ပြောင်းလဲစပြုလာတဲ့ ဒီဂျစ်တယ်ကင်မရာလောက

ခရီးသွားရင် သယ်သွားချင်တဲ့အရာတစ်ခုဖြစ်တဲ့ ကင်မရာ။

ဖလင်ကနေ ဒီဂျစ်တယ်သို့ ပြောင်းလဲပြီး ရိုက်ထားတဲ့ဓာတ်ပုံကို အဲ့ဒီနေရာမှာတင် ချက်ချင်းကြည့်ရှုနိုင်တဲ့အခါ လူအတော်များများဟာ ကင်မရာကို သယ်ပြီး ခရီးသွားလာကြပါတယ်။

ဒါပေမယ့် စမတ်ဖုန်းကင်မရာက လျှင်မြန်စွာ တိုးတက်လာပြီး စမတ်ဖုန်းနဲ့ပဲ ဓာတ်ပုံရိုက်လေ့ရှိသူတွေက တိုးပွားလာပါတယ်။

ကင်မရာဆိုတာ မလိုတော့ပါဘူးကွာလို့ ထင်တဲ့သူတွေလည်း များနေမယ်လို့ထင်ပါတယ်

တစ်ဖက်မှာလည်း ကင်မရာထုတ်လုပ်တဲ့ဂျပန်လုပ်ငန်းတွေလည်း အတော်လေးများတယ်ဆိုတာ သိပါသလား။

ကင်မရာလုပ်ငန်းမှာ နာမည်ကြီးတဲ့တံဆိပ်တွေက Canon、Nikon ပြီးတော့ SONY က ဝယ်ယူလိုက်တဲ့ KONICA Minolta、OLYMPUS။

LUMIX အမှတ်တံဆိပ်ကို ဖန်တီးတဲ့ Panasonic ဟာလည်း ဂျပန်ကုမ္ပဏီတစ်ခုဖြစ်ပြီး အရင်က ရုပ်ရှင်ထုတ်လုပ်သူဖြစ်တဲ့ FUJI Film လည်း ဂျပန်ကုမ္ပဏီဖြစ်ပါတယ်။

ကင်မရာလို့ပြောရင် ဂျပန်ပဲလို့ မြင်လေ့ရှိကြပါပေမယ့် စမတ်ဖုန်းရဲ့စွမ်းဆောင်ရည်မြင့်တက်လာပြီး ကင်မရာဝယ်လိုအား ကျဆင်းလာကာ ဒီဂျစ်တယ်ကင်မရာအသေးရဲ့ အမြင့်ဆုံးဝယ်လိုအားဟာ ဈေးကွက်ရဲ့ ၃ ရာခိုင်နှုန်းမှာသာ ရှိပါတော့တယ်။

Panasonic、Nikon လည်း ဒီဂျစ်တယ်ကင်မရာအသေးထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး အခုမှာတော့ ကြေးမြင့်ပရော်ဖက်ရှင်နယ်တွေအတွက် mirrorless ကင်မရာပိုင်းကို ကူးပြောင်းနေပါတယ်။

အခုပရော်ဖက်ရှင်နယ်တွေအတွက်အတွက် ကင်မရာက အခုအထိသုံးခဲ့တဲ့ single-lens reflex ကင်မရာကနေ mirrorless ကင်မရာများဆီသို့ ကူးပြောင်းနေပါပြီ။

အစားထိုးဝယ်လိုအားလည်း ရှိတဲ့အတွက် အတော်လေးရောင်းနေရတယ်လို့ထင်ပါတယ်။

ကျွန်တော်လည်း မနှစ်က Canon R5 နဲ့ မှန်ဘီလူး ၃ ခု ဝယ်ခဲ့ပါသေးတယ်။

ဈေးနည်းနည်းများပြီး ဝယ်ရခက်ပေမယ့် ကြာရှည်အသုံးပြုမှာမို့လို့ အစားထိုးဝယ်လိုအား တည်ငြိမ်လာတာနဲ့အမျှ ကင်မရာထုတ်လုပ်သူတွေရဲ့ ရှင်သန်မှုပြိုင်ပွဲဟာ စတင်တော့မယ်လို့ထင်ပါတယ်။

အသုံးပြုသူဘက်ကကြည့်ရင် အသက်ရှင်ကျန်ရှိနေမယ့်ကုမ္ပဏီကို မရွေးခဲ့ရင် ဝယ်ထားတဲ့ကင်မရာနဲ့ မှန်ဘီလူးဟာ အလဟာသဖြစ်ကောင်း ဖြစ်သွားနိုင်ပါတယ်။

ဂရုတရိုက် ရွေးချယ်ဝယ်ကြပါနော်။

ဒါပေမယ့်လည်း ဂျပန်ထုတ်လုပ်သူ အချင်းချင်း ပြိုင်ဆိုင်ရင်းနဲ့ စျေးကွက် သေးငယ်လာရတဲ့လက်ရှိအခြေအနေအပေါ် အနည်းငယ် စိတ်မကောင်းဖြစ်မိပါတယ်

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: