ဂျပန်နိုင်ငံက “သစ်တောထဲမှာ ကွယ်ဝှက်ထားတဲ့ နတ်ကွန်း” မီးလောင်ပျက်စီး

Ibaraki စီရင်စုက ရှင်းတိုနတ်ကွန်းတစ်ခုဟာ သစ်တောထဲမှာရှိနေတာကြောင့် “ကွယ်ဝှက်ထားတဲ့ နတ်ကွန်း” လို့ လူသိများပါတယ်။
မေလ ၇ရက်နေ့က ဒီနတ်ကွန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားပြီး ရဲတွေနဲ့ မီးသတ်တွေက ဘာကြောင့်ဒီလိုဖြစ်ရလဲ စုံစမ်းနေပြီး အကြောင်းအရင်းကို ခုထိမသိရသေးပါဘူး။
အနီးနားမှာ နေတဲ့လူတစ်ယောက်က မနက် ၁၂:၄၀ အချိန်လောက်မှာ Hitana နတ်ကွန်းနားက ဝါးရုံတောမီးလောင်နေတယ်လို့ ဖုန်းဆက်လာရာကနေ နတ်ကွန်းမီးလောင်နေမှန်း သိခဲ့ရတာပါ။ ဘုရားကျောင်းဟာ သစ်သားနဲ့ ဆောက်လုပ်ထားတာဖြစ်လို့ ကျောင်းတစ်ခုလုံး မီးလောင်ပျက်စီး သွားခဲ့ပါတယ်။
နတ်ကွန်းကို ၁၉၉၁ ခုနှစ်မှာ တည်ဆောက်ကိုးကွယ်ခဲ့ပြီး ရိုးရာအမွေအနှစ်တစ်ခုဖြစ်ပါတယ်။
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: