ဝိဉာဉ်တိုင်းပြည်

ဂျပန်မှာက ဗုဒ္ဓဘာသာနဲ့ကွဲပြားတဲ့ ဘာသာတွေရှိပါတယ်။ ‘ရှင်းတိုး’ (နတ်ကိုးကွယ်မှု) လို့ခေါ်တဲ့ ဂျပန်မှာပဲ ရှိတဲ့ဘာသာဖြစ်ပါတယ်။

ဂျပန်မှာပဲရှိတယ်လို့ ဆိုပေမဲ့ တရုတ်ရိုးရာယဉ်ကျေးမှုတွေ အများကြီး လွှမ်းမိုးနေတဲ့ ဘာသာတစ်ခုပါ။

နတ်ကွန်းဆိုတာက နတ်ဘုရားရှိတဲ့နေရာဖြစ်ပြီးတော့၊ ဘုရားကျောင်းဆိုတာကတော့ မြတ်စွာဘုရားသီတင်းသုံးတဲ့ နေရာ ဖြစ်ပါတယ်။

ဂျပန်မှာတော့ ဗုဒ္ဓဘာသာနဲ့ နတ်ကိုးကွယ်မှုက တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေတဲ့အတွက်၊ မြန်မာ့ဗုဒ္ဓဘာသာနဲ့တော့ အယူအဆယ်ကွဲလွဲပါတယ်။

အဲဒီအထဲကတစ်ခုကတော့ သေပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဝိဉာဉ်ကမ္ဘာ။

ရှင်းတိုးဘာသာမှာတော့ သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေက ဝိဉာဉ်တိုင်းပြည်လို့ခေါ်တဲ့ နေရာကိုရောက်သွားတယ်လို့ ယုံကြည်ကြပါတယ်။

အဲဒါက မြေအောက်မှာရှိတဲ့တိုင်းပြည်တစ်ခုပါ။

ဒီအယူအဆက တရုတ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုမှာလည်း ရှိသလို၊ ခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာမှာလည်း ရှိပါတယ်။

ဂျပန်ရဲ့ ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေထဲမှာ ဝိဉာဉ်တိုင်းပြည်ကို အဝင်အထွက်လုပ်တဲ့ အပေါက်ရှိတယ်လို့ ပြောကြပါတယ်။

ဒီနေရာက ‘ရော့မိုဆုဟိရစက’ လို့ခေါ်တဲ့နေရာပါ။

ဒဏ္ဍာရီပုံပြင်တွေထဲမှာ ဇနီးသည်သေဆုံးသွားတဲ့ နတ်ဘုရားက ဇနီးသည်ကို တွေ့ချင်စိတ်ပြင်းပြတဲ့အတွက် သွားခွင့်မရှိတဲ့ ဝိဉာဉ်တိုင်းပြည်ကို သွားခဲ့ပါတယ်။

ဝိဉာဉ်နိုင်ငံမှာတော့ ဇနီးသည်က ကြောက်စရာကောင်းတဲ့ အသွင်သဏ္ဌာန်ပြောင်းလဲနေပြီး၊ သူ့ရဲ့ပုံစံကို အမြင်ခံလိုက်ရတဲ့ ဇနီးသည်က ဒေါသထွက်ပြီး နောက်ကနေလိုက်လာတဲ့အတွက်၊ အလျင်အမြန်ပဲ ကြီးမားတဲ့ကျောက်တုံးကြီးနဲ့ ဝင်ပေါက်ကို ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ဒီ ‘ရော့မိုဆုဟိရစက’ က၊ တကယ်ရှိနေတဲ့ ဒေည်တစ်ခုပါ။

ဟိဂရှိအိဇုမိုမြို့


လေးနက်မှုတွေ အများကြီးခံစားရပါတယ်။

အမှတ်အသားပြုခဲ့ကြတဲ့ ကျောက်တုံးတွေများလား။

ဒီနေရာမှာ ဓာတ်ပုံရိုက်ရင် ထူးဆန်းတဲ့အရာတွေ မကြာခဏပေါ်လာတတ်တယ်လို့ ပြောကြပါတယ်။

ဒဏ္ဍာရီတွေထဲမှာ ပါတဲ့ ဂျပန်နိုင်ငံရဲ့ ဝိဉာဉ်တွေကျက်စားရာဒေသ။

တစ်ခါလောက်တော့ သွားမကြည့်ချင်ဘူးလား?

ကိုးကား။
http://small-life.com/archives/12/10/0900.php

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: