ဝိတ်တာကိုခေါ်ချင်ရင်ကြက်ရုပ်ကိုညှစ်ပြီး ခေါ်ရတဲ့ ဂျပန်ကဖီးဆိုင်တစ်ခု
ပုံမှန်ဆိုင်ထဲကိုဝင်ပြီး ဝိတ်တာကိုခေါ်ပြီး တိုက်ရိုက်မှာတာမျိုးလုပ်ရပါတယ်
လက်မလည်နေရင် စားပွဲပေါ်က ခလုတ်ကို နှိပ်ရပါတယ်
ခေတ်မှီတဲ့ဆိုင်တွေမှာဆိုရင် တက်ဘလက်နဲ့နှိပ်ပြီး အော်ဒါမှာတာမျိုး၊ စက်ရုပ်ဝိတ်တာတွေ ထားတာမျိုးပါရှိပါတယ်
ဒါပေမယ့်လည်း ခေတ်တွေဘယ်လောက်ပဲပြောင်းပြောင်း ရိုးရာနည်းလေးတွေကိုပဲ ကြိုက်တဲ့သူတွေရှိပြီး၊ ဒါလေးတွေကပဲ တစ်မျိုးစိတ်ဝင်စားဖို့ ကောင်းနေပြန်ပါတယ်
Kumeki (@KUMEKI_3) ဆိုတဲ့ တွစ်တာအကောင့်ပိုင်ရှင်က Cafe Komeda ဆိုတဲ့ဆိုင်မှာသုံးတဲ့ ဝိတ်တာခေါ်နည်းကို တင်ခဲ့ပါတယ်
コメダ、まじか。。 pic.twitter.com/CYcQKMxgfy
— クメキ (@KUMEKI_3) December 12, 2022
ဘယ်လောက်တောင် စက်ကိုမသုံးချင်လဲဆိုတော့…
ဒီကြက်ကိုသုံးပြီး ခေါ်ခိုင်းတဲ့အထိပါပဲ
ဒီကြက်အရုပ်ကလေးကို ညှစ်လိုက်ရင် အသံထွက်လာတာသိကြမှာပါ
ဒီအရုပ်လေးကို ဂျပန်လို びっくりチキン (တိုက်ရိုက်ဘာသာပြန် : လန့်နေတဲ့ကြက်)
ဆိုင်ကစားပွဲတိုင်းမှာ ကြက်ရုပ်တွေချိတ်ထားစတာ မြင်ယောင်ကြည့်ပါလား
တစ်ချို့ကလည်း ဒစ်ဂျစ်တယ်ခေတ်ကို လျင်မြန်စွာကူးပြောင်းလာနေတာကို ထိန်းချုပ်နိုင်တဲ့ အိုင်ဒီယာဆန်းတစ်ခုလို့ ပြောနေကြပါတယ်
ဒါပေမယ့်လည်း…
ဧည့်သည်တွေများ ပြုံရောက်လာရင် တစ်ဆိုင်လုံး ကြက်သံတွေနဲ့ ဆူညံနေတော့မှာပဲ
လန့်နေတဲ့ကြက်သံဆိုတော့လေ…
အချင်းချင်းပြန်လန့်နေကြတာ