GOKURAKUYU နဲ့ RAKU SPA မှာကျင်းပမယ့် anime “ SPY x FAMILY” နဲ့ Collaboration campaign

Gokurakuyu နဲ့ RAKU SPA တို့ဟာ ဆိုင်ခွဲ 20 မှာ anime “ SPY x FAMILY” ရဲ့ မူရင်းလက်ဆောင်ကုန်ပစ္စည်းတွေနဲ့ Collab ရေပူစမ်းစိမ်တဲ့ ဝန်ဆောင်မှုတွေကို ရောင်းချပေးမယ့် campaign ကို ဇူလိုင် ၁ ရက်ကနေ သြဂုတ် ၁၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်

ကမ်ပိန်းကာလအတွင်း ဝင်ခွင့်ကြေးအပြင် ယန်း 990 ပေးဆောင်သူများအား ကန့်သတ်ဒီဇိုင်းပုံစံ မာဖလာ မျက်နှာသုတ်ပုဝါများ ပေးအပ်သွားမှာဖြစ်ပါတယ်

(စုစုပေါင်း အမျိုးအစား 6 မျိုး၊ ကျပန်းဒီဇိုင်း)

 

ဆိုင်တွင် ယန်း 2000 နှင့်အထက်ဝယ်မယ်ဆိုရင်လည်း အထူးအခွင့်အရေးအဖြစ် ပို့စကတ်တစ်ခု ပေးဦးမှာပါ (စုစုပေါင်း ၁၀ အမျိုးအစား၊ ကျပန်း)

 

“ SPY x FAMILY” ဇာတ်ကောင်ပုံလေးတွေပါတဲ့ ကော်ဖီခွက်အောက်ခံလေးတွေကိုလည်း collab အစားအစာမီနူးထဲကနေ ရွေးချယ်ရင်းရနိုင်မှာဖြစ်ပါတယ်

 

ရေပူစမ်းထဲမှာလည်း ဇာတ်ကောင်ရုပ်ပုံ ဖော်ထားတဲ့ အခန်းတွေသီးသန့် ၄ ခန်းတောင်ရှိနေမှာပါ။

တည်းခိုအိမ်ကိုလည်း ဇာတ်ကောင်တွေရဲ့ ပုံတွေ panel တွေနဲ့ အလှဆင်ထားတာကို တွေ့မြင်ရမှာပါ

ဒါကတော့ လက်တွေ့သွားကြည့်ရင်မြင်ရမှာဖြစ်လို့ သွားကြည့်လိုက်ကြရအောင်လား??

Abe Kengo

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: