အခန်းအလှဆင်ဖို့ လှလွန်းတဲ့ တံဆိပ်ရိုက်အလှစက္ကူ (ဂို့ရှုအင်း)
ဂို့ရှုအင်း ဆိုတာကို ကြားဖူးပါသလား?
ဂျပန်တစ်နိုင်ငံလုံးမှာရှိတဲ့ ဘုရားကျောင်းတွေကို သွားခဲ့တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ စုဆောင်းတတ်တဲ့ တံဆိပ်ရိုက်စာရွက်လေးတွေပါ
ဒီလိုပုံလေးတွေ အတွေ့များပါတယ်
https://matcha-jp.com/jp/10460
ဂျပန်နိုင်ငံက လက်ဆောင်အနေနဲ့ အသင့်တော်ဆုံးလို့ တွေးရလောက်အောင် ဂျပန်ဆန်လွန်းလှပါတယ်
ကိုယ်သွားခဲ့တဲ့ ဘုရားကျောင်းဆိုတော့ ပြန်ကြည့်ရင်း အမှတ်ရစရာလေးတွေ ပေါ်လာမှာပေါ့
ပိုပြီး မိုက်တဲ့အရာတွေလည်း ရှိပါတယ်
လက်နဲ့ရေးထားတာပါ
ပန်းချီပါပဲ
ဘုန်းကြီးကဆွဲထားတာဆိုပေမယ့်၊ ပန်းချီဆရာပဲ လုပ်လိုက်တာမကောင်းဘူးလား?
ဒါမျိုးလည်းရှိပါသေးတယ်
https://mag.japaaan.com/archives/159029
တံဆိပ်ရိုက်အလှစက္ကူ
အလှစက္ကူ ဖြတ်ထားပုံကို ကောင်းကင်ကိုထောင်ကြည့်လိုက်ရင် ပိုလှလှမြင်ရပါတယ်
ဒါကတော့ ဆောင်းဦးရောက်ရင် တွေ့ရတဲ့ လက်ရာလေးပါ
ဒါလေးတွေကို Saitama စီရင်စုရှိ Ryusenji ဘုရားကျောင်းမှာ မကောင်းမှုမှကာကွယ်ဖို့ ကံကောင်းဖို့ အဆောင်အနေနဲ့ ရောင်းကြပါတယ်
ပန်းရောင် အပြာရောင် စုံလင်လှတဲ့ ပန်းပုံ pattern လေးတွေ
ဒီ pattern လေးတွေက ဂျီဩမေတြီပုံစံနဲ့ တူနေပါတယ်
ပန်းတွေ နဲ့ သဘာဝရဲ့ စွမ်းအားကို ပေါင်းစပ်ထားသလို ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားလို့လည်း ထူးထူးဆန်းဆန်း ပြောကြပါတယ်
ဆောင်းဦးရာသီ version ရဲ့ ဂျပန်ဆန်တဲ့ လှပမှု
သိပ်မကြာခင်ရောက်လာတော့မယ့် မိုမိဂျိရာသီနဲ့အကိုက် ဒီဇိုင်းထွင်ထားတာပါ
အကုန် လိုချင်စရာလေးတွေပါပဲ
၁ရွက် ယန်း၁၃၀၀နဲ့ အင်တာနက်မှာ ရောင်းတာလည်းရှိပါတယ်
ကိုရိုနာရောဂါကြောင့် လိုင်းပေါ်ကရောင်းတာလည်း အဆင်ပြေပေမယ့်၊ ကိုယ်တိုင်သွားချင်မိပါတယ်
ဂျပန်မှာကိုရိုနာကလည်း ဆိုးဆိုးဝါးဝါး ကူးစက်နေတော့ ဘုရားကျောင်းသွားဖို့ကတော့ ဝေးနေဦးမယ်ထင်ပါတယ်