ပူပြင်းတဲ့နွေရာသီမှာ ရွေးချယ်ရမယ့် အေးမြစေတဲ့ခရီး ဆိုတာ?

ဂျပန်နိုင်ငံရဲ့ နွေရာသီဟာ ပူလွန်းလို့ ငရဲအလားပါပဲ

ဒီနှစ်ကတော့ ထူးပြီးတော့ကို ပူနေတာပဲ…လို့နှစ်တိုင်းပြောလာတယ်လို့ ထင်တာပါပဲ

ဒီလိုပူပြင်းတဲ့ရာသီဥတုမှာ နွေရာသီနားရက်ရှိပြီးတော့ ဒီအချိန်လေးမှာပဲ ခရီးသွားလို့ရတယ်ဆိုတဲ့ သူတွေအများဆုံးရှိတဲ့ ဂျပန်နိုင်ငံပါ

မီးလိုပူပြင်းနေတဲ့ ငရဲ၊ ဒီကြားထဲ ရှုပ်ရှက်ခတ်နေတဲ့ ငရဲ နှစ်မျိုးလုံးကြုံရတာပါပဲ

ဒီလိုငရဲကနေ ကယ်ပေးနိုင်လောက်မယ့် ခရီးသွားပန်အသစ် ပေါ်လာပါပြီ

အဲ့ဒါကတော့

https://www.itmedia.co.jp/business/articles/2208/04/news063.html

ပိုစတာကိုကြည့်လိုက်တာနဲ့ အေးသွားသလို ခံစားရပါတယ်

ဝက်ကလေးတောင် ခဲနေတယ်လေ

နောက်ပိုစတာက ပိုတောင်မိုက်ပါသေးတယ်

-25℃

နွေရာသီအပန်းဖြေတည်းခိုခန်းရော ဟုတ်ရဲ့လား? သေရမယ့်နေရာလား?

သေနိုင်လောက်တဲ့ အအေးဒီဂရီကြီးကို ရေးထားတာလေ

ဒီခရီးစဥ်က ဘယ်လိုလဲဆိုတော့

လာကြိုမှာက ဒီလိုကားနဲ့ပါ

သွားမယ့်နေရာကို ဘတ်စ်ကားထိပ်မှာရေးထားတတ်တော့ “ချွေးထုတ်ခန်း” တဲ့

စိတ်ညစ်နေပါပြီ

ကားထဲမှာလည်း ချွေးထုတ်ခန်းလို ပါပဲ

ဘယ်နားကအေးချမ်းလို့တုန်း။ အရမ်းပူနေမှာပေါ့..

လို့တွေးလိုက်ရင်တော့ ဆုံးဖြတ်တာ စောသွားပါပြီ

ချွေးထုတ်ခန်းလို့ပြောတာနဲ့ တစ်ဆက်တည်းရှိနေတာက ရေချိုးခန်း

ကားထဲမှာတော့ ရေချိုးခန်းဘယ်ရှိပါ့မလဲ

အနီးနားက မြစ်လှလှကလေးကို ရေချိုးဖို့နေရာအနေနဲ့ အသုံးပြုရမှာပါ

သွားချင်စရာပဲနော်

နေလို့လည်းကောင်းပြီး သဘာဝတရားကြီးနဲ့ ထိတွေ့ရတာ အကောင်းဆုံးပါပဲ

ဒါပေမယ့် -25℃ ဆိုတာက?

နောက်တစ်နေရာက ကဖီးဆိုင်လေးပါ

လာချပေးတာက အရမ်းလှတဲ့ ရေခဲခြစ်လေးပါ

သခွားမွှေးသီးကိုသုံးထားတဲ့ “အအေးစာ” အချိုပွဲတွေကို နာရီဝက်အတွင်း အဝစားလို့ရပါတယ်

ခန္ဓာကိုယ်အတွင်းထဲတော့ တော်တော်အေးသွားမှာပါပဲ

နေပါဦး -25℃ ကဘယ်မှာတုန်း?

စားပြီးတော့ ရောက်လာတာက ဒီနေရာပါပဲ

Wellbe Sakae

ချွေးထုတ်ခန်းနေရာမှာ ဖင်လန်နိုင်ငံက ဆောင်းရာသီပုံစံ ဖန်တီးထားတဲ့ အခန်းထဲမှာ အပူချိန်က -25℃ ပဲရှိပါတယ်

အဲ့ဒီအထဲထဲမှာ ချွေးထုတ်ခန်းပုံစံရှိနေတာပါ

ရေချိုးခန်းရေရဲ့ အပူချိန်က 3℃

-25℃ ဆိုတဲ့ ကြေညာကတော့ ညာတာတော့ မဟုတ်ပါဘူး

ဒါပေမယ့် အေးလွန်းတယ်ထင်ပါတယ်

စိတ်ဝင်စားဖို့တော့ ကောင်းပေမယ့် နည်းနည်းတော့ အဆင်မပြေဖြစ်မယ့်ပုံပါပဲ

သွားလည်ကြည့်ချင်ပါသလား?

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: