‘Tenku no Niwa’ (ကောင်းကင်ဘုံက ပန်းခြံ)

‘Demon Slayer: Kimetsu no Yaiba’ Anime ထဲက ဆာကူရာပန်းပင်တွေ တန်းစီနေတဲ့ ဇာတ်ဝင်ခန်းကို ကြည့်ဖူးကြပါသလား?
အဲ့ဒီထဲကအတိုင်း ဆာကူရာပန်းတွေ တစ်ပင်လုံးပွင့်နေတဲ့ ဆာကူရာသစ်တောက ဂျပန်မှာ တကယ်ရှိပါတယ်
အဲ့ဒါကတော့ နရ စီရင်စုမှာရှိတဲ့ ‘Tenku no Niwa’ (ကောင်းကင်ဘုံက ပန်းခြံ) ပါ
ပုံကတော့ ဒရုန်းသုံးပြီး ဓာတ်ပုံတွေရိုက်တဲ့ Daichi Nomiyama ဆိုတဲ့ ဓာတ်ပုံပညာရှင်ရဲ့ လက်ရာပဲဖြစ်ပါတယ်
အခုခေတ်မှာ မြင်ရခဲတဲ့ တောင်ပေါ်က ဆာကူရာသစ်တောပဲ ဖြစ်ပါတယ်
ဒါကြောင့်လည်း “ကောင်းကင်ဘုံက ပန်းခြံ” လို့တင်စားထားတာပေါ့
ခိအိကျွန်းဆွယ်ရဲ့ အလယ်ခေါင်မှရှိတဲ့ နရစီရင်စုဟာ ပင်လယ်နဲ့မနီးစပ်တဲ့ နေရာတစ်ခုဖြစ်ပြီး၊ တောင်တန်း၊ ကုန်းပြင်မြင့်၊ တောင်ကြီးတွေနဲ့ သဘာဝအလှတွေနဲ့ ပြည့်စုံနေတဲ့ နေရာတစ်ခုပါ။ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်ခဲ့တဲ့ နေရာတစ်ခုလည်းဖြစ်ပြီး ယဉ်ကျေးမှုအမွေအနှစ်နဲ့ သမိုင်းကြောင်းစဉ်လာတွေ တွေ့နိုင်ပါတယ်။
ဒီလိုအမွေအနှစ်တွေကို လက်ရှိအချိန်အထိ ထိန်းသိမ်းထားတာကြောင့် သမိုင်းကြောင်းကို စိတ်ဝင်စားသူတွေအတွက် နာမည်ကြီးတဲ့မြို့တစ်မြို့ပါ။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တဲ့ နေရာတွေနဲ့ အဆောက်အဦတွေအများကြီးရှိပြီး တစ်နှစ်ပတ်လုံး နိုင်ငံခြားသားဧည့်သည်တွေ မပြတ်တဲ့မြို့တစ်မြို့လည်း ဖြစ်ပါတယ်။
Abe Kengo
သက်ဆိုင်ရာသတင်းကို ကြည့်မည်: