ဆွဲဆောင်မှုအားကောင်းတဲ့ ယောကျ်ားပုံတွေနဲ့ မိန်းမပျိုလေးတွေကို စုဆောင်းမယ်!အနုပညာလား? ကာမဂုဏ်လား? အစဉ်အလာလား?

ဂျပန်ဘုန်းကြီးကျောင်းလို့ပြောလိုက်ရင် တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာရှိနေတတ်တာ အမြဲမြင်တွေ့နေကျအရာပါပဲ

တကယ်တော့ ဂျပန်ဘုန်းကြီးကျောင်းတွေမှာ ပန်းချီကားဆိုတာ မရှိဘဲ၊ ရှိခဲ့ရင်တောင် အများစုက ဗုဒ္ဓပန်းချီတွေပါ

ဒါပေမယ့် ဒီလိုပုံတွေရှိတဲ့ ဘုန်းကြီးကျောင်းရှိတယ် ဆိုရင်ရော?

https://prtimes.jp/main/html/rd/p/000000003.000038145.html

 

ဘုန်းကြီးကျောင်းနဲ့လည်းမတူဘူး…

 

သို့သော် ဒီပန်းချီကားကိုပြသထားတဲ့ Niigata စီရင်စု၊ Tsubame မြို့ရှိ Kokujoji ဘုန်းကြီးကျောင်းဟာ နှစ်ပေါင်း 1300 ကျော် သမိုင်းကြောင်းရှိပြီး 709 ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့ ရိုးရာဘုန်းကြီးကျောင်းဖြစ်ပါတယ်

ဂျပန်သမိုင်းကို စိတ်ဝင်စားတယ်ဆိုရင် သိကြမယ်ထင်ပါတယ်

Kenshin Uesugi၊ Yoshitsune Minamoto နဲ့ မင်းသား Shotoku တို့လို လူရည်သန့်တွေနဲ့ ဆက်ဆံရေးရှိတဲ့ဘုန်းကြီးကျောင်းဖြစ်ပြီး ဘာကြောင့် ဒီလိုလုပ်တာလဲ?

 

အခုခေတ်မှာတော့ လူတွေနဲ့ ဘုန်းကြီးကျောင်းက တော်တော်လေး အနေဝေးသွားပြီ ဆိုပေမယ့်၊ အဲ့ဒီခေတ်တုန်းကလည်း ဘုန်းကြီးကျောင်းကို လူမလာမှာစိုးလို့ ဒီလိုတွေလုပ်ခဲ့ပုံရပါတယ်

နိုင်ငံတစ်ဝှမ်း ဘုန်းကြီးကျောင်းပေါင်း ၇၇၀၀၀ အနက်မှ ၄၀ ရာခိုင်နှုန်းကျော်ကို ၂၅ နှစ်အတွင်း ပိတ်ပစ်မယ်လို့ဆိုကြတော့၊ ဒီဘုန်းကြီးကျောင်းကို

ဆက်လက်ရှင်သန်ဖို့ အပြင်းအထန်ကြိုးစားပါတော့တယ်

 

အရင်တုန်းကတော့ “ မီးသင်္ဂြိုလ်ကာ ၂၄နာရီ ပိတ်ရက်မရှိ သေဆုံးသူအတွက် အောက်မေ့သတိရခြင်း” ဆိုပြီးလုပ်ပေးခဲ့ပါတယ်

အင်တာနက်မှာ ပျံ့သွားပြီး လူပြောစရာဖြစ်သွားတဲ့ အခြေအနေကိုလည်း ဂျပန်လို “炎上(မီးရှို့)” တယ်လို့ ပြောတာကြောင့်၊ အာရုံစိုက်တာခံရပြီးလူတွေစုပြုံရောက်လာပါတော့တယ်

 

ဒီတစ်ခေါက်အသစ်စမ်းတာက ယောကျ်ားတွေရဲ့ ပန်းချီပုံပဲဖြစ်ပါတယ်

မိန်းကလေးငယ်လေးတွေကြားမှာ ပြောစရာဖြစ်အောင်ဖန်တီးပြီး လူစည်အောင်လုပ်တာပါ။ ဘယ်လိုထင်ပါသလဲ?

ဒီဘုန်းကြီးကျောင်းရဲ့ သတင်းက ပျံ့သွားနိုင်လောက်ပါတယ်

 

Youtubeမှာလည်း ကြည့်နိုင်ပါတယ်

https://www.youtube.com/watch?v=L-9SUfzOqCI&t=6s

 

ခေတ်သစ်ဘုန်းကြီးကျောင်းလို့ ပြောရမလား?

ဒီဘုန်းကြီးကျောင်းကိုတော့ စောင့်ကြည့်နေရမယ့်ပုံပါပဲ။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: