စျေးသက်သာတဲ့ ရွှေကူပွန်အရောင်းဆိုင်

ဂျပန်နိုင်ငံမှာက ဘာပဲဖြစ်ဖြစ် စျေးကြီးလွန်းပါတယ်!

အဲ့လိုမျိုး ထင်တဲ့ သင်က အခု ရွှေကူပွန်အရောင်းဆိုင်ကို ကောင်းကောင်း အသုံးပြုကြည့်မယ် ဆိုရင် အဆင်ပြေလောက်ပါတယ်!?

တိုကျိုမြို့တွင်းရဲ့ အဓိကဘူတာတွေမှာ ဒီလိုမျိုး မြင်ရတဲ့ ရွှေကူပွန်အရောင်းဆိုင်မျိုး ရှိပါတယ်။


ဥပမာ၊ ကျည်ဆန်ရထားလက်မှတ် စတာတွေကို စျေးချိုချိုနဲ့ ဝယ်နိုင်ပါတယ်။
အတုမဟုတ်ဘူးနော်!

လူကြီးတွေအကြိုက် ရထားလိုင်းဖြစ်တဲ့၊ တိုကျို-ရှင်းအိုဆာကာ၊ တိုကျို-ကျိုတို စတာတွေ က ယန်း ၁၀၀၀ လောက် သက်သာသွားပါမယ်။
နေ့လည်စာ ထမင်းဘူးကိုလည်း ဝယ်လို့ရတယ်နော်!

တိုကိုင်းဒိုးကျည်ဆန်ရထားက လူကြိုက်များတဲ့ ရထားလိုင်းဖြစ်တာကြောင့် စျေးလျှော့ ပေးတာက နည်းပါးပေမယ့်၊ လူသိပ်မစီးတဲ့ ရထားလိုင်းဆိုရင်၊ ပိုပြီး သက်သာပါတယ်။

ဒီဆိုင်က ရထားလက်မှတ်တင်သာမက၊ ကုန်တိုက်ရွှေကူပွန် စတာတွေလည်း ရောင်းချနေ ပါတယ်။ ဒါကလည်း စျေးသက်သာမယ်ဆိုတာ မထူးဆန်းပါဘူး။ စျေးလည်းသက်သာပါတယ်။

ကုန်တိုက်မှာ လိုချင်တဲ့ ကုန်ပစ္စည်းတွေကို ရှာတွေ့ခဲ့မယ်ဆိုရင် ဒီအတိုင်း ဝယ်လိုက်တာမျိုး မလုပ်ပဲ၊ တစ်ခေါက်လောက် ရွှေကူပွန်အရောင်းဆိုင်ကို ပြန်လာပြီး၊ အဲ့ဒီကုန်တိုက်ရဲ့ ရွှေကူပွန်ကို ဝယ်တာက ကောင်းလောက်ပါတယ်?ရင်အဆင်ပြေပါတယ်။

ပွဲတော်တွေ၊ ဘေစ့်ဘောနဲ့ ဘောလုံးပွဲ ဝင်ခွင့်ကတ်တွေလည်း ရောင်းပါတယ်။。

လူကြိုက်များတဲ့ စျေးကြီးပစ္စည်းတွေက စျေးတွေ မြင့်သွားပေမယ့်လည်း၊ သိပ်လူကြိုက် မများတဲ့ ပစ္စည်းတွေကိုတော့ စျေးသက်သက်သာသာ ဝယ်ယူနိုင်ပါတယ်။

နည်းနည်းတော့ ဝင်ဖို့ခက်တဲ့ ပုံစံရှိတဲ့ ဆိုင်တွေ များပေမယ့်၊ သတ္တိမွေးပြီး ဝင်ကြည့်လိုက်ပါ။

ဒီလိုကူပွန်လေးတွေဝယ်ပြီး စျေးသက်သက်သာသာနဲ့ ဂျပန်ကို လည်ပတ်ရအောင်!

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: