ဒါကဘုန်းကြီးကျောင်း? သမိုင်းဝင်တဲ့ ဒီဘုန်းကြီးကျောင်းဟာ တည်းခိုလို့လည်းရပါတယ်။ တိုကျိုမြို့ကို အခြားရှုထောင့်တစ်ခုက‌နေ ကြည့်ကြည့်ရအောင်

တိုကျိုမြို့လယ်ဆိုတာ ဘယ်နားလဲ? လို့မေးရင် အခုကတော့ ရှိဘုယနဲ့ ရှင်းဂျုခု တို့ကိုပဲ တွေးမြင်မိကြမှာ များပါတယ်။

ဒါပေမယ့် ဒီမြို့တွေက လတ်တလောလေးတင်ပဲ တိုးတက်လာခဲ့တဲ့ နေရာတွေဖြစ်ပြီး၊ လွန်ခဲ့တဲ့ နှစ်၆၀ လောက်တုန်းက ဘာမှရှိမနေခဲ့တဲ့ နေရာတွေပါ။

အဲ့ဒီအချိန်ကတည်းက တိုးတက်နေခဲ့တဲ့ တိုကျိုမှာ အလန်းဆုံးနေရာကတော့ ဂင်းဇ ပဲဖြစ်ပါတယ်။

တိုကျိုရဲ့ အမြင့်ဆုံးအဆောက်အအုံနဲ့ မြေဈေးအကြီးဆုံးကလည်း ဒီ ဂင်းဇပဲဖြစ်ပါတယ်။

ဟုတ်ပါတယ်၊ အဓိကနေရာတစ်ခုအနေနဲ့ မြေအနေအထားဟာ ရှိဘုယနဲ့ ရှင်းဂျုခုကို မရှုံးသေးပါဘူး။

 

ဂင်းဇကနေ လမ်းလျှောက်သွားလို့ရတဲ့ နေရာမှာ ကမ္ဘာ့အကြီးဆုံး ဈေးကြီးရှိခဲ့ပါတယ်။

နာမည်ကိုကြားဖူးမယ်ထင်ပါတယ်၊ Tsukiji စျေး ဖြစ်ပါတယ်။

အခုတော့ ရွှေ့သွားပေမယ့်၊ ဒီလိုအထင်ကရနေရာမှာ ဈေးအကြီးကြီး ရှိခဲ့ပါတယ်။

 

ပြီးတော့ အဲ့ဒီဘေးကပ်ရပ်မှာရှိတာက Tsukiji Honganji ဆိုတဲ့ ဘုန်းကြီးကျောင်းပါ။

၁၆၁၇ခုနှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ ဘုန်းကြီးကျောင်းဖြစ်ပြီး နှစ်၁၀၀ကျော် သမိုင်းရှိပါတယ်။

 

ဒါပေမယ့် ဒီဓာတ်ပုံကိုကြည့်ပြီး စိတ်မသက်မသာခံစားရတဲ့ သူများမရှိဘူးလား?

ဂျပန်ရဲ့ ဘုန်းကြီးကျောင်းလို့ ဆိုရလောက်အောင်က ပုံစံက တော်တော်လေးကွဲပြားနေလို့ပါပဲ။

 

၁၉၂၃ခုနှစ်မှာ တိုကျိုမှာ ငလျင်အပြင်းအထန် လှုပ်ခဲ့ပါတယ်။ မဟာ ခန်းတိုး ငလျင်လို့ခေါ်ပြီး ငလျင်ကြောင့်ဖြစ်တဲ့ အပျက်အစီးတွေအပြင်ကို၊ လှုပ်ခတ်ပြီးတဲ့နောက် ဖြစ်ခဲ့တဲ့ မီးလောင်မှုအကြီးကြီးကြောင့် အကုန်လောင်ကျွမ်းပျက်စီးသွားခဲ့ပါတယ်။

အဲ့ဒီနောက် ၁၉၃၄ခုနှစ်မှာ ဆောက်လုပ်ခဲ့တာက ဒီရှေးခေတ်ပုံသဏ္ဍာန်ကို ယူဆောက်ထားတဲ့ ကွန်ကရစ်အဆောက်အအုံပဲ ဖြစ်ပါတယ်။

 

စကျင်ကျောက်ကို အသုံးပြုပြီး ဆောက်လုပ်ထားတာကြောင့် အခုထက်ထိတိုင် ဂင်းဇတစ်ဝိုက်မှာ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။

 

အတွင်းပိုင်းကလည်း အရမ်းမိုက်ပါတယ်။

ဘုန်းကြီးကျောင်းထဲမှာ မီးဆိုင်းတပ်ဆင်ထားလို့ပါပဲ။

https://intojapanwaraku.com/travel/163990/

 

နောက်ပြီးတော့ pipe organ လည်း ရှိပါတယ်။

ဘုန်းကြီးကျောင်းနဲ့ နည်းနည်းလေးမှမတူဘူးလို့ တွေးစရာရှိပေမယ့်၊ ဗိသုကာပညာရှင်ရဲ့ အတွေးက “ဗုဒ္ဓဘာသာရဲ့ မူလကို မမေ့ပါနဲ့” လို့ပြောတဲ့ပုံပါပဲ။

 

လူသစ်တွေကို လက်ခံ နှီးနှောဆက်ဆံရင်း၊ ဗုဒ္ဓဘာသာရဲ့ မြစ်ဖျားခံရာဖြစ်တဲ့ အိန္ဒိယပုံစံကို ထပ်ပေါင်းထည့်ထားတာပါ။

 

ခြေဗလာနဲ့ မိန်းဆောင်ထဲကို ဝင်သွားပြီး ထိုင်ခုံမှာထိုင်လို့ရတာက အရင်တုန်းကရော အခုခေတ်မှာရော ထူးခြားဖွယ်တွေးရတဲ့ ပုံစံပဲဖြစ်ပါတယ်။

 

လာရောက်လည်ပတ်စေလိုတဲ့ ဘုန်းကြီးကျောင်းတွေထဲက တစ်ခုဖြစ်ပြီး၊ တည်းခိုလို့လည်း ရပါတယ်။

 

ဒီအကြောင်းကို ဂျပန်လူမျိူးတော်တော်များများတောင် မသိကြပါဘူး။

သန့်စင်ခန်းနဲ့ ရေချိုးကန်က တစ်နေရာတည်းဆိုပေမယ့် အိပ်ခန်းကတော့ ဟော်တယ်အကောင်းစားတွေမှာ လိုပါပဲ။

 

ဟင်းတွေကတော့ ဒီလို စားချင်စဖွယ်လှပတဲ့ ဟင်းလျာတွေကို စားလို့ရပါတယ်။

တည်းခိုဖို့ကတော့…ဆိုပြီး တွေဝေနေတဲ့ သူများအတွက် မနက်စာက ဒီလိုလေးဆိုရင်ရော?

Tsukiji Honganji ကျောင်းထဲမှာ Tsumugi ဆိုတဲ့ ကဖေးဆိုင်လေးရှိပါတယ်။

ဒီမှာ စားလို့ရတဲ့ မနက်စာဆန်ပြုတ်က အကောင်းဆုံးပါပဲ!

ဘယ်သူမဆို ပေါ့ပေါ့ပါးပါး ဝင်ထွက်လို့ရတဲ့ သမိုင်းဝင်ဘုန်းကြီးကျောင်းဖြစ်ပြီး၊ ဇိမ်ခံအဆောက်အအုံလည်း ဖြစ်ပါတယ်။

ဘုရားလည်း ကန်တော့လို့ရတယ်၊ တည်းခိုလို့လည်း ရတယ်၊ ကဖေးဆိုင်လည်း ရှိပါသေးတယ်။

ဒီလိုကျောင်းမျိုး တိုကျိုမြို့လယ်မှာ ရှိနေတာကြောင့် လာလည်ရင် သေချာပေါက် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

 

Tsukiji Honganji ကျောင်း

တိုကျို ချူးရှင်းရပ်ကွက် ဆန်းချိုးမဲ့ အမှတ် ၁၅ အမှတ်စဥ် ၁

ဆက်စပ်ဆောင်းပါးများဖတ်ရှု့ရန်
သက်ဆိုင်ရာသတင်းကို ကြည့်မည်: