နတ်ကွန်းအများစုမှတွေ့ရတဲ့ မြေခွေးကျောက်ရုပ်တု “ အိုအိနရိစံ” ။ သူ့ရဲ့သရုပ်မှန်က လူသားစားနတ်ဆိုး?

ဂျပန်နတ်ကွန်းတွေဆီသွားဖူးတဲ့လူတော့ မှတ်မိမယ်လို့ထင်တယ်နော်။
နတ်ကွန်းတိုင်းကိုမဆိုလိုပေမဲ့၊ နတ်ကွန်းအများစုမှာတော့ ဒီလိုမြေခွေးပုံသဏ္ဍာန်ကျောက်ရုပ်တုရှိပါတယ်။

အရင်ကဆောင်းပါးတစ်ခုမှာ၊ မြေခွေးဟာ လူတွေကိုလှည့်စားတဲ့မှော်အတတ်ကိုအသုံးပြုတဲ့အကြောင်း ပြောပြခဲ့ဖူးပေမဲ့၊ ဒီဆောင်းပါးမှာတော့ နောက်ထပ်မတူညီတဲ့အကြောင်းအရာကနေ ဖော်ပြသွားမှာဖြစ်ပါတယ်။
ဒီကျောက်ရုပ်တုဟာ တောရိုင်းမြေခွေးမဟုတ်ဘဲ၊ 宇迦之御魂神(Uganomi Tamanokami) ဆိုတဲ့ စပါးမျိုးစေ့ (၅) မျိုးဖြင့်မြေအသီးအနှံဖြစ်ထွန်းစေသော နတ်ဘုရားဖြစ်ပါတယ်။
စိုက်ပျိုးရေးနိုင်ငံဖြစ်ခဲ့တဲ့ဂျပန်မှာတော့ အသီးအနှံဖြစ်ထွန်းခြင်းဆိုတဲ့ စပါးမျိုးစေ့ (၅) မျိုးဖြင့်မြေဆီလွှာကောင်းခြင်းဟာ အရေးအကြီးဆုံးအရာအဖြစ်သတ်မှတ်ခဲ့ကြပြီး၊ ဒီကျောက်ရုပ်တုထည့်သွင်းတဲ့နတ်ကွန်းဟာ ဂျပန်တစ်ခွင်မှာ ကျယ်ပြန့်လာခဲ့တယ်။

ဥပမာဒီက 伏見稲荷大社 Fushimi Inari Taisha


တောက်ပတဲ့အနီရောင် Torii တွေ တန်းစီထောင်မတ်နေတဲ့ Senbon Torii ဟာ နာမည်ကြီးတယ်။
ဒီနေရာဟာလည်းနာမည်အတိုင်းပဲ “ အိုအိနာရိစံ” ကိုဌာပနာထားပါတယ်။
Senbon Torii ဟာ တကယ်တော့ Torii ပေါင်း ၃ သောင်းကျော်ရှိနေပါတယ်။ 1000本 Senbon ဆိုတဲ့နာမည်ဟာ၊  နှိမ့်ချပြီးပြောထားတဲ့ နာမည်သာဖြစ်ပါတယ်။

ဒီအထိကတော့ လူသားစားနတ်ဆိုးအကြောင်း လုံးဝမပါသေးပါဘူး။
ပြဿနာက ဘုရားကျောင်း
豊川稲荷 Toyokawa Inari ကဲ့သို့ ကိုယ်စားပြုထားတဲ့ ဘုရားကျောင်းမှာလည်း မြေခွေးရုပ်တုများစွာရှိတယ်။
အဲ့ဒါကတော့ ဒီမှာပါ။


ဒါကိုကြည့်ပြီး ကျွန်တော့်လိုပဲ သရဲကားရဲ့ အငွေ့အသက်တွေရနေတဲ့လူတွေ ရှိလား?
ဘုရားကျောင်းမှာ ဌာပနာထားတဲ့ “ အိုအိနရိစံ” ရဲ့သရုပ်မှန်ကတော့ 荼枳尼天Dakiniten ဆိုတဲ့နတ်ဘုရားပဲ ဖြစ်ပါတယ်။

မူလက တိဗက်ဗုဒ္ဓဘာသာကနတ်ဆိုး ဆိုတဲ့နတ်ဘုရားဖြစ်ပါတယ်။

Dakiniten ဟာလက်ရှိမှာတော့ နတ်ဘုရားတွေလိုပဲ မျိုးစေ့ (၅) မျိုးဖြင့်မြေဆီလွှာကိုဖြစ်ထွန်းစေသောနတ်ဘုရားမ ဖြစ်လာပေမဲ့၊ ဟိုးရှေးယခင်ကတော့ လူသားစားတဲ့ နတ်ဆိုး ဖြစ်ခဲ့တယ်။
အဲ့ဒီပုံကတော့ ဒီမှာပါ။

မြေပြင်ပေါ်မှာဦးညွှန့်နေကြတဲ့လူသားတွေကို တက်နင်းတယ်။
လူသားရဲ့ ဦးခေါင်းခွံခွက်ကနေ သွေးကိုလောင်းချတဲ့ ပန်းချီတစ်ခုကျန်ရစ်နေတယ်။
လူသားကိုအရှင်လတ်လတ်စားတဲ့ နတ်ဆိုးဆိုပေမဲ့၊ အံ့သြစရာကောင်းအောင်ကို လှတယ်။
လိင်ပိုင်းဆိုင်ရာလည်း အလွန်ဆွဲဆောင်နိုင်ပေမဲ့၊ ထိပ်တိုက်တွေ့ချင်စရာမကောင်းတဲ့ အမျိုးသမီးဖြစ်ပါတယ်။

ဒီ Dakiniten နတ်ဆိုးဘုရားမကို လုံးဝပြောင်းလဲစေခဲ့တာကတော့ 大日如来 Dainichi Nyorai နဲ့တွေ့ဆုံခြင်းပဲ ဖြစ်ပါတယ်။
Dainichi Nyorai ဟာ Esoteric Buddhism မှာရှိတဲ့ အရာခပ်သိမ်းရဲ့မိခင်ဖြစ်ပါတယ်။
Dainichi Nyorai ဟာ Dakiniten ကို လူသားစားသောက်ခြင်းကနေ ပြောင်းလဲဖို့ပြောခဲ့ပြီး၊ လူသားများမသေဆုံးမီ နှစ်ဝက်အလိုမှာ သေဆုံးမှုကိုကြိုတင်ခန့်မှန်းနိုင်တဲ့အစွမ်းကိုပေးခဲ့ပါတယ်။

အဲ့ဒီနောက်၊ Dakiniten ဟာ လူသားစားတဲ့နတ်ဆိုးဘဝကိုစွန့်လွှတ်ပြီး၊ ဗုဒ္ဓလမ်းစဉ်သို့လိုက်လျှောက်ကာ မျိုးစေ့ (၅) မျိုးဖြင့်မြေဆီလွှာကိုဖြစ်ထွန်းစေသော နတ်ဘုရားမအဖြစ်သို့ ပြောင်းလဲသွားတယ်။

သို့သော်၊ အတိတ်ကအမှားတွေက ဖျောက်ဖျက်လို့မရတာကြောင့်၊ “ အိုအိနာရိစံ” မှာ မကောင်းတဲ့ကောလဟလတွေ ရောက်လာတယ်။

・” အိုအိနာရိစံ” ကို သာမန်ကာလျှံကာနဲ့ကိုးကွယ်ရင် ကျိန်စာတိုက်ခံရမယ်။
・ Inari ယုံကြည်မှုကိုရပ်လိုက်ရင် ဘေးဒုက္ခကျရောက်လိမ့်မယ်။

စတဲ့မကောင်းတဲ့ကောလဟလတွေ ယနေ့တိုင်ရှိပါတယ်။

သနားစရာကောင်းတာကတော့ နတ်ကွန်းမှာရှိတဲ့ “ အိုအိနာရိစံ” ပါ။
မူလက အခြားနတ်ဘုရားတစ်ပါးဖြစ်ခဲ့သလို၊ လူသားလည်းမစားပေမဲ့၊ နတ်ဘုရားတစ်ပါးတည်းပဲဆိုပြီး အများကမြင်သွားကြပါတယ်။
မြေခွေးဟာ မှော်အတတ်ကိုအသုံးပြုတယ်ဆိုတာက Dakiniten ရဲ့နာမည်ဆိုးကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။
နတ်ကွန်းရှိနတ်ဘုရား ပါဝင်နေတဲ့ မတော်တဆမှုဖြစ်ပါတယ်။

တစ်ခုပြောနိုင်တာကတော့၊ Dakiniten ကလည်း စိတ်နှလုံးကိုပြောင်းလဲပြီး ဘုရားပုရဝုဏ်ထဲမှာနေထိုင်တယ်။
ဒါကြောင့် ကျိန်စာတိုက်တာတို့ ဘေးဒုက္ခကျရောက်တာတို့ မရှိတော့ဘူးလို့ထင်ပါတယ်။
နတ်ကွန်းမှာတော့ အခြားနတ်ဘုရားကိုကိုးကွယ်တာကြောင့် ဒီထူးဆန်းတဲ့အရာတွေကို စိတ်ထဲမထားဘဲ၊ သွားရောက်လည်ပတ်ပါလို့ ပြောချင်ပါတယ်။

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: