လေယာဉ်ပျံရဲ့ First Class အကြောင်း

ဘယ်သူမဆို လေယာဥ်စီးတဲ့အခါ First Class ကို စီးဖူးချင်ကြမယ်လို့ထင်ပါတယ်။

အခမဲ့အဆင့်မြင့်တင်ပေးတဲ့အတွက် Business Class အထိတော့ စီးဖူးပေမယ့် Economy Class နဲ့ ကွာခြားပုံကို တွေ့ပြီး အံ့သြသွားခဲ့ရပါတယ်။

ဒါဆိုရင်တော့ First Class က သေချာပေါက် Next Level ဖြစ်မယ်ဆိုတာ ပြောဖို့တောင် မလိုဘူးလို့ထင်ပါတယ်။

အမြဲတန်း အဆင့်အတန်းမြင့်စေဖို့ ပြုလုပ်ပေးထားတဲ့ First Class က လက်ရှိနဲ့ လွန်ခဲ့တဲ့အနှစ် ၆၀ မှာ ဘယ်လိုကွာခြားမှုတွေ ရှိခဲ့လဲဆိုတာ ကြည့်ကြရအောင်။

ယှဥ်ကြည့်မှာကတော့ ဒီ လေယာဥ် ၂ စင်းပါ။

https://trafficnews.jp/post/111644

အပေါ်ပုံက လက်ရှိပြေးဆွဲနေတဲ့ B777-300ER ဖြစ်ပြီး အောက်ကတော့ လွန်ခဲ့တဲ့အနှစ် ၆၀ က လေယာဥ်ဖြစ်တဲ့ DC-8-32 ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ အသုံးပြုခဲ့တဲ့လေယာဥ်ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၆၀ က First Class က အောက်ကပုံအတိုင်းဖြစ်ပါတယ်။

ဂျပန်စတိုင်တော့ နည်းနည်းပေါက်နေပါတယ်။

ထိုင်ခုံအဖုံးကိုတော့ နိရှိဂျင်းအိုရိဆိုတဲ့ ချည်မျှင်ကို အသုံးပြုထားပါတယ်။

ဒါပေမယ့်လည်း လက်ရှိလိုမျိုး Full flat လုံးဝလဲချလို့ရတဲ့ထိုင်ခုံမဟုတ်ပါဘူး။
အခုခေတ် Economy Class ထိုင်ခုံကတောင် ထိုင်ရတာ ပိုသက်တောင့်သက်သာဖြစ်နိုင်ပါတယ်။

ပြီးတော့ Monitor လည်းမရှိတဲ့အတွက် ကြည့်စရာ စခရင်တွေလည်း မရှိပါဘူး။

လက်ရှိ First Class ထိုင်ခုံက ဒီလိုပုံပါ။

ဂျပန်စတိုင်မဖြစ်တော့ပေမယ့် ထိုင်ခုံအကျယ်၊ Full Flat seat ပြီးတော့ ဘေးထိုင်ခုံတွေနဲ့လည်း မနီးတဲ့အတွက် သက်တောင့်သက်သာ ပိုဖြစ်စေမှာဖြစ်ပါတယ်။

ဒီလိုကြည့်လိုက်ရင်တော့ လွန်ခဲ့တဲ့အနှစ် ၆၀ က ထိုင်ခုံက ဘာမှသိပ်မထူးခြားပါဘူးလို့ ထင်ကြမှာဖြစ်ပေမယ့် ယနေ့ခေတ်ထက် ပိုမိုက်တဲ့အချက် ရှိပါတယ်။

ပထမတစ်ခုက ဟင်းလျာပါ။
ယနေ့ခေတ် First Class ဟင်းလျာက ကြီးကျယ်တယ်လို့ထင်ရပေမယ့် အရင်ခေတ်မှာတော့ ကျောက်ပုစွန်အကြီးကြီးကို ဆားဗစ်ပေးနိုင်တာပါပဲ။
လေယာဉ်ကျဉ်းကျဉ်းလေးမှာ ကျောက်ပုစွန်အကြီးကြီးလာချပေးသလိုဖြစ်နေတော့ သင့်အနေနဲ့ မိုက်လိုက်တာဆိုပြီး အံ့ဩသွားမိမှာပါ။

ဒုတိယတစ်ခုကတော့ ဆေးလိပ်ပါ။
ထိုင်ခုံတစ်ခုစီမှာ ဆေးလိပ်ပြာခွက်ရှိပြီး လေယာဉ်ထဲမှာ ဆေးလိပ်သောက်နိုင်ပါတယ်။
အခုဆို ဆေးလိပ်သောက်ဖို့ တွေးတောင်မတွေးနိုင်ပါဘူး။

ဒါပေမယ့် ယနေ့ခေတ် First Class ကတော့ လေယာဉ်ပြင်ပမှာလည်း Service ပေးလျက်ရှိပါတယ်။
အထူးစီမံပေးထားတဲ့ အကြိုအပို့ဝန်ဆောင်မှုလည်း ရှိပါတယ်။
နေအိမ်၊ တည်းခိုနေရာကနေ လေဆိပ်အထိ သီးသန့်ယာဉ်မောင်းက အကြိုအပို့ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။
ပြီးတော့ လေဆိပ်ရောက်တဲ့အခါ သီးသန့်ဝန်ထမ်းက သင့်ကို စောင့်ကြိုနေမှာပါ။
အထူး Check in ကောင်တာ ဖြစ်တဲ့အတွက် တန်းစီစရာလည်းမလိုပါဘူး။

ပြီးတော့ လေယာဉ်စောင့်တဲ့နေရာကလည်း အောက်ကပုံလို First Class အတွက်သီးသန့် Lounge ဖြစ်ပါတယ်။

https://www.jal.co.jp/jp/ja/inter/service/first/airport/index.html

Business Class Lounge နဲ့မတူဘဲ အဆင့်မြင့်စားသောက်ဆိုင်က အစားအသောက်ကလည်း ဘူဖေးဖြစ်ပါတယ်။

ဗြိတိန်တောင်ဝင်မျိုးနွယ်တွေအတွက်ထုတ်ထားတဲ့ရှန်ပိန်ကလည်း အကြိုက်သောက်စနစ်ပါပဲ။

ဆူရှီလိပ်သူကိုယ်တိုင်က ကိုယ့်ရှေ့မှာ လိပ်ပေးတဲ့ဆူရှီဘားကလည်း နိုင်ငံခြားသားတွေ လူကြိုက်များပါတယ်။

ပြီးတော့ အဆင့်မြင့် Spa လိုမျိုး ရေချိုးခန်းမှာ ခြေထောက်နှိပ်နယ်ပေးတာတို့၊ တစ်ကိုယ်လုံးနှိပ်နယ်ပေးတာတို့လုပ်ပေးတဲ့ ဝန်ဆောင်မှုလည်း ရှိပါတယ်။

Economy Class စီးတဲ့ကျွန်တော်တို့အတွက်တော့ လေယာဉ်ပေါ်မတက်ခင် ထိုင်ခုံမာမာပေါ် ဖင်အနာခံပြီး စောင့်နေရတဲ့အချိန်ကတော့ အရမ်းပျင်းဖို့အချိန်ဖြစ်ပါတယ်။
Business Class Lounge မှာလည်း တစ်မျိုးတစ်မည်ကောင်းမွန်တဲ့ဟင်းလျာနဲ့ အခန်းရှိပေမယ့် First Class ကတော့ တစ်ကယ့်ကို တစ်ခြားကမ္ဘာကို ရောက်သွားသလိုပါပဲ။

Lounge မှာရှိတဲ့ ဘယ်ဧည့်သည်က ဘယ်လေယာဉ်နဲ့လိုက်ပါမယ့်သူဖြစ်တယ်ဆိုတာကို သိတဲ့အတွက် အိပ်ပျော်နေရင်တောင် လေယာဉ်ပေါ်တက်ရမယ့်အချိန်မှာ နိုးပေးမှာ ဖြစ်ပါတယ်။ပြီးတော့ လေယာဉ်ပေါ်ရောက်ရင် CA က သင့်အပေါ်ဝတ်ကို သိမ်းပေးပြီး သီးသန့်အဝတ်ခန်းမှာ သိမ်းဆည်းထားပေးမှာ ဖြစ်ပါတယ်။

သက်တောင့်သက်သာဖြစ်စေတဲ့ Relaxing Wear လည်း ရနိုင်တဲ့အတွက် အဲ့ဒါကိုလဲလှယ်ပြီး ဟိုတယ်ရောက်နေသလိုမျိုး နေထိုင်နိုင်ပါတယ်။

First Class ရဲ့ လူတစ်ယောက်စာနေရာဟာ Economy Class ရဲ့ ၆ ဆ လောက်ရှိပါတယ်။

ဈေးနှုန်းကတော့ တိုကျိုကနေ နယူးယောက် အသွားအပြန်ကို ယန်း သိန်း ၂၀ ဖြစ်ပါတယ်။

ပါရီအထိဆိုရင် ၂၆ သိန်းဖြစ်ပါတယ်။

လမ်းတစ်ကြောအတွက် ကြာချိန်က ၁၀ နာရီဖြစ်ပါတယ်။ အသွားအပြန်ဆို တစ်ညအိပ်ခရီးလောက်တောင်မရှိတဲ့ကြာချိန်ဖြစ်တဲ့အတွက် သာမန်လူတွေကတော့ ဒီဈေးနှုန်းက ကြီးလွန်းတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။

ဒါပေမယ့် အမြဲတမ်း အလုပ်ရှုပ်နေတဲ့လုပ်ငန်းရှင်တွေအတွက် တစ်နေရာကို ရောက်ရောက်ချင်း ချက်ချင်းစီးပွားရေးကိစ္စဆွေးနွေးရတဲ့သူတွေ များပါတယ်။
လေယာဉ်ခရီးပန်းခြင်းနဲ့ အိပ်ချိန်မလုံလောက်ခြင်းတို့ကြောင့် ခေါင်းကိုက်တာတွေကို ဆင်ခြေပေးလို့မရပါဘူး။
ဒီ First Class ဈေးကြီးမှုကို အခြားသောအကျိုးကျေးဇူးတွေနဲ့ရတာနဲ့ နှိုင်းယှဉ်ကြည့်ရင် မဆိုးဘူးလို့ တွေးကြမှာဖြစ်ပါတယ်။

ကျွန်တော်လည်း စီးကြည့်ချင်ပေမယ့် စိတ်လှုပ်ရှားတာကြောင့် အိပ်ပျော်နိုင်မယ်မထင်ပါဘူး။

ဒီအတိုင်းအိပ်လိုက်ရမှာလည်း နှမြောစရာကောင်းတယ်မဟုတ်လားနော်။

Kengo Abe

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: