၀င်ကြေးယန်း၁၅၀၀တောင်ပေးရတဲ့ စာအုပ်ဆိုင်မျိုးက အောင်မြင်ပါ့မလား??

ဂျပန်မှာ ငယ်စဥ်ကတည်းက စာဖတ်တဲ့အလေ့အကျင့်တွေရှိကြပါတယ်။

ကလေးဘ၀ကတည်းက စာကိုသေချာဖတ်ဖို့ ကျောင်းတွေကသင်ပေးပါတယ်။

 

စာမဖတ်တဲ့သူက အသိညဏ်နည်းတဲ့သူလို့ ပြောကြပါတယ်။

 

မူလတန်းအရွယ်မှာဆိုရင် တစ်လကို အနည်းဆုံး စာအုပ်တစ်အုပ်ဖတ်ရမယ်လို့ပြောကြပါတယ်။

လူကြီးဖြစ်လာတဲ့အခါမှာလည်း အလုပ်နဲ့ဆိုင်တဲ့စာအုပ်ဖတ်ကြတာက ပုံမှန်ပါဘဲ။

အဲလိုစာဖတ်တဲ့သူတွေများတဲ့အတွက် ဂျပန်မှာဘယ်မြို့ကိုသွားသွား စာအုပ်ဆိုင်တွေဆိုတာ

နေရာတိုင်းမှာ အများအပြားတွေ့ရတာကနေ အခုနောက်ပိုင်းပိတ်သွားတဲ့ဆိုင်တွေလည်း ရှိလာပါတယ်။

 

ဘာလို့ဆိုင်တွေပိတ်ကုန်တာလဲ??

ဂျပန်တွေစာသိပ်မဖတ်ကြတော့လို့လားဆိုတော့ အဲလိုမဟုတ်ပါဘူး။

စာအုပ်၀ယ်တဲ့နည်းပြောင်းသွားလို့ပါ။

 

Amazonလိုမျိုးအွန်လိုင်းမှာ၀ယ်လို့ရလာတော့ အများစုကအွန်လိုင်းပေါ်ကနေဘဲ၀ယ်လာကြာတာများပါတယ်။

 

ဂျပန်မှာက ထုတ်‌တဲ့စာအုပ်အရေအတွက်ကအရမ်းများတော့ စာအုပ်ဆိုင်တွေမှာ ၀ယ်တယ်ဆိုရင် ရှာရတာခက်တော့ အွန်လိုင်းပေါ်ကနေဆိုရင် အလွယ်တကူရှာလို့ရတော့

အဆင်ပြေတယ်လေ။

 

ဒီအတိုင်းဆို စာအုပ်ဆိုင်တွေတဖြည်းဖြည်းနည်းကုန်တော့မှာပေါ့လို့တွေးမိပေမယ့်

အိုင်ဒီယာအသစ်နဲ့ စာအုပ်ဆိုင်တစ်ဆိုင်ပေါ်လာခဲ့ပါတယ်။

 

ဘွန်းခိစွတ် ရောပွန်ဂိ(文喫 六本木 (ぶんきつ ろっぽんぎ))ဆိုတဲ့ နေရာလေးပါ။

စာအုပ်ဆိုင်မဟုတ်ဘဲ ယဉ်ကျေးမှုတွေကိုလေ့လာနိုင်တဲ့နေရာအဖြစ် ဖွင့်ထားတယ်လို့သိရပါတယ်။

 

၀င်ကြေးကတော့ ဂျပန်ယန်း၁၅၀၀ပေးရပါတယ်။

စာအုပ်တစ်အုပ်စျေးထက်များတဲ့ ၀င်ကြေးကိုယူထားတာပါ။

 

ဆိုင်အတွင်းပိုင်းကတော့ အောက်ကပုံအတိုင်းပါဘဲ။

https://qool.jp/102117

နေရာကတော်တော်လေးကျယ်ပြီးတော့ ပုံမှန်စာအုပ်ဆိုင်တွေလိုစာအုပ်တွေအများကြီးပွတ်သိပ်မနေဘဲ အေးအေးဆေးဆေးနဲ့ဖတ်လို့ရအောင် ထားထားပေးတာပါ။

 

စာအုပ်ဆိုင်ဆိုတာထက် လှပတဲ့စာကြည့်တိုက်လို့ပြောရင် ပိုနီးစပ်မယ်ထင်ပါတယ်။

ဒီလိုနေရာမျိုးမှာ အေးအေးဆေးဆေးစာဖတ်ချင်ပေမယ့် ၀င်ကြေးကစျေးနည်းနည်းများတယ်နော်။

 

ဒီလိုဆိုင်မျိုးက ဂျပန်မှာပထမဆုံးဆိုပေမယ့် တခြားနိုင်ငံမှာတော့ ၀င်ကြေးယူပြီးတော့ အောင်မြင်နေတာရှိပါတယ်။

https://qool.jp/102117

 

အပေါ်ကပုံက ပေါ်တူဂီနိုင်ငံမှာရှိတဲ့ Röroဆိုတဲ့စာအုပ်ဆိုင်ဘဲဖြစ်ပါတယ်။

၀င်ကြေးက လေးယူရိုပေးရပေမယ့် စာအုပ်၀ယ်တယ်ဆိုရင် စာအုပ်ဖိုးကနေ လေးယူရိုကိုနုတ်ပေးပါတယ်။

စာအုပ်၀ယ်ဖြစ်ခဲ့ရင် ၀င်ကြေးကအခမဲ့ပေါ့နော်။

နောက်ပြီး ခရီးဧည့်သည်တွေလည်း အများအပြားလာရောက်ကြတော့ အမြတ်အစွန်းတော်တော်များများရတယ်လို့သိရပါတယ်။

 

ဂျပန်မှာက ဒီလိုဆိုင်မျိုးက ခုမှပထမဆုံးဆိုတော့ ဘယ်လိုဖြစ်မလဲဆိုတာကတော့

စိတ်၀င်စားစရာဘဲနော်။

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: