အသည်းပုံကျောက်တုံး ထောင်မတ်နေတဲ့မြစ် ?

ဂျပန်ရဲ့အလွန်ပူပြင်းတဲ့နွေရာသီဆို…
ပြင်းထန်တဲ့နေရောင်ခြည်ထဲမှာ တစ်နေကုန်အပူဒဏ်ကိုခံရတဲ့ကျောက်တုံးတွေဟာ အရမ်းကိုပူပါတယ်။
ဖိနပ်မပါဘဲ သူတို့အပေါ်လမ်းလျှောက်ဖို့ ခက်ပါတယ်။

အခုပြောပြပေးချင်တဲ့အရာကတော့ ဂျပန်မှာနာမည်ကြီးနေတဲ့ ကျောက်တုံးလေးတွေအကြောင်း ပဲဖြစ်ပါတယ်။

ဂျပန်မှာတော့ မြစ်လို့ဆိုလိုက်ရင် အဓိကကျောက်တုံးတွေအများဆုံးပဲဖြစ်ပါတယ်။
မြစ်ရေဟာစီးဆင်းမှုမြန်တဲ့အတွက်၊ မြစ်ရေစီးဆင်းနေတဲ့အချိန် ကျောက်တုံးအချင်းချင်းပွတ်တိုက်မိခြင်း၊ ရေတိုက်စားခြင်း စတာတွေကြောင့် ကျောက်တုံးတွေရဲ့ပုံစံဟာ ပြောင်းလဲလာပါတယ်။

ကျောက်တုံးတွေဟာ တစ်ခုနဲ့တစ်ခုပုံစံမတူသလို၊ မိမိကြိုက်နှစ်သက်တဲ့ကျောက်တုံးကို ရှာဖွေရတာဟာလည်း အလွန်ပျော်ရွှင်စရာကောင်းပါတယ်။
ခရီးစာရိတ်ကလွှဲလို့ ငွေကုန်ကြေးကျလည်းမရှိတဲ့အတွက် ပေါ့ပေါ့ပါးပါးပျော်ရွှင်နိုင်ပါတယ်။

အဲ့ဒီလိုကျောက်တုံးစန်းထလာရာ မူလရင်းမြစ်ကတော့ ဒီမှာပါ။
Kochi စီရင်စုမှာ စီးဆင်းနေတဲ့ “ ရှိမန်တို” မြစ်ဟာ၊ သန့်ရှင်းကြည်လင်တဲ့ရေကြောင့် နာမည်ကြီးပါတယ်။

ဒီနေရာဟာ “ အချစ်ရဲ့ မြင့်မြတ်ရာမြေ” အဖြစ် ဂျပန်မှာနာမည်ကြီးပါတယ်။
ဒီဓါတ်ပုံပါကျောက်တုံးလေး ချစ်ဖို့ကောင်းတယ်နော်

ပုံစံလေးက ချစ်စရာကောင်းသလို၊ ဒီလိုတည်ငြိမ်မှုမရှိတဲ့အခြေအနေမှာ ရပ်နေတဲ့ကျောက်တုံး၊ လဲကျသွားရင်တောင် ပြန်ထလာမယ့်ပုံပါပဲ။
ဘယ်ဝိညာဉ်ကမှ လာထောင်ပေးထားတာမဟုတ်ပါဘူး။
“ အချစ်ကျောက်တုံး” ဆိုပြီး ကောလဟလတွေပြန့်နှံ့နေတဲ့ ဒီအသည်းပုံကျောက်တုံးကို လာရောက်ကြည့်ရှုတဲ့ ခရီးသွားလည်ပတ်သူတွေထဲကပဲ ထောင်သွားကြတာဖြစ်ပါတယ်။
များတဲ့အချိန်မှာဆို အသည်းပုံကျောက်တုံးတွေဟာ ၁၀ ခုထက်မက တန်းစီထောင်မတ်နေကြပါတယ်။

လူတွေရဲ့အချစ်နဲ့ပတ်သက်တဲ့ တောင့်တမှုကိုမြင်ပြီး၊ ဘုရားသခင်တောင် သင့်အချစ်ကံကိုမြင့်တင်ပေးမယ်ထင်တယ်နော်?

အခုတော့ ချစ်သူတွေအတွက် ဓါတ်ပုံရိုက်တဲ့နေရာအဖြစ်နာမည်ကြီးလာပြီး၊ “恋の石の並木道” လို့တောင် နာမည်တွင်နေပါတယ်။

အသည်းပုံလေးလည်း ချစ်စရာကောင်းပေမဲ့၊ ကျောက်တုံးတွေကိုသေသေချာချာကြည့်ရင် ပုံစံအမျိုးမျိုးဖြစ်နေလို့ ပျော်စရာကောင်းပါတယ်။
ဒီလိုပြတိုက်ကိုတောင်ဖွင့်ထားတဲ့လူ ရှိပါတယ်။


https://www.thisiscolossal.com/2016/

ဘာမြင်ရပါသလဲ?
အကုန်လုံးက လူမျက်နှာပုံစံလေးတွေလို ဖြစ်နေတယ်။

ဒါတွေကို လက်နဲ့ထွင်းထားတာမဟုတ်ဘဲ၊ သဘာဝအတိုင်း ဒီလိုပုံစံဖြစ်နေတာပါ။

Chorus

သံပြိုင်သီချင်းဆိုနေတဲ့ မျက်နှာမျိုးလေးနော်

Elvis Presley


အမေရိကန် ဂန္တဝင်အဆိုတော်နဲ့တောင် ခပ်ဆင်ဆင်ပဲ

Easter Island က Moai

တကယ့်အစစ် Moai တွေကိုတော့ ထွင်းထုခဲ့တာဖြစ်ပေမဲ့၊ ဒါကတော့ သဘာဝအတိုင်းဖြစ်လာတဲ့ ပုံစံလေးဖြစ်ပါတယ်။

ဒါတွေဟာ လမ်းပေါ်မှာကျနေတဲ့ သာမန်ကျောက်တုံးလေးတွေပါ။
ပုံမှန်အားဖြင့် အသုံးလည်းမဝင်၊ ကန်ထုတ်ရုံလောက်သာတန်တဲ့ ကျောက်တုံးတွေလို့ထင်ရပေမဲ့၊ ဒီလိုထူးဆန်းပြီးချစ်စရာကောင်းတဲ့ ကျောက်တုံးတွေကိုရှာဖွေရတာလည်း ပျော်စရာကောင်းပါတယ်။ ကျောက်တုံးတွေကိုတော့ ရေသေချာဆေးရမှာပေါ့နော်

 

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: