပြီး ”ခခဲခေါက်ဆွဲ မှာထားတဲ့ဧည့်သည်” ဆိုပြီး ဟင်းအမည်နဲ့ ခေါ်တာမျိုးလည်း ရှိပါတယ်။

ခေါ်ခံရရင် ယူဖို့သွားလို့ရပါပြီ။

စောင့်ဆိုင်းရတဲ့ကြာချိန်က ၂ မိနစ်ကနေ ၃ မိနစ်လောက်ပဲရှိပါတယ်။

ဘူးခေါက်ဆွဲတောင် ၃ မိနစ်လောက်ကြာချိန်မှာ ဒါကတော့ လျင်မြန်လွန်းပါတယ်။

တူကိုတော့ ကောင်တာနဲ့ စားပွဲမှာရှိတဲ့အရာကို အသုံးပြုလို့ရပါတယ်။

ပြန်အပ်ခြင်း

စားသောက်ပြီးရင် ပြန်အပ်ရမယ့်အပေါက်မှာ ပြန်ထားပေးရမှာဖြစ်ပါတယ်။

ခေါက်ဆွဲရတဲ့အချိန်တုန်းက လင်ဗန်းပေါ်မှာတင်ပေးလိုက်တယ်ဆိုရင် လင်ဗန်းနဲ့အတူ ပြန်ပေးရမှာပါ။

စားပြီးသည်အထိ အချိန် ၅ မိနစ်လောက်ပဲကြာပါတယ်။

ဒီလိုနဲ့ နေ့လည်စာ စားလို့ပြီးသွားပါပြီ။ မမိုက်ဘူးလားနော်။

ဒါပေမယ့် ဒီလောက်မြန်နေရင် အရသာရောရှိပါ့မလား။

ဒီလိုတွေးနေရင်တော့ မှားသွားပါမယ်။

အရသာကောင်းတဲ့ဆိုင်တွေ အများကြီးရှိပါတယ်။ အဲ့ထဲက ဆိုင်အချို့ကို မိတ်ဆက်ပေးပါမယ်။

တိုးခယူး ခမတဘူတာ ရှိဘုဆိုဘ

https://getnavi.jp/cuisine/66919/

လူကြိုက်အရမ်းများတဲ့ မတ်တပ်ရပ်ခေါက်ဆွဲဆိုင်မှာ လူကြိုက်အများဆုံးကတော့ အောက်ကခေါက်ဆွဲပါ။

ကြက်သွန်စပ်ဆိုဘခေါက်ဆွဲ

ပဲဆော့စ်အစပ်နဲ့ သကြား၊ ဆိုဘဟင်းချိုရည်တို့ကို ရောစပ်ပြီး ကြက်သွန်နီနဲ့အတူ၊ ပဲဆော့စ်အစပ်နဲ့ အစပ်အရသာနဲ့ ဆိုဘဟင်းချိုရဲ့ အရည်ဟာ အကောင်းဆုံးပေါင်းစပ်မှုဖြစ်ပါတယ်။

လှီးထားတဲ့ဝက်သားကို ကြက်သွန်နီနဲ့အတူတင်ထားတာဖြစ်ပြီး ဒီလောက်ပမာဏဆိုရင်တော့ လူငယ်အမျိုးသားတွေအတွက် သင့်လျော်တဲ့ပမာဏဖြစ်ပါတယ်။

အိုဒခရူး ရှင်းဂျုခုဘူတာ ဟခိုနဲဆိုဘဟွန်းဂျင်း

တစ်ရက်မှာ စားသုံးသူ ၂၆၀၀ လောက်ရှိတယ်ဆိုတဲ့ လူကြိုက်များတဲ့ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။

ဒီလိုများပြားလှတဲ့ဖောက်သည်တွေအတွက် ချက်ပြုတ်နှုန်းကလည်း လျင်မြန်နေရမှာပဲဖြစ်ပါတယ်။

ဝန်ထမ်း ၁၀ ဦးကို နေရာချထားပြီး အော်ဒါတစ်ခုကို ၁၀ စက္ကန့်အတွင်း ချပေးနိုင်တယ်ဆိုတဲ့အမြန်နှုန်းဟာ ကြည့်နေရုံနဲ့တင် လက်ဖျားခါလောက်ပါတယ်။

အားလုံးကို ညွှန်းချင်တဲ့နောက်တစ်ဆိုင်ကတော့ ဒါပါ ယမခခဲဆိုဘ

လပုံသဏ္ဍာန်လိုမျိုး ငုံးဥပတ်ပတ်လည်မှာ မျောက်ဥကို တိမ်ပုံစံဖော်ထားပါတယ်။

လန်းဆန်းစေပြီး မျောက်ဥက အားပြည့်စေပါတယ်။

အဘိခိုဘူတာ ယရိုအိခန်း

ဒီမတ်တပ်ရပ်စားရတဲ့ခေါက်ဆွဲဆိုင်ဟာဆိုရင် အပြင်ပိုင်းပုံဟာ ဒီလိုဆိုင်ပါ။

ဖွင့်လှစ်လာတာ နှစ်ပေါင်း ၅၀ ခန့်ရှိပါပြီ။

ဒီဆိုင်မှာညွှန်းချင်တာကတော့ ကြက်ကြော်ခေါက်ဆွဲပါ။

အတော်လေးကြီးတဲ့ကြက်ကြော်ကို တင်ထားတာဖြစ်ပါတယ်။

ခန်းတိုးဆိုဘခေါက်ဆွဲရဲ့ အရည်ဟာ အမည်းရောင်ရှိပြီး ဒါဟာ ခန်းတိုးအရသာရှိတဲ့ခေါက်ဆွဲဖြစ်ပါတယ်။

ခေါက်ဆွဲသားထူတာကလည်း အားသာချက်ဖြစ်ပါတယ်။

ဒါ့အပြင်ဝခုချိတန်းခေါက်ဆွဲကလည်း ဒီလောက်ပမာဏရှိပါတယ်။

မတ်တပ်ရပ်စားရတဲ့ခေါက်ဆွဲဆိုင်ဟာ ဘူတာရုံထဲမှာသာမက မြို့ထဲမှာလည်း အများကြီးရှိပါတယ်။

ဂျပန်မှာ မတ်တပ်ရပ်စားရတဲ့ခေါက်ဆွဲဆိုင်အရေအတွက် ဘယ်လောက်ရှိမှန်းမသိရပေမယ့် အဲ့ဒီမှာအတော်လေး စားကောင်းတဲ့ဆိုင်တွေလည်း ရှိပါတယ်။

ကျွန်တော်ကြိုက်တဲ့ဆိုင်ကတော့ ရှိဘုယဘူတာ ၂ လွှာမှာရှိတဲ့ လက်မှတ်ဂိတ်အပြင်ဘက်က ဆိုင်ဖြစ်ပါတယ်။

တန်တိုးကြော်ပါတဲ့ set က အကောင်းဆုံးဖြစ်ပေမယ့် ဘူတာရုံပြင်ဆင်မှုကြောင့် အခုတော့မရှိတော့ပါဘူး။

ဘူတာပြင်ဆင်မှုပြီးသွားတဲ့အချိန် ပြန်ဖွင့်ဖို့ မျှော်လင့်နေပါတယ်။

စာဖတ်သူများလည်း ဂျပန်ရောက်ရင် မတ်တပ်ရပ်စားရတဲ့အကောင်းဆုံးခေါက်ဆွဲဆိုင်ကို ရှာကြည့်ပါနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: