Fukuoka Castle Cherry Blossom Festival

ကိုဗစ်ကြောင့် မကျင်းပရတာ ၄ နှစ်ကြာပြီဖြစ်တဲ့ “” ကို မတ်လ 24 ရက်နေ့ကစတင်ပြီး ပြန်လည်ကျင်းပတော့မှာဖြစ်ပါတယ်
Chuo Ward ရှိ Maizuru Park မှာကျင်းပမယ့် “ Fukuoka Castle Cherry Blossom Festival” ကို မတ်လ 24 ရက်နေ့ကနေ ဧပြီလ 2 ရက်နေ့အထိ ပုံမှန်အတိုင်းကျင်းပသွားမယ်လို့ Fukuoka အစိုးရဌာနကနေ ကြေငြာခဲ့ပါတယ်။
ကိုရိုနာရောဂါကြောင့် “ Fukuoka Castle Cherry Blossom Festival” ကို 2020 ခုနှစ်မှာ ဖျက်သိမ်းလိုက်ရပြီး၊ ဖြေလျှော့မှုအဆင့်ဆင့် လုပ်ပြီးတဲ့နောက် လေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပုံမှန်အတိုင်းကျင်းပမှာဖြစ်ပါတယ်။
အစားအသောက်ဆိုင်တွေနဲ့ မီးတွေထိန်ထိန်လင်းအောင် ပြင်ဆင်ထားပါဦးမယ်
ပွဲတော်ကာလအတွင်း Korokan ရင်ပြင်နဲ့ Sannomaru ရင်ပြင်တို့မှာ အစားအသောက်ဆိုင် 70 ခန့် ဖွင့်လှစ်ထားမှာဖြစ်ပြီး၊ ရဲတိုက်အနီးရှိ ဆာကူရာပန်းဥယျာဉ်နဲ့ အရေးပါတဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ Tamon Yagura ကို ညဘက်မှာ မီးထိန်ထိန်လင်းအောင် ထွန်းထားပေးမယ်လို့ဆိုပါတယ်။
၄ နှစ်ကြာမှကျင်းပတဲ့ပွဲဖြစ်လို့ လူတွေအများကြီးနဲ့ ပျော်စရာကောင်းမှာပါ
သွားလည်ကြည့်လိုက်ကြရအောင်
Abe Kengo
ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: