Ferrari ကားနဲ့ရောင်းတဲ့ ကျောက်ခဲကန်စွန်းဥဖုတ်?

ချမ်းအေးလွန်းလှတဲ့ ဂျပန်နိုင်ငံရဲ့ ဆောင်းရာသီ။
ပူနွေးတာလေးစားချင်လိုက်တာလို့ တွေးနေတုန်းမှာပဲ အဝေးကနေ အသံတစ်ခုကို ကြားလိုက်ရပါတယ်။

“ကျောက်ခဲကန်စွန်းဥဖုတ် ပူပူလေး။ လတ်လတ်ဆတ်ဆတ် ကျောက်ခဲကန်စွန်းဥဖုတ်”

ဟုတ်ပါတယ်။ အဲ့ဒါက ကျောက်ခဲကန်စွန်းဥဖုတ်လှည့်လည်ရောင်းချတဲ့ကားဖြစ်ပါတယ်။

https://otonano-shumatsu.com/articles/6797

အပူပေးထားကျောက်တုံးနဲ့ ဖုတ်ထားတဲ့ ကန်စွန်းဥ။

ပူပူနွေးနွေးလေးကို လက်နဲ့ကိုင်လိုက်ရချိန်မှာ ခံစားရတဲ့ပျော်ရွှင်မှု၊ ပါးစပ်ထဲထည့်လိုက်ချိန်မှာလည်း “ အား ဆောင်းရာသီက ကောင်းလိုက်တာ” လို့ အော်ပစ်ချင်လောက်တဲ့အထိကို စားကောင်းပါတယ်။ (အညွှန်းလွန်သွားပြီလားမသိဘူးနော်။)

ချမ်းအေးလှတဲ့ဆောင်းရာသီရဲ့ မြောက်လေကို ကြံကြံခိုင်ပြီး အလုပ်ကြိုးစားလုပ်ကိုင်ကြရတဲ့သာမန်ပြည်သူတွေရဲ့ နွေးထွေးပျော်ရွှင်စေမှုတစ်ခုဖြစ်တဲ့ ကျောက်တုံးကန်စွန်းဥဖုတ်ဖြစ်ပါတယ်။ ဒါပေမယ့် ရိုးရိုးကားနဲ့မရောင်းတဲ့ ထူးခြားတဲ့ကားနဲ့ရောင်းချတဲ့ ကျောက်တုံးကန်စွန်းဥဖုတ်ဆိုင် ထွက်ပေါ်လာခဲ့ပါတယ်။

https://gunosy.com/articles/eROPu?s=s

ဇိမ်ခံကားရဲ့ ကားတံခါးမှာ “ ကန်စွန်းဥဖုတ်” ဆိုတဲ့ အလံကိုလည်း ချိတ်ဆွဲထားပါသေးတယ်။
အနောက်ပိုင်းကတော့ ဒီလိုပုံစံပါ။

https://news.nicovideo.jp/watch/nw4829191
Ferrari ဒီဇိုင်း နောက်တွဲကားက နောက်မှာ ကပ်ပါနေတာပါ။ ဒီလို နောက်တွဲကားမှာ ကန်စွန်းဥဖုတ်တာဖြစ်ပါတယ်။
အံ့သြဖွယ်ပူးပေါင်းဖွင့်လှစ်မှုဖြစ်ပေမယ့် ဘာအတွက်ကြောင့် ဒီလိုကားနဲ့ဆိုင်ဖွင့်တယ်ဆိုတာကိုတော့ မသိရပါဘူး။
ဒီကန်စွန်းဥဖုတ်ဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ဟရဒစံက မော်တော်ယာဥ်ပြုပြင်တဲ့အလုပ်ကို လုပ်ကိုင်နေသူ ဖြစ်ပါတယ်။
ကားကို အရမ်းကြိုက်တယ်။ အထူးသဖြင့် Ferrari ကိုကြိုက်တယ်။
ပြီးတော့ အရသာရှိတဲ့ ကန်စွန်းဥဖုတ်ကိုလည်း ကြိုက်သူဖြစ်ပါတယ်။
ဒါကြောင့် အရမ်းကြိုက်တဲ့အရာနှစ်ခုကို ပေါင်းစပ်ခဲ့ပုံရပါတယ်။

ဒီမတူကွဲပြားတဲ့အရာနှစ်ခုပေါင်းစပ်ထားမှုကြောင့် မီဒီယာအသီးသီးမှာ ရေပန်းစားပျံ့နှံ့သွားပြီး ရောင်းအားလည်း ကောင်းလာပုံရပါတယ်။
Ferrari ကားတန်ဖိုးနဲ့ကာမိဖို့ ကျောက်ခဲကန်စွန်းဥဖုတ်ဘယ်နှစ်လုံးရောင်းမှရမယ်ဆိုတာမျိုးတော့ တွက်ချက်ထားမှရမယ်ထင်တယ်နော်…

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: