တိုကျိုမြို့ပေါ်က Ginza(銀座) ဖြစ်ပေါ်လာပုံ။ အရင်က Ginza(金座) ?

ဂျပန်နိုင်ငံမှာ မြေဈေးအမြင့်ဆုံးနေရာတစ်ခုဖြစ်တဲ့ Ginza(銀座)

ကမ္ဘာကျော် ကုန်အမှတ်တံဆိပ် Brand ဆိုင်တွေ စီတန်းထားပြီး လူတိုင်းနှစ်သက်သည့် အဆင့်မြင့်စားသောက်ဆိုင်များစွာရှိတဲ့နေရာတစ်ခု။

Shibuya ကလူငယ်များအတွက် မြို့တစ်မြို့ဆိုရင် Ginza ဆိုတာ အမျိုးသမီးများနဲ့ လူကြီးလူကောင်းများအတွက် မြို့တစ်မြို့ဖြစ်ပြီး အောင်မြင်သူများအတွက် မြို့တစ်မြို့ဖြစ်တယ်လို့ ဆိုကြပါတယ်

ဒီလို ပြောစမှတ်တွင်တဲ့ Ginza(銀座) ကဘာကြောင့် ဒီလိုနာမည်ဖြစ်လာရသလဲဆိုတာ သိပါသလား?

銀 ဆိုတာထက် 金 လို့မှည့်ရင်ရော?

လို့မတွေးမိဘူးလား?

ပြီးတော့ နည်းနည်းလှမ်းတဲ့နေရာမှာ Ginza ဆိုတဲ့နာမည်တွေပါနေတဲ့ နေရာတွေ တော်တော်များများရှိပါတယ်

မြို့ထဲမှာဆိုရင်တော့ Togoshi လို့ခေါ်တဲ့နေရာမှာ Togoshi Ginza လို့ခေါ်တဲ့နေရာ ရှိပြန်ပါတယ်

Ginza(銀座) ဆိုတဲ့ဒေသအမည်မှာ တိကျသေချာတဲ့ သမိုင်းအကြောင်းအရင်းတစ်ခု ရှိနေလို့ပါပဲ

ရှေးတုန်းက ငွေဒင်္ဂါး ပြုလုပ်တဲ့နေရာကို 銀座役所 (Ginzayakusho) လို့ခေါ်ပြီး အတိုကောက် Ginza ဟုခေါ်ခဲ့ပါတယ်

ဒီလိုကနေ ဆင်းသက်လာခဲ့တဲ့ နာမည်ပဲဖြစ်ပါတယ်

Edo ခေတ်မှာ ပထမဆုံးတည်ဆောက်ခဲ့တဲ့ Ginza ဟာ ယခုအခါ ကျိုတိုမှာရှိတဲ့ Fushimi ဖြစ်ပါတယ်

Shizuoka က Sunpu နဲ့ Nagasaki လိုမျိုး နာမည်တွေအမျိုးမျိုး ဖြစ်လာပါတယ်ေ

1612 ခုနှစ်မှာ အခု Sumpu က Ginza ကို Edo ၊ ယခု Tokyo သို့ပြောင်းရွှေ့ခဲ့ပါတယ်

ဒါက လက်ရှိ Ginza 2-chome ပဲဖြစ်ပါတယ်

မူလက ရွှေဒင်္ဂါးစက်ရုံ Edo Kinza လုပ်တဲ့နေရာဖြစ်တာကြောင့် ငွေလဲလှယ်ရေးမြို့လို့ ခေါ်တွင်ခဲ့ပါတယ်။

အဲ့ဒီကနေ မသိလိုက်ခင်မှာပဲ Ginza ဆိုတဲ့နာမည် တွင်ခဲ့တာပါ။

အဲ့ဒီနောက် Ginza ဟာ 1800 ခုနှစ်မှာ အခြားတစ်နေရာကို ပြောင်းရွှေ့သွားပေမယ့်လည်း Ginza ဟာ နာမည်အရင်းအတိုင်း ကျန်ရှိနေခဲ့ပြီး ၎င်းကို 1869 ခုနှစ်မှာ တရားဝင်နေရာအမည်အဖြစ် တည်ထောင်ခဲ့ပြီး ယနေ့တိုင် ဆက်လက်တည်ရှိနေပါတယ်

Ginza ဟာ လူများစွာစုဝေးရာ လူစည်ကားပြီး သက်ဝင်လှုပ်ရှားတဲ့ မြို့အဖြစ် ဖွံ့ဖြိုးလာခဲ့ပေမယ့် မီးလောင်မှုကြီးနှစ်ခုကြောင့် ထိခိုက်ခဲ့ပါတယ်

အထူးသဖြင့် 1872 ခုနှစ်မီးလောင်မှုဟာ ဆိုးဝါးလွန်းပြီး Ginza ဧရိယာ တစ်လျှောက်လုံး မီးလောင်ပျက်စီးသွားပုံရပါတယ်

ဒီအခွင့်အရေးကိုယူပြီး Ginza ဟာ အနောက်တိုင်းပုံစံ အဆောက်အအုံတွေကို မီးဒဏ်ခံနိုင်ရည်ရှိတဲ့ အဆောက်အအုံအဖြစ် ပြောင်းလဲခဲ့ပေမယ့် Kanto ဧရိယာမှာ ပြင်းထန်တဲ့ ငလျင်လှုပ်ခတ်မှုကြောင့် ဒီလှပတဲ့မြို့လေးဟာ ပြိုကျခဲ့ပြီး စစ်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် နောက်ထပ်ပျက်စီးခဲ့ပြန်ပါတယ်။

ပျက်စီးပြီး ပြန်လည်ကောင်းမွန်လာတယ်၊

ထပ်ပြီး ပျက်စီးသွားရင်တောင် အရှုံးမပေးဘဲ ပြန်လည်ထူထောင်ပါတယ်

Ginza ဟာ ကြီးမားတဲ့ အတားအဆီးများစွာကို ကျော်ဖြတ်ခဲ့ပါတယ်

ဂျပန်ရဲ့ ပြန်လည်ထူထောင်ရေး သင်္ကေတအဖြစ် မြင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: