Gundam ဆိုပေမယ့် Gundam မဟုတ်တဲ့စက်ရုပ် 。。。

သူငယ်ချင်းတွေ Gundam ဆိုတာကို သိကြပါသလား?
ယောကျာ်းလေးတွေဆိုရင်တော့ သိကြမယ့်သူတွေတော်တော်များများသိကြမှာပါ။
https://hobby.dengeki.com/reviews/539038/
ဒီလိုပုံစံနဲ့စက်ရုပ်က တော်တော်လေးအောင်မြင်ခဲ့တဲ့ အဲနီးမေးထဲမှာပါပြီးတော့၊ အဲဒီစက်ရုပ်ရဲ့နံမည်က Gundamလို့ခေါ်ပါတယ်။
ဂျပန်မှာတင်မကဘဲ တစ်ကမ္ဘာလုံးမှာကြိုက်ကြတဲ့ Gundamဖြစ်ပါတယ်။ ဖူကူရှီးမားပြည်နယ်(福島県)မှာ
Gundamနဲ့ဆင်တူတဲ့အရာကို တွေ့ရှိခဲ့ပါတယ်။
အောက်ကပုံကို ကြည့်လိုက်ပါအုံး ..
Gundamလိုမျိုး စက်ရုံပေမယ့်၊ ကြည့်ရတာတော်တော်ရုပ်ဆိုးတယ်နော်..
ဒီမျက်နှာပုံစံကိုက တစ်မျိုးဖြစ်နေပါတယ်…
ရုပ်ပုံကကြည့်မကောင်းပေမယ့်
Gundamလို့တော့ မြင်ရင်သိနိုင်ပါတယ်၊
ဒေသရဲ့ ပွဲတစ်ခု၏ ပြရုပ်တစ်ခုအနေနဲ့ပြထားတာကိုမြင်နိင်ပါတယ်။ ဒီ Gundamက ဘယ်လောက်လောက်ပေးရမယ်ထင်ပါသလဲ?
ဘယ်သူကလုပ်ခဲ့တာပါလိမ့်…. လုပ်တဲ့သူက Gundamကို သေချာရောကြည့်ဖူးပါရဲ့လား ?
https://minkara.carview.co.jp/userid/2038168/blog/39873214/
အပေါ်ကအရုပ်ဆိုရင်လည်း ပုံမှန်လူတစ်ယောက်က ပြုလုပ်ခဲ့တာပါ။
သူက အအိုမိုရိပြည်နယ်ရဲ့ ဆံသဆိုင်တစ်ဆိုင်ကပါ။
ဆံသဆိုင်ကလူက ဒီလောက်ထိတောင်လုပ်နိုင်တယ်ဆိုတာတော့
ချီးကျူးစရာပါ။
နောက်ဆုံးတစ်ခုကတော့ ပရောဖက်ရှင်နယ်ကလုပ်ထားတဲ့အရုပ်ပါ။
တစ်ကိုယ်လုံး အမြင့် ၁၈မီတာရှိပါတယ်။
လုပ်ထားတဲ့ပုံစံကတော်တော်လေးမိုက်ပါတယ်။
ဒီအရုပ်ကို တိုကျိုမှာရှိတဲ့ အိုဒိုင်းအိဘ(お台場)မှာထားထားပေမယ့်၊ အခုလက်ရှိမှာဖယ်ရှားလိုက်ပြီး၊
Unicorn Gundamအသစ်နဲ့ပြောင်းလိုက်ပါတယ်။
https://www.unicorn-gundam-statue.jp
အပေါ်ကစက်ရုပ်ကလည်း လုပ်ထားတဲ့ပုံတော်တော်မိုက်ပါတယ်…
Gundam ဘဲဖြစ်လောက်တယ်.။။